Ads (728x90)


နိုင်ငံတစ်ခုခု ဆိုပါစို့။ အနောက်နိုင်ငံတွေ၊
ဒီမိုကရေစီထွန်းကားပြီး လူ့အခွင့်အရေးအပြည့်အဝရတဲ့ နိုင်ငံတွေမှာတောင် နိုင်ငံသားပြုမှုဥပဒေ (Law of Naturalization) ဟာ သူ့နိုင်ငံရဲ့ ကောင်းကျိုးအတွက် ဒီလူတစ်ဦးတစ်ယောက်ဟာ အကျိုးပြုနိုင်ရမယ်လို့ ယုံကြည်နိုင်လောက်တဲ့ အထောက်အထား၊ သက်သေ ရှိမှ ပေးတာ အထင်အရှားပါပဲ။ အဲ့ဒီလို လုပ်ရခြင်းက National Interest, national security စတဲ့ နိုင်ငံရဲ့အကျိုးစီးပွား၊ နိုင်ငံေ
တ်ာလုံခြုံရေး စတဲ့ အကြောင်းခြင်း၇ာတွေကို အဖက်ဖက်က ဆင်ခြင်သုံးသပ်ပြီး ဒီလို ပေါ်လစီကို ချထားကြတာပဲ။ အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ၊ပြင်သစ်၊ အီတလီ..အစရှိသဖြင့်ပေါ့။

ဘယ်နိုင်ငံမှ သူ့ နိုင်ငံသားပြုမှု ဥပဒေကို Human Right ရှုထောင့်တစ်ခုတည်းကနေကြည့်ပြီး ရေးဆွဲမထားပါဘူး။ ရေးဆွဲထားတဲ့ နိုင်ငံရှိရင် လက်ညှိုးထိုးပြလိုက်စေချင်ပါတယ်။။ အနောက်တိုင်းဒီမိုကရေစီနိုင်ငံတွေမှာ ခွင့်ပြုထားတဲ့ Asylum Act ဆိုတာက အလုံးလိုက်အရင်းလိုက်အတွက်လား၊ အချိုးအစားနည်းနည်းလေးအတွက်လား ဆိုတာ လေ့လာကြည့်နိုင်ပါတယ်။ ဒုက္ခသည်ကနေ နိုင်ငံသားခံမယ့် အရေအတွက်ဟာ တိုင်းပြည်ထဲကို အသစ်ဝင်လာတဲ့ ပရော်ဖက်ရှင်နယ်လ် ပညာရှင် နိုင်ငံသားတွေအရေအတွက်အောက် သိသိသာသာကို နိမ့်ပါးနေတာကို တွေ့ရပါလိမ့်မယ်။

Non-professional asylum seekers တွေက Professionals တွေနဲ့ ဆတူနီးပါး ဖြစ်နေတဲ့အနေအထားတစ်ခုကို ဘယ်ဒီမိုကရေစီ၊ ဘယ်အာဏာရှင်နိုင်ငံကများ လူ့အခွင့်အရေးရှုထောင့်ကနေပြီး ဥပဒေချမှတ်နိုင်ငံသားပြုခွင့်ပေးထားတာ ရှိပါသလဲ။

Interest Orientated approach (or) Pragmatic approach နဲ့ သွားနေကြတဲ့အချိန်မှာ နိုင်ငံတိုင်းဟာ သူ့နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးအပေါ် သက်ရောက်မှုကြီးကြီးမားမား ရှိလာနိုင်တဲ့ Immigration Policy ကို ရှုထောင့်အသီးသီးကနေ ကြည့်ပြီး ချမှတ်ကြရတာဖြစ်ပါတယ်။ လူ့အခွင့်အရေးပေတံ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ပေတံတွေ အများကြီးလိုပါတယ်။

ဒီ ဘင်္ဂါလီရိုဟင်ဂျာကိစ္စက ထင်တာထက် ရှုပ်ထွေးတယ်။

(၁) နယ်စပ်ပြဿနာဖြစ်တယ်။ နယ်မြေချဲ့ထွင်ရေးပြဿနာတွေ ရှိနေတယ်။ လုံခြုံရေး ပြဿနာတွေ ရှိနေပါတယ်။

(၂) ကမ္ဘာ့တတိယ လူဦးရေပေါက်ကွဲမှုအမြင့်ဆုံး ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ဖြစ်နေတယ်။ သိပ် Risk များတဲ့နေရာ ဖြစ်နေတယ်။

(၃) ဘင်္ဂါလီ ရိုဟင်ဂျာအများစုဟာ ပညာမတတ်ကြဘူး။ ဒေသတွင်း စီးပွားရေး၊ ပညာရေး၊ တိုးတက်ရေးကို အထောက်အကူပေးဖို့ထက် ပြည်နယ်နှင့်တိုင်း ၁၄ခုမှာ အဆင်းရဲဆုံး ဒုတိယစွဲတဲ့ ရခိုင်ပြည်နယ်အတွက် မစိစစ်ဘဲ ဝင်လာတဲ့ လူတွေက ဝန်ထုပ်ဝန်ပိုး ပိုများစေတယ်။

(၄) မြန်မာပြည်မှာ တိုင်းရင်းသားအရေးဟာ အစိုးရက အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ အရေးပါနေဆဲ ကိစ္စရပ်ကြီးပါ။ ဒါကြောင့် တိုင်းရင်းသားဖြစ်ခွင့်တောင်းခံခြင်း ရဲ့ နောက်ကွယ်မှာ လေးနက်တဲ့အကြောင်းအရာတွေ ရှိနေနိုင်ပါတယ်။

(၅) ဘင်္ဂါလီရှစ်သိန်းထဲမှာ နိုင်ငံသားဖြစ်ထိုက်သူ၊ ခိုးဝင်လာသူ အုတ်အရောရော ကျောက်အရောရော ဖြစ်နေပါတယ်။ ပညာရေး၊ ကျန်းမာရေးစ၇ိတ်တွေက ဆင်းရဲနေတဲ့ မြန်မာပြည်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပါတယ်။

(၆) ပဋိပက္ခနောက်ဆက်တွဲအနေနဲ့ မွတ်စလင်နိုင်ငံတွေနဲ့ Diplomatic Relations တွေအပေါ်မှာ ဖိအားတွေ ၇ှိလာပါတယ်။ တရုတ်-အမေရိကန် တို့လိုနိုင်ငံတွေက မှုစရာမလိုပေမယ့် အင်ဒို၊ မလေးတို့ လို မြန်မာထက် စီးပွားရေးအင်အားကြီးတဲ့ နိုင်ငံတွေ အာဆီယံထဲပါနေတဲ့အတွက် အများကြီး ဆင်ခြင်စရာရှိနေပါတယ်။

ဒါကြောင့် ဒီနိုင်ငံသားပေးမှုဟာ အပိုင်းလိုက် ကိုင်တွယ်ရမယ့် ဖြစ်စဉ်ဖြစ်တယ်။ စီမံခန့်ခွဲမှု ကောင်းကောင်း လုပ်နိုင်သူတွေလိုတယ်။ Diplomacy နိုင်နင်းတဲ့ ကိုယ်စားလှယ်တွေ လိုအပ်တယ်။ အစိုးရ၊ အတိုက်အခံနဲ့ ပြည်တွင်းမွတ်ဆလင် ကိုယ်စားလှယ်တွေရဲ့ ပူးပေါင်းမှုတွေ လိုအပ်ပါလတယ်။
 
By :
Myo Set

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...