Ads (728x90)

Photo: ဘက်စုံထောင့်စုံ စဉ်းစားကြပါ။
**********************

အွန်လိုင်းပေါ်မှာ အချို့တွေက မွတ်ဆလင်တွေကို သတ်ဖို့ ဗလီတွေ ဖျက်ဖို့ ဒေါသအလျောက် ရေးသားနေကြတာတွေ့ပါတယ်။ ဒေါသထွက်တာကို နားလည်ပေမဲ့
ဘကတအဖွဲ့က ဒီလို အကြမ်းဖက်မှုတွေကို လုံးဝလက်မခံပါဘူး။ ဒီလို အကြမ်းဖက်မှုတွေဟာ ကောင်းကျိုးမရှိသလောက်နည်းပြီး ဆိုးကျိုးအလွန်များပါတယ်။
ကိုယ်တိုင်က လုံခြုံတဲ့နေရာမှာနေပြီး တကယ်လှုပ်ရှားသူတွေကို ဒုက္ခဖြစ်စေမဲ့ သွေးထိုးလှုံ့ဆော်တာမျိုးတွေ၊ ရေရှည်မှာ ကိုယ့်နိုင်ငံနဲ့လူမျိုးတွေ နစ်နာစေမဲ့ လှုံ့ဆော်မှုတွေကို ရှောင်ကြဉ်ပေးကြပါ။ဘကတအဖွဲ့က ဒီလိုရေးလိုက်ရင် မျက်တောင်မွှေးတစ်ဆုံးပဲ ကြည့်တတ်တဲ့သူတွေက ၀ိုင်းဆဲကြမှာ ဖြစ်ပေမဲ့ မျက်စိတစ်ဆုံးကြည့်တတ်တဲ့ စဉ်းစားတွေးခေါ်တတ်သူတွေက လက်ခံသဘောကျပါလိမ့်မယ်။

သတ်ကြဟေ့ ချကြဟေ့ နှိုးဆော်ရင် ဒေါသတွေဖြစ်နေတဲ့သူတွေက ကုလားတွေကို သွားသတ်တယ် ဗလီတွေ သွားမီးရှို့တယ်ဆိုပါစို့။ အစိုးရက မဖြစ်မနေ အရေးယူရတော့မှာမိုလို့
ပစ်ခတ်နှိမ်နင်းလို့ သေကုန် ဒဏ်ရာရကုန်ရင် မြှောက်ပေးသူတွေ တာဝန်ယူမှာလား။
ဒါမှမဟုတ် တရားဥပဒေအရ အရေးယူခံရရင် ထောင်ချခံရရင် ဘယ်သူတာဝန်ယူမှာလဲ။ နောက်မှာ ဒုက္ခရောက်ပြီး ကျန်ခဲ့မဲ့ မိသားစုတွေကို ဘယ်သူတာဝန်ယူမှာလဲ?
အဓိကရုဏ်းတွေမှာ အိမ်တွေ မီးလောင်ရင် မွတ်ဆလင်တွေကို အရှေ့အလယ်ပိုင်းက မွတ်ဆလင်အဖွဲ့အစည်းတွေက ဗုဒ္ဓဘာသာအိမ်တွေ မီးလောင်ရင် ငွေပုံလှူမဲ့သူ မရှိသလောက်ရှားတယ်။ ဗုဒ္ဓဘာသာတွေ အိုးမဲ့အိမ်မဲ့ဖြစ်ရင် ဘ၀တွေပျက်ကုန်ရင် ဘယ်သူတာဝန်ယူမလဲ?

