“စေရာသွား၊ ထားရာနေ” ဆိုတဲ့ ဖန်ဆင်းရှင်ဝါဒလည်း မဟုတ်ဘူး။
“ကြိုက်သလိုနေ၊ အချိန်တန်ရင် လာကယ်မယ်”လို့ အာမခံ တာဝန်ယူထားတဲ့ ကယ်တင်ရှင်ဝါဒလည်း မဟုတ်ဘူး။
ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ၊ ကိုယ်ရကိုယ်ယူ ဆိုတဲ့ ကမ္မဿကတာဝါဒသာ ဖြစ်တယ်။
ကိုယ့်ဒုက္ခ ကိုယ်ပဲ နှုတ်ရ, လျှော့ရမယ်။
ကိုယ့်ချမ်းသာကို ကိုယ်ပဲ ရအောင်ယူရမယ်။
သာသနာဆိုတာ လမ်းခင်းပေးရုံ လမ်းညွှန်ပေးရုံ လမ်းဖွင့်ပေးရုံပဲ တတ်နိုင်ပါတယ်။
လမ်းပေါ်ရောက်အောင်တက်သွားပြီး သွားရမှာကတော့ ကိုယ့်အလုပ်ပါ။
( တိပိဋက ယောဆရာတော်ဘုရားကြီး )
Re-Post By ACM 29-3-2013
အေးချမ်းမွန် Credit & Copy From >>
3 Treasures: Buddha, Dhamma & Sangha<< Thank



Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။