Ads (728x90)



NLD လို အရည်အချင်းရှိတဲ့ ပါတီရှိရင် ပြပါ ဆိုတဲ့  သတင်း ကို ဒီနေ့ ဖတ်လိုက် ရပါတယ်။ ဖတ်လိုက် ပြီးတာနဲ့ အတူ မေးခွန်းတွေလဲ ခေါင်းထဲမှာ တန်းစီ ၀င်လာတယ်။NLD အနေနဲ့အရည်အချင်းဆိုတာ ဘာနဲ့ တိုင်းတာသလဲ ဆိုတာ ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။လူများတာကိုအရည်အချင်းလို့ဆိုချင် တာလား ဘာကိုဆိုလိုချင်တာလဲသဲသဲကွဲကွဲမရှိ ။လူများတာကို အရည်အချင်းရှိတာ ကို ပြောတာဆို ရင်တော့ စောဒက တက်စရှာ မရှိပါဘူး။၂၀၁၀ ရွေးကောက်ပွဲ ကာလတုန်းကတော့ မ၀င်ဘူး ၊ မဲမပေးကြဖို့ တဂျီဂျီတောင်းဆိုခဲ့ပေမယ့် နောက်တော့လည်း အစိုးရ ရဲ့ ဖောက်ခဲ့တဲ့လမ်းကို အသာလေးမှေး လိုက်ခဲ့ရတာပဲမဟုတ်ပါလား။

နိုင်ငံရေးအရသူများတွေဖောက်ခဲ့တဲ့လမ်းကိုလိုက်လာခဲ့တဲ့၂၀၁၂NLDဆိုရင်တော့ ပြောစရာတွေကအများကြီးရှိနေပါတယ်။ဒေါ်အောင်ဆ်းစုကြည်လည်းအသက်ကြီးလာလို့လားမသိဘူးတခါတခါနဲနဲချော်လာတာတွေ့ရတယ်။လွှတ်တော်ထဲမှာကြားဖြတ်၄၄ယောက်ကတိုင်းပြည်အတွက်ဘာအရေးပါတဲ့အဆိုတွေမေးခွန်းတွေလုပ်နိုင်ခဲ့ပြီလဲအောက်ခြေလူထုရဲ့အခက်အခဲတွေကိုဘယ်လောက်အကျိုးပြုနိုင်ခဲ့သလဲမိမိတို့ရဲ့မဲဆန္ဒနယ်လူထုနဲ့ဘယ်လောက်ထိတွေ့ပြီးပြီလဲနိုင်ငံတော်ရဲ့ရှေ့ရေးအတွက်မိမိတို့ဒီမိုကရေစီအင်အားစုတွေကိုစုစည်းညီညွတ်မှုရအောင်ဘယ်လောက်လုပ်ပြီးပြီလဲသင်တန်းတွေ နိုင်ငံခြားခရီးစဉ်တွေပွဲလမ်းသဘင်တွေနဲ့ပဲအချိန်တွေကုန်ခဲ့တာမဟုတ်ဘူးလား။

လက်ရှိပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစု
ကြည်ကဘာတွေ ဘယ်လို ဆောင်ရွက်နေသလဲ ၊ ဆောင်ရွက်ပြီးပြီလဲ ။ပြီးတော့ တရားဥပဒေစိုးမိုးရေးဥက္ကဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလတ်တလော ဖြစ်နေတဲ့တရားဥပဒေစိုးမိုးရေးကိစ္စတွေမှာဘယ်အတိုင်းအတာထိ ဆောင်ရွက်ပြီးပြီလဲ။မိတ္ထီလာအရေး၊မောင်တောအရေးတွေမှာရောဘာတစ်ခုမှဝင်ရောက်ပြောဆို ဆောင်ရွက်ပေးခြင်းမရှိခဲ့တာတွေေ
ရာ ပြည်သူတွေ မေ့ သွားပြီလို့များ ထင်လို့ပါလား။

လူမများပေမယ့်လူထုကိုအကျိုးပြုနေတဲ့ပါတီတွေရှိတယ်လွှတ်တော်ထဲမှာဒီမိုကရေစီဘောင်ကိုရသလောက်ချဲ့ဖို့ကြိုးစားနေတဲ့လူထုအသံကိုထင်ဟပ်အောင်လုပ်ဆောင်နေတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်နိုင်ငံရေးမှာသေချာနေပြီလို့ထင်ထားရင်ကိုယ့်ဂုဏ်ကိုယ်ဖော်
မသူတော်ထဲပါနေပြီဖြစ်လို့တိုင်းပြည်ရဲ့အနာဂါတ်အတွက်ရင်လေးတယ်လို့ပြောပါရစေ
ဒေါ်အောင်
ဆန်းစုကြည်။

ဒေါက်တာဆိတ်ဘွား
photo:irrawaddy
 
Ref ; http://www.oppositeyes.info/2013/09/blog-post_7427.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...