မြန်မာပြည်မှာက အဓိကရုဏ်းတွေဖြစ်လာရင် တောကြောင်ဆိုတာ ပါလာတတ်တယ်။တောကြောင်ဆိုတာ လူမျိုး၊ဘာသာရွေးမှာမဟုတ်ဘူး။တိုင်းပြည်က ဆင်းရဲတော့ ဆူပူမှုကို အကြောင်းပြပြီး လုယက်ချင်သူတွေကလည်း အများကြီးရှိနေတယ်။ ဒီလို တောကြောင်ထလို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အိမ်တွေ စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးပျက်စီးရင် ဘယ်သူတာဝန်ယူပြီး ပြန်လျော်ပေးမှာလဲ? မိတ္ထီလာအရေးအခင်းမှာ
ဗုဒ္ဓဘာသာဝင် ရွှေဆိုင်ပိုင်ရှင်အဖွားကြီးတစ်ဦး ဆိုင်မှာ ဘုရားစင်ပြင်ပြီး ဆိုင်ရှေ့ကနေ သာသနာ့အလံကိုင်ပြီး
ဗုဒ္ဓဘာသာပါဆိုပြီး စောင့်နေတာတောင် လုယက်သွားကြတယ်ဆိုတဲ့သတင်းလေးဖတ်လိုက်ရတယ်။ လူမျိုးခြား၊ဘာသာခြားကို ချချင်တာတစ်ခုတည်း ကြည့်လို့မရဘူး။
ဆူပူမှုတွေ အဓိကရုဏ်းတွေ ဖြစ်လာရင် ကိုယ့်လူမျိုး၊ဘာသာကို ဘယ်လိုထိခိုက်လာမလဲဆိုတဲ့အချက်တွေကိုလည်း ကြိုပြီး စဉ်းစားတွက်ချက်ဖို့လိုတယ်။

ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တွေကို ဖျက်စီးလို့ ဗုဒ္ဓဘာသာတွေရဲ့ ရင်ထဲက ရတနာသုံးပါးကို ကြည်ညိုတဲ့စိတ်က ပျက်စီးသွားမှာ မဟုတ်ပါဘူး။
ဒီလိုပါပဲ ဗလီတွေကို ဖျက်စီးလို့ရပေမဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ သူတို့ဘာသာကို သက်ဝင်ယုံကြည်မှုက ဆက်ပြီး တည်ရှိနေမှာဖြစ်လို့ ဗလီတွေဖျက်တာကို အားမပေးပါဘူး။ ကိုယ့်ဘာသာက သံဃာတော်တွေကို သတ်ရင် ဘုန်းကြီးကျောင်းတွေကို ဖျက်စီးရင် ကိုယ်တွေ မခံမရပ်နိုင် ဒေါသဖြစ်ရသလို အင်မတန်စိတ်နာရသလို သူတပါးယုံကြည်ကိုးကွယ်ရာ ဘာသာရေးအဆောက်အဦးတွေကိုဖျက်စီးမယ်ဆိုရင် သာမန်အေးအေးချမ်းချမ်းနေချင်တဲ့ မွတ်ဆလင်တွေကိုပါ အစွန်းရောက်တွေ ဖြစ်အောင် တွန်းပို့သလိုဖြစ်သွားပါလိမ့်မယ်။ ဒါဟာနိုင်ငံအတွက်ရော ကိုယ့်ဘာသာအတွက်ရော မကောင်းပါဘူး
ဗလီတွေဖျက်ရင်လည်း အလွန်ဆုံး ဆယ်ဂဏန်းပဲ ဖျက်လို့ရမယ်။ ဖျက်တဲ့ဗလီကလည်း မွတ်ဆလင်နိုင်ငံတွေက ထောက်ပံ့ငွေတွေနဲ့ ပိုကောင်းအောင် ဆောက်ဦးမှာပဲ။ ဗလီမလျော့ဘဲ မွတ်ဆလင်တွေ စိတ်ထဲမှာ နာကြဉ်းမှုတွေပဲ တိုးပွားလာမယ်။ မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာ ကမ္ဘာမှာ နာမည်ပျက်မယ်။
ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဟာ ကိုယ်ချင်းစာတရားပါ။ ကိုယ့်ဘာသာရေးအဆောက်အဦးကို သူများဘာသာက စော်ကားတိုက်ခိုက်တာ လက်မခံနိုင်သလို ကိုယ်တွေကလည်း ကိုယ်ချင်းစာတရားနဲ့ သူတပါး ဘာသာရေး အဆောက်အဦးတွေကို တိုက်ခိုက်ဖျက်စီးတဲ့ကိစ္စတွေကို ရှောင်ရှားဖို့လိုတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ ဖျက်စီးခံရတာ ဘင်္ဂလားအစိုးရက ပြန်ပြီးဆောက်ပေးရတယ်ဆိုတာ နိုင်ငံတကာအလယ်မှာ အမြင်ကောင်းအောင်လုပ်ပြရတာ။ ဘာသာရေးမခွဲခြားပါဘူး။ မတရားတာ လက်မခံပါဘူးဆိုတာ လုပ်ပြရတာ။ဘင်္ဂလားလို နိုင်ငံကတောင် ဘုန်းကြီးကျောင်းဖျက်တာ အစိုးရကိုယ်တိုင်ပြန်ဆောက်ပေးရတာ ဗလီတွေ အများကြီးအဖျက်ခံရရင် မြန်မာအစိုးရကိုယ်တိုင် နိုင်ငံတကာမှာ မျက်နှာမပျက်အောင် ပြန်ဆောက်ပေးရလိမ့်မယ်။
ခုခေတ်မှာ အင်တာနက်၊ဆက်သွယ်ရေးကောင်းပြီး ကမ္ဘာကြီးက ရွာလိုဖြစ်နေတော့  နိုင်ငံတကာနဲ့ဆက်ဆံနေရတော့ နဂိုခေတ်တုန်းကလို ဗလီတွေ ဖျက်စီးဖို့ဆိုတာ
ကြွေးကြော်လို့ကောင်းပေမဲ့ လက်တွေ့မှာ မဖြစ်နိုင်ဘဲ ကိုယ့်ဘက်က ဆုံးရှုံးမှာတွေသာ များပါတယ်။

