Ads (728x90)


ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ နှင့် SSA မြောက်ပိုင်းတို့ ၂၀၁၂ ခုနှစ် အောက်တိုဘာလ အစောပိုင်းက လားရှိုးမြို့ ရွှေလီခန်းမတွင် တွေ့ဆုံနေစဉ်
(ဓာတ်ပုံ – ဦးလှမောင်ရွှေ / Facebook)


အစိုးရ တပ်မတော်နှင့် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တချို့တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား နေသောကြောင့် အောက်တိုဘာလတွင် အစိုးရ ဦးဆောင်ပြုလုပ်မည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း တိုင်းရင်းသား အဖွဲ့များက ပြောသည်။

နိုင်ငံတော်အစိုးရနှင့်တပ်မတော်မှငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲကျင်းပနေချိန်တွင်နမ္မတူမြို့နယ်ဘက်တွင်SSPP/SSAတပ်ဖွဲ့ဝင်များမှဆက်ကြေးကောက်ခြင်း၊လူသစ်စုခြင်းများအပါအ၀င်နယ်မြေစိုးမိုးရေးဆောင်ရွက်နေသောတပ်မတော်စစ်ကြောင်းများအားချောင်းမြောင်းပစ်ခတ်နေသောကြောင့် ဒေသခံများမှစိုးရိမ်ပူပန်နေကြောင်းသိရသည်။

ရှမ်းပြည်နယ်၊တောင်ကြီးမြို့၌ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေး ပွဲကျင်းပနေချိန်တွင် ပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့များနှင့် တပ်မတော်တို့ ရှမ်းပြည်နယ် နမ္မတူမြို့နယ်ရှိ မိုင်းရင်ကျေးရွာ၌ တိုက်ပွဲ များဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် နမ္မတူမြို့နယ် တ၀ိုက်တွင် ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊အစိုးရ တပ်မတော် ခြေ မြန်တပ်ရင်း (ခမရ ) ၅၀၃၊ ခလရ ၆၈ စစ်ကြောင်းများနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့ အကြား အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူ တချို့ရှိကြောင်း SSA မြောက်ပိုင်း ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလှ က ဧရာဝတီ ကို ပြောသည်။
                                                                                                                                      
အဆိုပါ တိုက်ပွဲများမှာ စက်တင်ဘာ ၁၇ ရက်က စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး အတွက်ယုံကြည်မှု တည်ဆောက်ခြင်း နောက်ဆုံးနေ့ဖြစ်သည့် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင်ထပ် မံဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''စက်တင်ဘာ ၁၇ ရက်ကရှမ်းတပ်ဖွဲ့က ဒီရွာကို ဆက်ကြေးကောက်၊လူသစ်စုဖို့ ရောက်လာ တယ်။လမ်းမှာအစိုးရစစ်တပ်တွေနဲ့ တွေ့ခဲ့ပြီးဘာမှမဖြစ်ခဲ့ဘူးလို့ ပြောတယ်။ဒါပေမဲ့အဲဒီညနေပိုင်းမှာတပ်မတော်ကိုစပစ်တယ်လို့ ပြောတယ်။ရှမ်းအဖွဲ့ဘက်ကတစ်ဦးသေပြီးနှစ်ဦးဒဏ်ရာရသွားတယ်လို့ကြားရတယ်။၁၉ရက်ကျတော့အစိုးရတပ်ကရွာထဲရောက်လာတယ်။ရွာထိပ်ကဘုန်းကြီးကျောင်းမှာစခန်းချတယ်။ဒေသခံရွာသားတွေကို ဆေးကုပေးတယ်၊ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးတယ်။ရှမ်းအဖွဲ့ကတော့ရွာထဲကထွက်သွားပြီးရွာပြင်က တောထဲမှာရှိတယ်။

ဒီနေ့နံနက် ၅ နာရီလောက်မှာတော့ တိုက်ပွဲဖြစ်တယ်။ ပြီးခဲ့တဲ့ နာရီဝက်လောက် အထိကိုလက်နက် ကြီးတွေနဲ့ ပစ်နေသံ ကြားရတယ်။ တပ်မတော် စစ်ကြောင်းက ရွာထဲမှာဆေးကုပေးနေတော့ရွာထဲကိုလည်း လက်နက်ကြီးတွေ ကျတယ်။ ရွာသူရွာသား တွေတော့ အခုအချိန်အထိ ဘာအထိ အခိုက်မှ မရှိဘူးလို့ ကြားရတယ်။ ရွာသူရွာသား တွေကတော့ အပစ်အခတ်ကို နှစ်ဖက်လုံး ရပ်စေချင်ကြတယ်..'' ဟုမိုင်းရင်ကျေးရွာတွင် ရောက်ရှိနေသော နမ္မတူမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက စက်တင်ဘာ ၂၃ ရက်က ပြောကြားခဲ့သည်ကိုလည်းတွေ့ရသည်။


