ကချင်ပြည်နယ်
မန်စီမြိုနယ် မံရွတ်ကျေးရွာနှင့် ဟန်ထက် ကျေးရွာဝန်းကျင်တစ်ဝိုက်မှ
ထွက်ရှိသော ကျွန်း၊ တမလန်းသစ်ခွဲသား များအား စက်တင်ဘာ ၂၃ ရက်နေ့အထိ စက်လှေ၊
ဆိုင်ကယ်များဖြင့် သယ်ဆောင်လျက် ရှိရာ အခွန်ငွေများကောက်ခံခြင်းဖြင့် KIO
အဖွဲ့ ၀င်ငွေအမြောက်အများး ရရှိနေကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။
``ဒီမံရွတ်နဲ့ ဟန်ထက်ကျေးရွာ တစ်ဝိုက်မှာ ကျွန်းနဲ့ တမလန်းသစ်တွေ
ခုတ်ထားတာရှိပါတယ်။ စက်လှေတွေ နဲ့ နန့်ကျရီချောင်းအတိုင်း သယ်နေကြတာပဲ၊
တစ်ပတ်ကို အနည်းဆုံး လေးငါးခေါက်တော့ သယ်ကြတယ်´´ ဟု မံရွတ်ရွာသားတစ်ဦးက
ပြောပြပါသည်။
၎င်းသစ်စက်လှေများသည် မိုးမောက်မြို့နယ် မံပုံကျေးရွာ
လယ်ကွင်းအစပ်တွင် ညအချိန်ဝင်ရောက်၍ သစ်များ ကို စုပုံပေးရကြောင်း၊
၎င်းလယ်ကွင်းမှတစ်ဆင့် ဆိုင်ကယ်ကယ်ရီများနှင့် တစ်နိုင်သယ်ကာ
နမ့်ဆိုင်းဖွံ့ဖြိုးရေးရုံး သို့ ပို့ဆောင်ပေးကြရကြောင်း သိရသည်။
``ဆိုင်ကယ် ၁ စီးမှာ ၅ လက်မပတ်လည် အရှည် ၃ ပေနဲ့ ၄ ပေကြား သစ်ချောင်း ၁၅
ချောင်းလောက် တင်ကြတယ်၊ သယ်တဲ့နေ့တွေမှာဆိုရင် ဆိုင်ကယ်အစီး ၂၀ ကနေ ၃၀
လောက်ထိရှိတယ်´´ ဟု မံပုံရွာ သားတစ်ဦး က ပြောပြခဲ့သည်။
နမ့်ဆိုင်းဖွံ့ဖြိုးရေးရုံးသို့
စက်လှေ ၁ စီးလျှင် ၁၀၀၀၀ ကျပ်၊ ဆိုင်ကယ် ၁ စီးလျှင် ၅၀၀၀
ကျပ်ပေးဆောင်ရပြီး အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများမှ
လာရောက်မဖမ်းဆီးနိုင်ရန် ယင်းရုံးရှိ KIO အဖွဲ့များက အရပ်ဝတ်များဖြင့်
လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ သစ်သယ်ယူနေမှုများနှင့်ပတ် သက်၍ မိုးမောက်မြို့ခံသစ်တောဝန်ထမ်းတစ်ဦးကတော့
``ကိုယ့်ဒေသမှာ ထွက်တဲ့သစ် ကိုယ်ရောင်းစားမယ်ဆိုပြီး ဒေသခံတွေက
စက်လှေတွေ၊ ဆိုင်ကယ်တွေနဲ့ သယ်နေကြတယ်၊ ပြီးတော့ KIO ကို အခွန်ပေးရတယ်။
နယ်မြေမအေးချမ်းတဲ့ ဒေသမို့လို့ တရားဝင်တာ မ၀င်တာတွေ မပြောလို ပါဘူး။
ဒါပေမယ့် အခုလိုသာ ဆက်တိုက်သစ်တွေ ခုတ်ပြီး ရောင်းစားနေ ရင်တော့
နောင်ဆယ်စုနှစ်တစ်ခုမတိုင် ခင် ဒီဒေသမှာ သစ်တောတွေ ပြုန်းသွားလိမ့်မယ်၊
အခုလောလောဆယ်မှာတော့ KIO က ၀င်ငွေ အမြောက် အများ ရနေတာပေါ့ဗျာ´´ ဟု
ပြောပြသွားသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) သည် အဆိုပါ ကျွန်း၊ တမလန်းသစ်မျာအား နမ့်ဆိုင်းဖွံ့ဖြိုးရေး ရုံးမှတစ်ဆင့်
ဝဘော်လမ်းကြောင်းအတိုင်း အင်ဘာပါသို့ သယ်ဆောင်ပြီး တစ်ဖက်တရုတ်နိုင်ငံသို့
တင်ပို့ရောင်းချလျက်ရှိ ကြောင်း၊ ၎င်းသစ်မှောင်ခိုလုပ်ငန်းများမှ
ဝင်ငွေအမြောက်အများ ရရှိနေကြောင်း သိရှိရပါသည်။
ခွန်နော်
KDN
Ref ; http://www.oppositeyes.info/2013/09/kio.html
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။