Ads (728x90)




မြန်မာပြည်က ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေဟာ အပြင်က ကြားဝင် ညှိနှိုင်းပေးလို. ဖိအားတွေကြောင့် အရွေ.တွေဖြစ်ခဲ့တာမဟုတ်ပဲ စစ်တပ်ခေါင်းဆောင်ပိုင်းမှာ Realization ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးမည်ဆိုတဲ့ ကတိတွေ လမ်းပြမြေပုံတွေကို ပြီးမြောက်အောင် လုပ်ဆောင် ပေးခြင်း ဆိုတဲ့အရှိတရား မေ့ထားလို.မရပါ။

အပြောင်းအလဲကို အာဏာလက်ကိုင်ထားသူတွေက လက်ခံပြီး ဖြေလျှော့ခဲ့တာကြောင့် အခုလောက် အတိုင်းအတာ တစ်ခုအထိ ခရီးပေါက်ခဲ့တာပါ။

ဒါကို နာတို. လုပ်တာ နာတို. လုပ်တာကွ နာတို.ကြောင့် ပြောင်းတာပါလို. အရှက်မရှိ တက်ပြီး ၀က်သေကို ဖိနပ်နဲ. ရပ်ပြနေရင်တော့ ကိုယ့်အဆင့်အတန်းကို ပြရာထက် ဘာမှ မပိုပါ။

အကြောင်းကတော့ မြန်မာပြည်မှာ ဘာကြောင့် ပြောင်းလဲ။ ဘယ်သူတွေက ပြောင်းပေးတယ်။ ဘယ်လို ပြောင်းသွားတယ်။ ဘာတွေ ပြောင်းနေတယ်ဆိုတဲ့ အချက်တွေကို ၈၈ မှာ မွေးတဲ့သူ ၉၀ ရွေးကောက်ပွဲမှာ မွေးတဲ့ ကလေးတွေ တင် မဟုတ်ဘူး ၉၅ မှ မွေးကျတဲ့ ဆယ်ကျော်သက်တွေတောင် မျက်မြင်သက်သေတွေမို. ဒီအပြောင်းအလဲမှာ ဘယ်သူက ခလုပ်နှိပ်ပေးသူ ဘယ်သူက မီးစိမ်းပြ အချက်ပေးသူဆိုတာ ဦးနှောက်ရှိသူတိုင်း သိတဲ့ကိစ္စတွေပါ။ ။

အပြောင်းအလဲကိုလည်း ကိုယ်တိုင်လည်း ဖော်ဆောင်နိုင်ခြင်း မရှိ။ ဖြစ်အောင်လည်း မဖော်ဆောင် နိုင်တဲ့အပြင် သူများပြောင်းပေးလို. အပြောင်းအလဲကို လက်ခံပြီး လျှော့ပေးလိုက်လို. အသက် ရှူလေး နည်းနည်းပါးပါး ချောင်လာတဲ့သူတွေက သူတို.ကိုယ်တိုင်ပဲ ချည်နှောင်ထားတဲ့ ကြိုးတွေကိုပဲ ဆွဲဖြုတ်ပြီး လွတ်မြောက်မှုကို ဖန်တီးသူတွေအဖြစ် ဟစ်ကြွေးချင်သူ အများ အပြားတွေ.ရတော့ ရွံ့စရာ သတ္တ၀ါတွေ အတော်များပါလားလို. ခံစားရပါသည်။

အခုလို ပြောရခြင်းကတော့ လက်ရှိ ဖြစ်ပေါ်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တန်ဘိုး မထား အလေး မထားပဲ အလကားရလာတဲ့အရာလို. လွယ်လွယ် ကူကူနဲ. ဖြစ်လာသလို ပြောပြီး အရိုးများသေး ချေး ခါးသေး လုပ်နေခြင်းကို ထောက်ပြခြင်တာပါ။

တကယ့်တော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ မြန်မာပြည်သာမက နိုင်ငံတကာ မှာတောင် စံပြ နမူနာ Successful Story or Model တခု အဖြစ် ချီးကျူး စံပြ ပြောနေရတဲ့ ပြနေရတဲ့ နှင်းဆီခိုင် တစ်ခုပါ။

ကမ္ဘာတလွှားက ပြသာနာတွေ ပက္ဒိပက္ခတွေကို ကိုင်တွယ်ရာမှာ မြန်မာပြည်က အပြောင်းအလဲဟာ လူတွေ ထင်မထား မျှော်လင့်မထားဘဲ ပြည်တွင်းဖြစ် Home Grown Peace/Reform Initiative ဖြစ် ပါတယ်။ နိုင်ငံတကာက ပညာရှင်တွေ နိုင်ငံရေး ကျွမ်းကျင်သူတွေကိုယ်တိုင် ဟင် ၀ူး "WOW" ဖြစ်သွား ရတဲ့ စံပြ ဖြစ်ရပ်တစ်ခုဖြစ်တာမို. ဘယ်လောက်အထိ ဂုဏ်ယူစရာ ၀င့်ကြွား စရာ ကောင်းပါသ လဲ။ ပြောရရင် ဒီအချက်ဟာ MADE IN MYANMAR, MYANMAR GARNER STYLE သာ ဖြစ်ပါသည်။

ဒါကြောင့်လည်းကမ္ဘာ.ပုလိပ်ကြီးကန်သမ္မတကြီးအိုဘားမားဟာသူ.လက်ထက်မှာ မြန်မာပြည်အပြောင်းအလဲတွေ ဖြစ်အောင် အောင်မြင်စွာကူညီ ဆောင်ရွက်ခဲ့နိုင်ပါသည်ဆိုတဲ့အချက်လေးတခုလောက် ပြနိုင်ဖို.အတွက် မြန်မာပြည် ဖြစ်စဉ်ကို အောင်မြင်မှုနမူနာအဖြစ် ဖော်ကျူးပြောလေ့ရှိပါသည်။

ဒီအချက်ကို ထပ်ပြီး ထင်ရှားစေတာကတော့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်တဲ့ ဥသျောင်အဖွဲ. မြန်မာပြည်ကို လာလည်တဲ့အချက်က ထင်ရှားစေပါသည်။ မြန်မာပြည် မှာ ဖြစ်နေ တဲ့ ပြင်ပြင်ပြောင်းလဲမှုတွေ ဆက်ပြီး ဖြစ်အောင် အောင်မြင်အောင် တတ်နိုင်တဲ့ ဖက်ကနေ ကူညီ ဆောင် ရွက်ပေးချင်လို. လာတာပါဆိုတဲ့အချက်ဟာ မြန်မာပြည် မှာ ဖြစ်ပေါ်နေ တဲ့ ပြုပြင်ပြောင်း လဲရေး ဖြစ်စဉ် Reform Process ဟာ ဘယ်လောက် အရေးကြီးတယ် တန်ဘိုးရှိတယ် ထင်ရှားသလဲ သိသာမြင်သာနဲ. အားကျစရာဖြစ်သလဲ ဆိုတဲ့အချက်ကို မီးမောင်း ထိုးပြနေပါသည်။

Udp Myanmar
 
Ref ; http://www.oppositeyes.info/2013/09/blog-post_25.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...