Ads (728x90)

Photo: ပြည်တွင်းငွေပေးချေမှု ကွန်ရက် ပိုမိုကျယ်ပြန့်ရန် Visa တိုးချဲ့
ဆောင်ရွက်သွားမည်
=================================
မြန်မာနိုင်ငံ ငွေပေးချေမှုကွန်ရက် ကျယ်ပြန့်လာစေရန် Visa ငွေပေးချေကတ်ဖြင့် ပြည်တွင်းပုဂ္ဂလိက ဘဏ်သုံးဘဏ်တို့ရှိ POS terminal များမှတစ်ဆင့် နိုင်ငံတကာ Visa ကတ်ကိုင်ဆောင်သူများ၏ ကြွေးဝယ်ကတ်၊ ငွေပေးချေကတ်နှင့် ကြိုတင်ငွေပေးချေကတ် အသုံးပြုမှုတို့ကို မြန်မာနိုင်ငံတွင်း ပိုမိုဆောင်ရွက်လာမည်ဖြစ်ကြောင်း Mango Media Services မှ သတင်းနှင့် ပြန်ကြားရေးအရာရှိဖြစ်သူ ဒေါ်မြတ်နိုးပွင့်က ပြောသည်။ ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ရှိ POS terminal များသည် ကုန်သည်များနှင့် ကတ်ကိုင်ဆောင်သူများအတွက် ငွေပေးချေမှုလုပ်ငန်းတွင် အမြင့်မားဆုံး လုံခြုံရေးစနစ်ဖြစ်သည့် EMV နည်းစနစ်ကို အသုံးပြုကာ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ငွေပေးချေကတ် လက်ခံမှုကွန်ရက် ကြီးထွားလာသည်နှင့်အမျှ ပြည်တွင်းကုန်သည်များနှင့် ဘဏ်များသည် ကမ္ဘာ့အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်အပြင် နိုင်ငံတကာရှိ ယင်းကတ်ကိုင်ဆောင်သူ သန်း ၂၀၀၀ ဖြင့် ချိတ်ဆက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ Visa သည် မြန်မာနိုင်ငံတွင် ပြုလုပ်မည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ မတိုင်မီ ပြည်တွင်းမှ အသုံးပြုသူများနှင့်အတူ လုပ်ငန်းပေါင်း ၁၀၀၀ ကျော်တွင် ၀န်ဆောင်မှုရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...