ဗလီတစ်လုံးကို ဥပဒေမဲ့ ဖျက်ပြီး ဒီဗလီနေရာမှာ အသစ်ပြန်ဆောက်လို့ရမဲ့အတူတူ ဗလီဖျက်တာကို အားမပေးပါဘူး။ ဗလီတစ်လုံးကို ဖျက်မဲ့အစား ဗလီအသစ် အလုံး၁၀၀ ထပ်ဆောက်မှာကို ဥပဒေဘောင်ထဲကနေ တားဆီးတာမျိုးကိုပဲ သဘောကျပါတယ်။

ဒါလည်း လုံးဝမဖြစ်နိုင်ဘူး။ ခုခေတ်ကြီးမှာ ဘယ်လူမျိုး ဘာသာကိုမှ အကုန်ရှင်းဖို့မဖြစ်နိုင်ဘူး။ ကမ္ဘာကလည်း လက်ခံမှာ မဟုတ်ဘူး။ တကယ် မွတ်ဆလင်တွေကို အစုလိုက်အပြုံလိုက် သတ်လာရင်
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကိုယ်တိုင်က လက်ခံမှာမဟုတ်ဘူး။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ စိတ်ဓာတ်ကလည်း မတရားလုပ်ခံရတဲ့အခါမှာသာ ခေါင်းငုံ့မခံတတ်သလို သူများကို မတရားလုပ်တာကိုလည်း လက်မခံတတ်ပါဘူး။ အခြားလူမျိုး၊ဘာသာကို လိုအပ်တာထက်ပိုပြီး ဖိနှိပ်တာတွေကို မြင်ရရင်
ဗုဒ္ဓဘာသာတွေ ကိုယ်တိုင်က ထွက်ပြီး တားဆီးလိမ့်မယ်။

အဓိကရုဏ်းတွေ နေရာအနှံ့မှာ မကြာခဏဖြစ်နေရင် နိုင်ငံရေးတည်ငြိမ်မှု မရှိလို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ မ၀င်လာရင် အလုပ်အကိုင်မရှိဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေပဲ နစ်နာပါတယ်။ မီးလောင်တာတွေ ပျက်စီးတာတွေ ဖြစ်လို့ နိုင်ငံ့စီးပွားရေးလည်းထိခိုက်တယ်။ အဓိကရုဏ်းတွေ ဖြစ်လာတိုင်း တစ်ဖက်စောင်းမီဒီယာတွေ မွတ်ဆလင်မီဒီယာတွေကြောင့်
ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံလည်း သိက္ခာကျတယ်။

