Ads (728x90)

Photo: ခင်ဗျား မြန်မာနိုင်ငံ ကို ရောက်ရှိ နေပါတယ်။
--------- --------- --------- --------- ---------

ရောမရောက်လျှင် ရောမလို ကျင့်ပါ။ 

Facebook မှာ အလယ်လွန် International မှာ အပတ်လွန်ပြီး ဘယ်ရောက် နေမှန်း မသိသူများအား ကူညီပါရစေဗျာ။

ခင်ဗျားတို့ ရောက်ရှိနေတာ မြန်မာနိုင်ငံ ဖြစ်ပါတယ် ခင်ဗျာ။

မြန်မာတွေရဲ့ သွေးတွေနဲ့ စီးနေတဲ့ ဧရာဝတီ … မြန်မာတွေရဲ့ အရိုးတွေနဲ့ ကာရံထားတဲ့ တောင် တန်း တွေ … မြန်မာတွေရဲ့ စိန်ခေါ်မှုတွေကို မမှုခဲ့တဲ့ သမိုင်း အချင်းရာတွေနဲ့ ... ပြီးပြည့်စုံတဲ့  မြန်မာပြည်ပါဗျာ။

အဲဒီ မြေမှာ သဘောထားကြီးမှု တွေရှိတယ် သူတို့ နိုင်ငံကို မထိခင် အထိပေါ့။

အဲဒီမြေမှာ သည်းခံစိတ်တွေရှိတယ် သူတို့ အမျိုးကို မစော်ကားခင် အထိပေါ့။

အဲဒီမြေမှာ စာနာမှုတွေရှိတယ် သူတို့ ဘာသာကို မဖျက်စီးခင် အထိပေါ့။

သူတို့က ရိုးသားကြတယ် ဒါပေမယ့် လူ အ တွေမဟုတ်ဘူး။

သူတို့က ကြိုးစားကြတယ် ဒါပေမယ့် တစ်ကိုယ်ကောင်း မကြံဘူး။

သူတို့က ငြိမ်သက်ကြတယ် ဒါပေမယ့် အိပ်နေကြတာ မဟုတ်ဘူး။

သူတို့မှာ ဓားရှိတယ် ဒါပေမယ့် တရား မမဲ့ဘူး။

သူတို့မှာ သတ္တိရှိတယ် ဒါပေမယ့် ဦးနှောက် မမဲ့ဘူး။

သူတို့မှာ ဘုရားရှိတယ် ဒါပေမယ့် တယူမသန်ဘူး။

သူတို့မျက်နှာမှာ မင်းအတွက် အပြုံးပန်းတွေရှိတယ်။

သူတို့မျက်နှာမှာ မင်းအတွက် လေးစားမှုတွေရှိတယ်။

သူတို့နှလုံးသားမှာ မင်းအတွက် ဖြူစင်မှုတွေ ပြည့်နေတယ်။

အဲဒီ နိုင်ငံကို မြန်မာနိုင်ငံ ဟု ခေါ်ပါတယ်။

ခင်ဗျား မြန်မာနိုင်ငံ ကို ရောက်ရှိ နေပါတယ်။

( Min Min Oo )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...