အစိုးရ နှင့် SSPP/SSA တို့အကြား အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီ လက်မှတ်ရေးထိုးမှုကို ပြီးခဲ့သည့်နှစ် အ တွင်း လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းတွင် တိုက်ပွဲပေါင်း ၁၀၀ ကျော်ပြီ ဖြစ်ကြောင်း၊  ဗိုလ်မှူး စိုင်းလှက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေရခြင်းသည် ပြည်သူများထံမှ ဆက်ေ ကြးကောက်၊ အတင်းအဓမ္မလူစုရန် ခေါ်ဆောင်သွားသည့်အတွက် လာရောက်တိုင်ကြားလာခြင်းများ အား ပြည်သူကို ကာကွယ်ပေးသည့်အနေဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း တပ်မတော်ဘက်လည်း မကြာသေးခင် က တုံ့ပြန် ပြောဆိုခဲ့သည်။

ထို့အတူ ကွတ်ခိုင်မြို့နယ်တွင်လည်း ပလောင်(တအာင်း) လွတ်မြောက်ရေး တပ်မတော် (TNLA)တပ်ရင်း ၁၁၂ နှင့် အစိုးရ တပ် ခလရ ၄၅၊ ၁၂၃၊ ၁၄၅ စစ်ကြောင်းတို့နှင့် ယခုလ ၁၇ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဘက် စလုံးတွင် အကျအဆုံး ရှိကြောင်း TNLA ၏ ပြန်ကြားရေး ဌာနကထုတ်ပြန် ထားသည်။


''ဒီလိုမျိုး ဖြစ်တာတော့ ဘယ်ကောင်း မလဲပေါ့နော်။ သမ္မတကြီးကလည်း အောက်တိုဘာမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်မယ်လို့ ပြောနေတယ်။ ဒါပေမဲ့ အခုလို လုပ်တာကျတော့ သူတို့ဘက်က ကတိ မတည်တဲ့ သဘောမျိုး ဖြစ်နေတာပေါ့'' ဟု အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်မှ အရာရှိတစ်ဦး ကလည်း Elevenသို့ ပြောကြားသည်။

ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ယုံကြည်မှု တည်ဆောက်နေသည့်ပွဲ ကျင်းပနေချိန်အတွင်း ယခု ကဲ့သို့ ဖြစ်ပွားနေသည့်အပေါ် ရှုတ်ချကြောင်း ကယန်းပြည်သစ်ပါတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူး ကြီးစောလွင်က ငြိမ်းချမ်းရေးအတွင်း ယုံကြည်မှုတည်ဆောက်ခြင်းပွဲအပေါ် နိဂုံးချုပ်စကား ပြောကြားရာ တွင် ထည့်သွင်း ပြောကြားသည်။

လက်ရှိတွင် တိုက်ပွဲတချို့ရှိနေသည့်တိုင် အောက်တိုဘာလကုန်တွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းနေကြောင်း၊ ထိုလက်မှတ်ရေးထိုးပွဲ၌ နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ပါ လက်မှတ်ရေးထိုးမည်ဖြစ်ပြီး နိုင်ငံတကာမှ အသိသက်သေများကိုလည်း ဖိတ်ကြားမည် ဖြစ်ကြောင်း သိရ သည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့တွင် ၁၀ ဖွဲ့ ၀န်းကျင်နှင့်အောက်တိုဘာလ အတွင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် မူအားဖြင့် သဘောတူထားကြောင်း၊ လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်နိုင်ရန် ဆွေးနွေး သွားမည်ဟုလည်း အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြီးခဲ့သည့် ရက်ပိုင်းကရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ သတင်းထောက်များကို ပြောဆိုခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။

                         
    
SSA(ရွက်ဆစ်အဖွဲ့ )ထောင်ထားသည့် တိုက်မိုင်းကြောင့် ဒဏ်ရာရ အပြစ်မဲ့ပြည်သူများ

                         
ပြီးခဲ့သည့် စက်တင်ဘာ ၂၂ရက် မွန်းလွဲပိုင်းကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လုံမြို့နယ်ခွဲ ဟဲနန်းကျေးရွာ အုပ်စု ကျူပေါ်ရွာတွင် နေထိုင်သည့် ဒေါ်နန်းယွန်း ၅၇ နှစ်နှင့် မြေး များ ဖြစ်သော မောင်သိန်းဇော် ၈နှစ်၊ မမေသူ ၇နှစ်တို့သည် ကျူပေါ်-ကာဝိ ရွာသွား လှည်းလမ်းဘေးရှိ လက်ဖက်ခြံ၌ လက်ဖက်ခူးစဉ် SSA (ရွက်ဆစ်) အဖွဲ့ ထောင်ထားသည့် တိုက်မိုင်း တစ်လုံး အား မောင်သိန်းဇော်မှ တိုက်မိ ပေါက်ကွဲခြင်းကြောင့် ဒေါ်နန်းယွန်း၊ မောင်သိန်းဇော်နှင့် မမေသူတို့မှာ မိုင်းစ ထိမှန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ပင်လုံမြို့နယ်ခွဲ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး တပ်မတော်မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ရသေးသည်

- ဧရာဝတီ
 
Ref ; http://www.oppositeyes.info/2013/09/blog-post_26.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...