ဗုဒ္ဓဘာသာ အများစု ရှိတဲ့မြို့တွေမှာတောင်အဓိကရုဏ်းတွေ တကယ်ဖြစ်လာတဲ့အခါ
ဗုဒ္ဓဘာသာတွေရဲ့ စီးပွားရေးထိခိုက်ပါသေးတယ်။
ဗုဒ္ဓဘာသာအများစုရှိတဲ့ ပြည်မမှာ အဓိကရုဏ်းတွေ ဖြစ်လို့  မွတ်ဆလင်အများစုရှိတဲ့ ရခိုင်ပြည်နယ်လိုနေရာတွေကို ကူးစက်သွားရင် လူနည်းစုတိုင်းရင်းသားတွေ အသတ်ခံရင် ဘယ်လို လုပ်မလဲ။
မလေးရှားလို နိုင်ငံ ထိုင်းလို နိုင်ငံမှာ မြန်မာတွေ သန်းနဲ့ချီရှိနေတယ်။ နဂိုတည်းကကို တရားဥပဒေအကာအကွယ်မရှိတာ အဲဒီနိုင်ငံတွေက မြန်မာတွေ လက်စားချေသတ်ဖြတ်ခံရရင် ဘယ်သူတာဝန်ယူမလဲ?
မြန်မာတွေ ဆင်းရဲတော့ ဂျော်ဒန်လို မွတ်ဆလင်နိုင်ငံတွေမှာ အထည်ချုပ်စက်ရုံတစ်ခုတည်းမှာ မြန်မာမလေးတွေ ထောင်နဲ့ချီရှိနေတယ်။အဘူဒါဘီလို ဒူဘိုင်းလိုနေရာမှာ မြန်မာတွေ ထောင်နဲ့ချီရှိနေတယ်။သူတို့ လုံခြုံရေးကိုလည်း စဉ်းစားပေးကြပါ။ မွတ်ဆလင်အများစုရှိတဲ့နေရာက ကျနော်တို့ ညီအကိုမောင်နှမြန်မာများ လုံခြုံရေး၊ ဘေးကင်းရေးကိုလည်း လေးလေးနက်နက်စဉ်းစားကြပါ။

မွတ်ဆလင်ဘာသာဝင်အများစုက အစွန်းရောက်တာမှန်ပေမဲ့ သူတို့ထဲမှာလည်း မြန်မာစိတ်ရှိပြီး အေးအေးချမ်းချမ်းနေချင်တဲ့သူတွေရှိမှာပါ။ တစ်ရာမှာ တစ်ယောက်ပဲရှိပါစေ။ အဲဒီတစ်ယောက်က မြန်မာပြည်ကို ချစ်ပြီး မြန်မာဗုဒ္ဓဘာသာဝင်တွေနဲ့ ချစ်ချစ်ခင်ခင် အေးအေးချမ်းချမ်းနေချင်ရင် နေထိုင်ဖို့ အခွင့်အရေးပေးရမှာ ဖြစ်ပါတယ်။ လူတိုင်းဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပါတယ်။ လူဦးရေနည်းပါစေ  အေးအေးချမ်းချမ်း နေချင်တဲ့ မြန်မာတွေနဲ့အဆင်ပြေချင်တဲ့ ပြည်တွင်းနေ မွတ်ဆလင်တွေကိုတော့ ကိုယ့်ကြောင့် အစွန်းရောက်မဖြစ်စေဖို့ လိုပါတယ်။

ကျနော်တို့ဟာ အစ္စလာမ်ဘာသာကို မုန်းတီးတာထက် အဲဒီဘာသာဝင်အစွန်းရောက်တွေရဲ့ မတရားတဲ့လုပ်ရပ်တွေကို ဆန့်ကျင်တာပါ။ ဘင်္ဂါလီကျုးကျော်သူတွေကို ပြတ်ပြတ်သားသားဆန့်ကျင်ပေမဲ့ ပြည်တွင်းနေတွေကိုတော့ နိုင်ငံခြားက ၀င်လာသူတွေလို အကုန်မုန်းတီးလို့မရပါဘူး။ မြန်မာလူမျိုးတွေနဲ့ အေးအေးချမ်းချမ်း အဆင်ပြေပြေနေချင်သူတွေကို နေခွင့်ပေးရမှာပါ။

ဆိုလိုချင်တာကတော့ အွန်လိုင်းပေါ်ကနေ ရေရှည်အကျိုးအပြစ်ကို သေချာမစဉ်းစားဘဲ ချကြဟေ့ သတ်ကြဟေ့ ဆိုပြီး နှိုးဆော်တာတွေကို မလုပ်စေချင်ပါဘူး။ ဒီလိုလုပ်ခြင်းဖြင့်  ဗလီတွေ လျော့မသွားဘဲ မွတ်ဆလင်တွေ လျော့မသွားဘဲ အေးဆေးနေချင်တဲ့ မွတ်ဆလင်တွေ နာကြဉ်းပြီး အစွန်းရောက်တွေ ဖြစ်ကုန်မယ်။ အမျိုးသားအဖွဲ့တွေကို မလိုလားသူတွေက အကြမ်းဖက်တွေ အစွန်းရောက်တွေဆိုပြီး အပုတ်ချတာတွေကို ခံရဖို့ပဲ ရှိပါတယ်။

