Ads (728x90)

Photo: “ဦးသောဘိတရေ….. အမျှ….. အမျှ……”   အပိုင်း (၃)

by Wira Thu (Notes) on Thursday, March 28, 2013 at 2:31am

    ဦးခေါင်းမှ ဓားခုတ်ရာကို ပြန်ချုပ်ပေးနေသည်ကို တွေ့ရပါသည်။ အသေအချာ ကြည့်လိုက်သည့်အခါ ဦးသောဘိတ၏ "အင်္ဂါဇာတ်" ကိုပါ ဓားဖြင့် လှီးဖြတ်ထားသည်ကို တွေ့ရ . . . 

      (၂၀-၃-၂၀၁၃) ည (၉)နာရီ ခန့်တွင် နာရေးကားဖြင့် လူနာများ မကြာခဏ လာရောက်သယ်ယူသွားကြပါသည်။ အများအားဖြင့် ဓားခုတ်ခံရသူကများပြီး ဒဏ်ရာမပြင်းထန်သူ အနည်းငယ်သာ ရှိပါသည်။ ဆေးရုံသို့ ဒဏ်ရာလာကြည့်သူများ ရုတ်ရုတ်သဲသဲ ဖြစ်သွား၍ စုံစမ်းရာ “မီးရှိုခံရသည့်ဘုန်းကြီး သေသွားပြီ” ဟု အော်ဟစ်ပြောဆိုသံ များကြောင့် လှုပ်လှုပ်ရွရွဖြစ်ကုန်ခြင်း ဖြစ်ပါသည်။

          ဦးသောဘိတသည် (၉း၄၅) မှာ ပျံလွန်ခြင်း ဖြစ်ပါသည်။ ပျံလွန်သည်အထိ ဦးခေါင်းနောက်စေ့မှ သွေးများ ဒလဟော ကျဆင်းနေဆဲ ဖြစ်ပါသည်။ ကျောက်ခုံပေါ်မှာတင်ထားသည်ကို တွေ့ရ ပါသည်။

          ဦးသောဘိတ သတင်းသုံးရာ ဟံဇားရွာလည်း ရွာသူ/သားများ ရင်တထိတ်ထိတ်ဖြင့် နားစွင့်နေကြပါသည်။ အသတ်ခံရပြီ ဟု ကြားသူကကြား၊ ပိတ်မိနေသည်ဟု ကြားသူကကြားနှင့် ကောလာဟလ လိုလို ဖြစ်နေပါသည်။ ဦးသောဘိတနှင်အတူ ဖုန်းပါမသွား၍ အဆက်အသွယ်ပြတ်တောက်သွားသောကြောင့် ဖြစ်ပါသည်။

          ည နှစ်ချက်တီးကျော်မှ ဦးသောဘိတရွာ ဟံဇားရွာ မိုးကောင်းကျောင်း ဆရာတော်ထံ သတင်းအတိအကျရောက်လာ ပါသည်။ ရွာဥက္ကဋ္ဌ ဦးအောင်သူက လာလျှောက်ခြင်းကြောင့်ဖြစ်ပါသည်။ မနက် (၅) နာရီတွင် သာစည်မြို့မှ ကားဖြင့် မိုးကောင်းကျောင်းဆရာတော် ဦးပဏ္ဍိစ္စကို ပင့်ပါသည်။ ဦးပဏ္ဍိစ္စနှင့်အတူ ရွာဥက္ကဋ္ဌ ဦးအောင်သူ၊ ဦးကောင်းတို့လည်း လိုက်လာကြပါသည်။

          မိတ္ထီလာမြို့နယ်၊ နဂါးရုံဘုရား ဓမ္မာရုံထဲမှာ မြို့နယ် သံဃနာယက အဖွဲ့နှင့် မြို့နယ်/ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ဝန်ကြီးချုပ် ရဲမြင့် တို့ကိုပါ တွေ့ရပါသည်။ မိုးကောင်းဆရာတော် ဦးပဏ္ဍိစ္စက အလောင်းပြန်တောင်း ပါသည်။ အလောင်းကို အကြောင်းပြုပြီး အဓိကရုဏ်း ကြီးထွားမည်စိုး၍ မပေးနိုင်ကြောင်း လျှောက်ကြပါသည်။ ထိုအခါ ဦးပဏ္ဍိစ္စက “တရားခံကို ဖော်ထုတ်ပေးရမယ်။ ဥပဒေအရ ထိရောက်စွာ အရေးယူပေးရမယ်၊ သို့သော် အသေစား သေစေ သဘောမျိုး လုံးဝမဟုတ်ပါ” ဟု တောင်းဆိုပါသည်။ အာဏာပိုင်များက ကတိပေးကြ ပါသည်။

          ရင်ခွဲရုံရောက်တော့ (၁၂)နာရီ ထိုးပါပြီ။ အလောင်းကြည့်ခွင့် ရပါသည်။ အဝတ်အစား မပါ ဗလာကိုယ်တည်း ထားသည်ကို တွေ့လိုက်ရ ပါသည်။ ဦးခေါင်းမှ ဓားခုတ်ရာကို ပြန်ချုပ်ပေးနေသည်ကို တွေ့ရပါသည်။ အသေအချာ ကြည့်လိုက်သည့်အခါ ဦးသောဘိတ၏ "အင်္ဂါဇာတ်" ကိုပါ ဓားဖြင့် လှီးဖြတ်ထားသည်ကို တွေ့လိုက်ရပါသည်။

          ရန်အောင်မြင်ရပ်ကွက်မှ နာရေးအသင်းကားနှင့်ပင် အလောင်း တင်ပါသည်။ မြင်တော်ကန် သင်္ချိုင်းမှာ သင်္ဂြိုဟ်ပါသည်။ ဦးသောဘိတ၏ ဇာတိရွာ (ညောင်ဦးဖီးအုပ်စု၊ ဒုန်းကုန်းရွာ) ရွာသူ ရွာသားများ ဟိုင်းလက် တစ်စီးဖြင့် လိုက်ခွင့်ရပါသည်။ ဦသောဘိတ၏အစ်ကို ဦးထွန်းမြင့်နှင့် ဦးသောဘိတ၏ မယားဟောင်းတို့လည်း ပါလာကြပါသည်။

(ဆက်လက်ဖော်ပြပါမည်။)
Wira Thu

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...