Ads (728x90)


by Saw Morris (Notes) on Friday, 29 March 2013 at 19:13
 

အပိုင်း (၁) ကို http://football-cafe.com/articledetail.php?articleid=14#.UVZk3DdvCfs

(သို့)

http://www.facebook.com/notes/saw-morris/%E1%80%85%E1%80%80%E1%81%A4%E1%80%AC%E1%80%95%E1%80%B0%E1%80%99%E1%80%BD%E1%80%AC-%E1%80%A1%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9C%E1%80%AC%E1%80%9B%E1%80%BD%E1%80%AC%E1%80%B1%E1%80%90%E1%80%AC%E1%80%B7%E1%80%99%E1%80%9A%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%9B%E1%80%84%E1%80%B9-%E1%81%81/479254068790987  မှာ ဖတ်ပါ ။

ယခုဆက်လက်ပြီး အလုပ်လျှောက်ပုံ လျှောက်နည်းကို ဒုတိယပိုင်း ၊ အင်တာဗျူးဝင်ပုံကို တတိယပိုင်းအဖြစ် ဆက်လက် ရေးသားသွားပါမယ် ။ အလုပ်လျှောက်ပုံကို ဆက်ရရင်- အလုပ်ရှာဖွေမယ့် သူတစ်ယောက်အတွက် ပထမဦးဆုံး ကြိုးပမ်းရမှာကတော့ ကိုယ့်ရဲ့ Curriculum Vitae (CV Form) နဲ့ Resume ကိုကျကျနန ပြင်ဆင်ခြင်းပါ။  အလုပ်ရှင်ဆီ ၊ ကုပ္မဏီဆီ ၊ အရင်ရောက်သွားရမှာကသင့်ရဲ့ ကိုယ်ရေးအကျဉ်းပါ ။ အဲ့ဒါကို သူဖတ်ပြီးမှ သူတို့နဲ့ ကိုက်၏ မကိုက်၏ အရင်ဆုံးဖြတ်မှာဖြစ်လို့တိကျသေခြာဖို့ ၊ သူတို့လိုအပ်တာနဲ့ အတတ်နိုင်ဆုံး လိုက်လျောညီထွေဖြစ်ဖို့လိုတဲ့ ကိစဖြစ်ပါတယ် ။ ဘယ်လိုပုံစံဖြစ်သင့်တယ်ဆိုတာ အောက်က ပုံ (၂) မှာ ကြည့်ပါ ။



ဒါက အကြမ်းအားဖြင့် ထုတ်ပြထားတဲ့ form တစ်ခုသာဖြစ်ပါတယ် ။ အဲ့ဒါကို အခြေခံပြီး ဆက်လက်ဆွေးနွေးသွားပါမယ် ။ Application title ကိုထည့်သွင်းရာမှာ ကိုလျှောက်မယ့် အလုပ်ရဲ့ position အတိုင်း အမြဲပြောင်းပေးနေဖို့ လိုပါလိမ့်မယ် ။ Professional training ဟာလည်း အရေးကြီးတဲ့ အစိပ်အပိုင်း တစ်ခုဖြစ်ပါတယ် ။ CAD-CAM /PLC /Programming / Accounting  စသဖြင့် ပရိုကျတဲ့ သင်တန်းမျိုးကို Training Center အမည်နဲ့တွဲပြီး ထည့်ပေးဖို့လိုပါတယ် ။ E-Learning လောက်တော့ ထည့်မနေနဲ့ပေါ့လေ ။

Professional working experience ကတော့ အရေးကြီးဆုံး ဖြစ်ပြီး အလုပ်ရဖို့ အတွက်ကလည်း ဒါက အသက်ဖြစ်ပါတယ် ။ လုပ်ငန်းအတွေ့အကြုံကိုရေးရာမှာ လက်ရှိလုပ်ကိုင်နေတဲ့အလုပ် (သို့) နောက်ဆုံး လုပ်ကိုင်ခဲ့တဲ့ အလုပ်ကို ထိပ်မှာ အရင်ထားပြီးမှ Professional working experience (1) , (2) , (3) … စသဖြင့် အစဉ်လိုက် ချရေးသွားရန် ဖြစ်ပါတယ် ။ နမူနာအနေနဲ့ တစ် ခုကိုချရေးပြပါမယ် -

