Ads (728x90)

 
အခုဖော်ပြထားတဲ့ သတင်းနှစ်ခုဟာ မီဒီယာတစ်ခုတည်းက အယ်ဒီတာအဖွဲ့တစ်ခုတည်းက တာဝန်ယူပြီး အင်္ဂလိပ်နဲ့ မြန်မာ နှစ်ဘာသာနဲ့ တင်ထားတာဖြစ်ပါတယ်..။ မြန်မာလိုရေးထားတဲ့သတင်းဟာ တကယ့် သတင်းမှန်ဖြစ်ပေမယ့် အင်္ဂလိပ်လိုတင်တဲ့ သတင်းမှာ သုံးထားတဲ့ ဓာတ်ပုံ၊ နဲ့ နောက်ခံအကြောင်းအရာတွေကို သုံးသပ်ခြင်း၊ သာသာထိုးထိုးဖော်ပြခြင်း၊ ထောက်ပြထားခြင်းဟာ ဘာကိုရည်ညွှန်းနေတယ်ဆိုတာ အားလုံးသိကြမှာပါ..။ အဲဒါကိုကြည့်ရင် ဒီမီဒီယာရဲ့ မရိုးသားမှု
၊ ကောက်ကျစ်စဉ်းလဲမှုနဲ့ ပြည်တွင်းကို သိစေချင်တာကတမျိုး၊ ကမ္ဘာကို သိစေချင်တာကတစ်မျိုး စသဖြင့် လှေနံနှစ်ဖက်နင်းထားမှုနဲ့ ဘယ်ဖက်ကို အရေးသာနေသလဲဆိုတာကို ပေါ်လွင်စေပါတယ်.။

ပြည်ပအခြေစိုက် မီဒီယာတစ်ခုဟာ ရိုးသားမှုမရှိရင် ပြည်တွင်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတဲ့မီဒီယာတွေလိုမဟ
ုတ်ပဲ နောက်ကွယ်မှာ ပါဝင်ပတ်သက်နေသူတွေ၊ ရန်ပုံငွေရယူမှုတွေ၊ ဘက်လိုက်မှုတွေ၊ တရားမျှတမှုမဲ့ခြင်းတွေ ရှိနေတယ်ဆိုတာ ထင်ရှားလာပါတယ်..။

ဧရာဝတီဟာ ဘယ်ဝင်ငွေနဲ့ရပ်တည်နေတာလဲ..။ ဘယ်ဖက်ကလဲ၊ ပြည်သူကို ကိုယ်စားပြုမပြုနဲ့ အခုလို သတင်းအတူတူမှာ အင်္ဂလိပ်နဲ့ မြန်မာ ရေးသားမှု ကွဲပြားနေတဲ့အချက်ကိုကြည့်ရင် သိသာပါတယ်.။

သေချာတာက ရန်ပုံငွေလှူဒါန်းသူတွေဟာ အင်္ဂလိပ်စာ ကျွမ်းကျင်စွာ ဖတ်တတ်ကြသလို OIC ဟာလည်း အင်္ဂလိပ်စာ ဖတ်တတ်ကြပါတယ်.။

ဒီလိုမီဒီယာမျိုး မြန်မာပြည်လာ အခြေစိုက်မယ်ဆိုတာကို လုံးဝကန့်ကွက်ပြီး ဒီလို သတင်းဖော်ပြပုံမျိုးကို လုံးဝ ပြစ်တင်ရှုတ်ချပါတယ်..။

အဲဒီလောက်အထိ စားပိုးနင့်အောင်စားထား ၀ါးထား လုပ်စားကြသလားဗျာ..။

လူ့အခွင့်အရေးကြောင့်ဆိုရင်လည်း
ဒုက္ခရောက်နေတဲ့ ရခိုင် တိုင်းရင်းသား ဒုက္ခသည်တွေပုံ ဖော်ပြတာ မတွေ့ရတာ ထုံးစံပါပဲ..။

သတင်းတူပေမယ့် ဖော်ပြပုံခြင်း ရည်ရွယ်ချက်ချင်းမတူတဲ့ မူရင်း လင့်နှစ်ခုကို တင်ပေးလိုက်ပါတယ်.။
မြန်မာလို..။
http://burma.irrawaddy.org/
archives/17403

အင်္ဂလိပ်လို..။
http://www.irrawaddy.org/
archives/11227

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...