အကြမ်းဖက်စရာမလိုဘဲ ဥပဒေဘောင်ထဲကနေ အမျိုးသားရေးလုပ်တာက နိုင်ငံအတွက်ရော ကိုယ့်လူမျိုး၊ဘာသာအတွက်ပါ ပိုကောင်းပါတယ်။ ဗလီတွေ ဖျက်စရာမလိုပါဘူး ဘာသာခြားတွေကို ဒုက္ခပေးစရာမလိုပါဘူး။
ဗုဒ္ဓဘာသာသေသေချာချာလေးလေးနက်နက်နားလည်အောင် လေ့လာရေး၊ဗုဒ္ဓ ဘာသာပြန့်ပွားတည်တံ့ရေး၊ အမျိုးသားရေးစိတ်ဓာတ်နိုးကြားရေး၊ ဘာသာခြားလက်မထပ်ရေးစတဲ့ အနုနည်းနဲ့ တရားဥပဒေဘောင်ထဲက လှုပ်ရှားမှုတွေကိုသာ လုပ်ကြပါ။ ဒီနည်းက အကောင်းဆုံးနည်းပါဘဲ။
ဒါကြောင့် မျက်တောင်းမွှေးတစ်ဆုံးပဲကြည့်ပြီး ချဟေ့ သတ်ဟေ့ ဗလီဖျက်ဟေ့ဆိုပြီး အွန်လိုင်းကနေ လှုံ့ဆော်နေတာတွေကို မလုပ်ကြဘဲ ဥပဒေဘောင်ထဲကနေ ငြိမ်းချမ်းတဲ့နည်းနဲ့ အမျိုး၊ဘာသာ၊သာသနာစောင့်ရှောက်ရေးကိုလုပ်ဖို့ တိုက်တွန်းပါတယ်။
အစ္စရေးလို အကြမ်းဖက်သမားက ဒုံးကျည်နဲ့ပစ်ရင် ဗုံးသွားကြဲလိုမျိုး အကြမ်းဖက်တာကို ကိုယ့်ကို လာတိုက်ခိုက်တဲ့အခါတွေ မတရားလာလုပ်တဲ့အခါတွေမှာ နောင်မလုပ်ရဲအောင် ဆုံးမဒဏ်ခတ်တဲ့ သဘောနဲ့ အတိုင်းအတာတစ်ခုအထိ လုပ်တာမျိုးကိုတော့ ချွင်းချက်နဲ့လက်ခံပါတယ်။ (ဥပမာ မိတ္ထီလာကိစ္စဆို ဘုန်းကြီးကို ရက်ရက်စက်စက်သတ်သူတွေကို လက်တုံ့ပြန်အပြစ်ပေးတာနဲ့ အဲဒီ သတ်တဲ့ဗလီကို မီးရှို့ဖျက်စီးတာကို လက်ခံပါတယ်။ တခြားမဆိုင်သူတွေကိုတော့ မထိစေချင်ဘူး။)

လူအများဖတ်နေတဲ့ ကျနော်တို့ အမျိုးသားရေးအဖွဲ့တွေ page တွေဟာ ကိုယ်ဖြစ်ချင်တာတစ်ခုတည်းကို စိတ်ထဲရှိတဲ့အတိုင်း မရေးဘဲ ၊ နိုင်ငံနဲ့ လူမျိုးအကျိုးအတွက် ဆိုးကျိုးမဖြစ်စေမဲ့ ကောင်းကျိုးသာဖြစ်စေမဲ့ ''ဖြစ်သင့်တာ"တွေကို သေချာချင့်ချိန်ပြီး ရေးဖို့လိုပါတယ်။ LIKE လုပ်ထားတဲ့ ပရိသတ်များလေ ကိုယ်ရေးတာတွေကို ပြည်သူကို အဆိပ်အတောက်မဖြစ်စေဘဲ ကောင်းရာကောင်းကျိုးသာ ဖြစ်စေဖို့ သတိပြုပြီး စဉ်းစားချင့်ချိန်ရေးသားကြဖို့ လိုပါတယ်။

အမြင်မတူသူတွေလည်း ရှိနိုင်ပါတယ်။ ဘကတအဖွဲ့သည် လူအများကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နိုင်ငံနဲ့လူမျိုးအတွက် အမှန်တကယ်အကျိုးရှိနိုင်တာကိုပဲ ရေးသွားပါမယ်။

ဘင်္ဂါလီကျုးကျော်သူများကိုတားဆီးဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...