Professional Working Experience (1)
Design and Production Engineer ( March, 2012 to Present Now ) 
(Nutek Pte Ltd , Singapore ) 
Website :  www.nutek.com.sg

 Responsibilities :

 Draft And Design with Solid Works , completion and manage design Such as -
  • Machining Parts for CNC cutting  
  • Pusher Conveyor Machine (Cylinder and Pusher Assembly)
  • PCB Loader / Unloader Machine
  • Lifter Conveyor Machine (Motor Assembly)  
  • Monitoring and updating Engineering Head on project schedules
  • Supervise Machining Drawing for operator and CNC programmer
  • Coordination Between with client and manager
  • Assist in the manufacturing stages
  •  BOM / Quotation
  • Preparation of customer proposal, technical requirement, design document, drawings and production document

စသဖြင့် အခုပြထားတဲ့ Professional Working Experience (1) မှာ ကိုယ်တာဝန်ယူရတဲ့ လက်ရှိအလုပ်ရဲ့ အပိုင်းကို ရေးထားတာဖြစ်ပါတယ် ၊ ဒါပေမယ့် တချို့အချက်တွေမှာ ကိုယ်လျှောက်မယ့် နောက်အလုပ်အသစ်ရဲ့ ကြေငြာရဲ့ Responsibility ကိုကြည့်ပြီး  ဖော်လိုနဲနဲလိုက်ပြီး ရေးထားတာပါ ။ အဲ့ဒါကလည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ် ။ ဖော်လိုလိုက်တယ်ဆိုတဲ့နေရာမှာလည်း ကိုယ်သာမန်ကာ လျှံကာလောက် လုပ်ရတဲ့ တချို့အပိုင်းတွေဟာ သူတို့လိုချင်တာ အဓိကအနေနဲ့ ပါဝင်နေတော့ သူတို့လိုချင်တာနဲ့ အတတ်နိုင်ဆုံး အံဝင်အောင် ဖေါ်လိုလိုက်ခြင်းသာဖြစ်ရပါမယ် (မသိတာကို အသိကြီးလုပ်ပြီး ရေးချလိုက်ရင်တော့ အင်တာဗျူးရောက်သွားရင် မျက်နှာ အင်မတန်ငယ်ရမှာကတော့ အသေ အချာပါပဲ ) အဲ့လိုနဲ့ Professional working experience (1) , (2) , (3) … စသဖြင့် ကုပဏီ အမည် ၊ website တွေကိုတပ်ပြီး ရေးသွားပါ ။

အဲ့ဒီမှာလည်း ခုနကပြောသလို ကိုယ်လျောက်မဲ့ Company ရဲ့လိုအပ်ချက်ကို နင်းပြီးတော့ ရေးနိုင်အောင် ကြိုးစားပါ ။ ကိုယ့်မှာရှိထား၊ သိထား၊ တတ်ထားတာတွေကို (သဟဇာတ ဖြစ်မနေရင် ) အိတ်သွန်ဖာမှောက် ချရေးတာမျိုးကို တော့ ရှောင်ပါ။ အလုပ်ကြေငြာမှာအလုပ်ရှင်ကသူလိုအပ်တဲ့ အရည်အချင်းတွေကိုပြောပြီးသားပါ။ Mechanical Design သမား လိုချင်တဲ့ အလုပ်ရှင်ဟာ ကိုယ့်မှာ Design အပြင် CNC Programming ရှိနေတဲ့ အတွေ့အကြုံက သူ့အတွက် မက်လောက်စရာ ဖြစ်ပေမယ့် Construction မှာ Supervisor လုပ်ခဲ့ဖူးတာကတော့ သူ့အတွက် ဘာမှ မက်စရာ မရှိပါဘူး ။ ဒါကြောင့် Design နဲ့ ခေါ်ရင် Design ပိုင်းကို ဦးစားပေးရေး ပြီး CNC programming အတွေ့အကြုံကို အဲ့ဒီအောက်မှာ ရေး ၊ မလိုအပ်တာတွေကိုဖြုတ် ။ CNC programming ကိုလျှောက်မယ်ဆိုရင် အဲ့ဒါကို ဦးစားပေးရေး ။ ဆိုလိုချင်တာက အလုပ်ခေါ်စာရဲ့ လိုအပ်ချက် ကိုလိုက်ပြီး ကို့ရဲ့ Responsibilities  ကို လိုက်လျော ညီထွေဖြစ်အောင် ပြင်ဆင်ဖို့ လိုတယ် ဆိုတာကို ပြောချင်တာပါ ။

