Ads (728x90)

Photo: “မင်းတို့ သူတို့ကို သတ်မယ်ဆိုရင် ငါ့ကို အရင်သတ်ပါ။ ပြီးမှ သူတို့ကို သတ်ပါ” ဆိုတဲ့ သာသနာ့အာဇာနည် ဆရာတော် အရှင်ဝိသုဒ္ဓ
======================================
မိတ္တီလာမြို့မှာ အကြမ်းဖက်သူတွေက ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ အချိန်မှာ ကိုးကွယ်ရာ ဘာသာမတူသူ ကလေး၊ မိခင်၊ သက်ကြီးရွယ်အိုနဲ့ ယောက်ျား (၈၀၀) လောက်ကို ကျောင်းဝင်းထဲမှာ ကယ်တင်ထားခဲ့တဲ့ ဗုဒ္ဓရဲ့သားတော် သာသနာ့အာဇာနည် ဆရာတော် အရှင်ဝိသုဒ္ဓ (မိတ္တီလာမြို့၊ ရတနာကျောင်းတိုက်) လို့ သိရပါတယ်။ ဆရာတော်ရဲ့ ကျောင်းတိုက်ကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်တွေနောက်ကို သတ်ဖို့ လိုက်လာကြတဲ့ အကြမ်းဖက်သမားတွေကို ဆရာတော်က “မင်းတို့ သူတို့ကို သတ်မယ်ဆိုရင် ငါ့ကို အရင်သတ်ပါ။ ပြီးမှ သူတို့ကို သတ်ပါ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကယ်တင်လိုက်နိုင်တယ် လို့ ဖတ်လိုက်ရပါတယ်။

(မူရင်းဓာတ်ပုံ Ah Mar Ni )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...