အဲ့ဒါပြီးသွားရင်တော့ apply လုပ်ပါတော့မယ် ။  ဒီနေရမှာ ပြောချင်တာက တချို့ အလုပ်လျောက်သူတွေဟာ မလိုအပ်ပဲရှိသမျှ လက်မှတ်တွေကို Attach Files နဲ့ပို့တာမျိုးတွေ ရှိပါတယ် ။ ပတ်စပိုစ့် မိတ္တူ တောင်မချန်ပါဘူး၊ အဲ့ဒီလောက်မလိုအပ်ပါဘူး ။ မျက်စိရှုပ်စရာ ကောင်းတာက လွဲလို့ အဲ့ဒါတွေက ဘာမှ အကျိုး မဖြစ်ပါဘူး ။ Cv Form Attach File လေးရယ်
Compose Mail မှာရေးထားတဲ့ Cover Latter လေးရယ်ဆိုရပါပြီ ။ တွဲချင်တယ်ဆိုရင်လဲ အရေးကြီးတဲ့ဘွဲ့လက်မှတ် လောက်တွဲပေးလိုက်ရင် အဆင်ပြေပါပြီ ။

အလုပ်ကို Mail နဲ့ Apply လုပ်တဲ့အခါမှာ ကိုယ်နဲ့သက်ဆိုင်တဲ့ Job မှန်သမျှ ကိုယ့်ရဲ့ Mail ကိုပုံစံတခုတည်းနဲ့လိုက်မပို့ပါနဲ့။ Application title ကို အလုပ်ခေါ်တဲ့ ခေါင်းစဉ် အတိုင်း လိုက်ရေးတာတို့ ၊ Subject မှာ လျှောက်မယ့် ကုပဏီ အမည်ကို ထည့်သွင်းရေးပေးတာတို့ ၊ Responsibilities ကိုလည်း cover latter မှာ ထည့်ရေးပေးမှာ ဖြစ်တဲ့အတွက် လိုအပ်ရင် လိုအပ်သလို ဖော်လို လိုက်ပြီး ရေးပေးဖို့ လိုပါတယ် ။ အဲ့လို လုပ်ပေးတာဟာ အကြောင်းပြချက်ရှိပါတယ် ။ အလုပ်ခေါ်စာကြေငြာလိုက်တာနဲ့ နောက်တနေ့မှာ Application Form တွေအများကြီး ဟာ အလုပ်ခေါ်သူရဲ့ Inbox ထဲမှာ ထောင်နဲ့ချီပြီး ရှိနေပါလိမ့်မယ် ၊အားလုံးကို ဖွင့်ဖတ်ဖို့ဆိုရင် အချိန်တော်တော်ယူရမှာပါ ။ သူ့ကို ဆွဲဆောင်မှု့ ရှိတဲ့ Mail တစ်စောင်ဖြစ်နေဖို့ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ပြင်ဆင်ပေးလိုက်ဖို့လိုပါတယ် ။ ဒါ့ကြောင့် မေးတစ်စောင်နဲ့ တစ်စောင်ဟာ အနည်းဆီ ကွဲနေပါလိမ့်မယ် ။



ကဲ…အထက်က ကြေငြာကို ကြည့်ပြီးရင် Design Engineer ပိုစ့် နဲ့ အဲ့ဒီကုပ္မဏီကို နမူနာ လျှောက်ကြမယ် ။  Subject မှာ application for the post of Design Engineer in Cutech Solutions & Services Pte Ltd ဆိုပြီး ကန်ပနီရဲ့ အမည်ပါ ထည့်ရေးပေးပါ ။ အောက်က ပုံ (၄) မှာ အသေးစိပ် ရေးပြထားပါတယ် ။



ဒါပါပဲ ၊ ဒီလောက်ဆိုရင် သင့်အတွက် ပြည့်စုံစွာ ပြီးဆုံးသွားတဲ့ Application တစ်စောင်ဖြစ်သွားပါပြီ ။
အကျဉ်းချုပ်ပြန်ပြောရင် - တနေ့တာအတွက် ပထမဦးဆုံး သတင်းစာ ၊ Online ကနေရှာထားတဲ့ Job တွေကိုအရင်စီပါ၊ ပြီးရင်တခုချင်းစီကိုလိုက်ပြီး Responsibilities  ကို လိုက်လျော ညီထွေဖြစ်အောင် ပြင်ပါ။ လျောက်မဲ့ Company ရဲ့အကြောင်းကို သူတို့ရဲ့ Web site တွေထဲဝင်ကြည့်ပါ ။ အလုပ်ခေါ်စာတိုင်း မှာ ကုပဏီ website ပါ ပါတယ် ။ တနေ့လုံးမှ (၁၀) ခုလောက်ပဲလျောက်ဖြစ်ပါစေ အားလုံး ကျကျ နန ဖြစ်အောင်စီစဉ်ဆောင်ရွက်ပါ ။ Slection ရွေးထားတာတွေအားလုံးပို့ပြီးပြီ ဆိုတော့မှ အရံလေးတွေကို (အချိန်မရတော့ရင်) ပုံသေရေးထားတဲ့ Form နဲ့သာပစ်လိုက်ပါ။ တနေ့စာကိုတော့အကြွေးမချန်ထားဖို့လိုပါတယ် ။ ဒါပါပဲ ။

ဒီလိုရေးတဲ့ နေရာမှာ ကိုယ့်ရဲ့ အတွေ့အကြုံရယ် ၊ ဘော်ဒါတွေကို ကူညီခဲ့ဖူးတဲ့ အတွေ့အကြုံရယ် ၊ တချို့လည်း ကိုယ်က Suggest လုပ်တာကို ပြင်ဆင်ပြီးတဲ့နောက် အဆင်ပြေသွားတာတွေရှိပါတယ် ၊  လွန်ခဲ့တဲ့ (၄) နှစ်လောက်ကတည်းက မြန်မာအင်ဂျင်နီယာဖိုရမ် မှာ ရေးသားပြီးသားကို အခုကာလနဲ့ လိုက်လျောမှု့ ရှိအောင် ပြန်လည် ပြင်ဆင်ပြီး ရေးသားထား ခြင်းလည်း ဖြစ်ပါတယ် ။ တကယ်လို့ သင်ဟာ အလုပ်လျှောက်မယ် (သို့) အလုပ်လျှောက်ရတာ အဆင်မပြေ ဖြစ်နေရင်ပဲ ဖြစ်ဖြစ် ဒီနည်းနဲ့ စမ်းကြည့်ပါ ။ ထူးခြားလာပါလိမ့်မယ် ။ သို့သော် အခုရေးသားရာမှာ ဘယ်လို ပိုဇေရှင် လောက်ကို ဦးတည်ပြီးရေး တယ်ဆိုတာ သိသာနိုင်ပါတယ် ။ Oversea အတွေ့အကြုံမရှိသော ၊ လုပ်ငန်းအတွေ့အကြုံ လုံလောက်ရုံသာရှိသော  BE/B-Tech/ GTI နဲ့ အခြား ခိုင်မာတဲ့ ပရော်ဖတ်ရှင်နယ် ဒီပလိုမာ သမားများ လောက်ကိုသာရည်ရွယ်ပါတယ် ။ စင်္ကာပူကို အများဆုံး အလုပ်လာရှာ ကြရာမှာလည်း ဒီလူငယ် တန်းစားထဲကသာ အများဆုံး ဖြစ်ပြီး ၊ ဒုက္ခရောက်ရင်လဲ ဒီထဲတွေကပဲ အများဆုံး ဖြစ်ပါတယ် ။ အကြီး ကြီးတွေ အတွက် ဆိုရင် ဒီလောက်နဲ့ အဆင်မပြေနိုင်သေးပါဘူး ။ အင်တာဗျူးဝင်ရင် ရင်ဆိုင်ဖို့ ပြင်ဆင်ရမှာတွေကို အပိုင်း (၃) မှာ ဆက်ပါမယ် ။    ။

Tag ခံရတဲ့ မိတ်ဆွေများ ၊ ဘော်ဒါ ဘော်ကျွတ်များလည်း သီးခံတော် မူကြပါကုန် ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...