Ads (728x90)


.......................................................................................

ရခိုင်ပြည်
နယ်အတွင်းရှိ လူမျိုးရေးတင်းမာမှုများကို အထူးစိုးရိမ်မိသော်လည်း OIC (Organization of Islamic Coroperation) အစ္စလာမ်မစ်နိုင်ငံများအဖွဲ့က စွပ်စွဲသကဲ့သို့ ရခိုင်ဒေသတွင် မြန်မာအစိုးရက လူမျိုးသုဉ်းသတ်ဖြတ်နေမှုများမှာ မဟုတ်မှန်ကြောင်း....။
အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Patrick Ventrell
...............................................................................................

ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား (လက်ရှိ အာဆီယံဥက္ကဌ) က ပြောကြားပြီးရက်ပိုင်းအတွင်းမျာ ကမ္ဘာ့ အင်အားကြီးနိုင်ငံ ဖြစ်တဲ့ အမေရိကန်က နိုင်ငံခြားရေးဌာနက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းကြောင့် နိုင်ငံတကာမှာ အစ္စလာမ်များကို လူမျိုးတုန်းသတ်ဖြတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ တော်တော်လေး မှေးမှိန်သွားပြီဖြစ်သလို အမေရိကန် အစိုးရ နိုင်ငံခြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက OIC ကို အမည်တပ်ပြောကြားလိုက်ခြင်းဟာ ၄င်းတို့ရဲ့ရပ်တည်မှုကို အထင်အရှားပြသလိုက်တာပဲဖြစ်ပါတယ်..။

OIC ဘာလဲဆိုတာ.. အမေရိကန်သိပါတယ်။ ဒါကြောင့် နောင်တစ်ချိန်မှာ မဟာဗျူဟာအရကော အကျိုးစီပွားအရပါ မိမိအတွက် အရေးပါလာမယ့် နိုင်ငံတစ်ခုကို အစ္စလာမစ် တွေရဲ့ ဖိအားမှ ဆွဲတင်လိုက်ခြင်းလို့ ယူဆပါတယ်..။ အမေရိကန်ရဲ့ အဲဒီလိုကြေညာချက်ကြောင့် OIC လွှမ်းမိုးတဲ့ နိုင်ငံတာကအဖွဲ့အစည်းများ၊ NGO များနဲ့ ဘင်္ဂလီကို တိုင်းရင်းသားဖြစ်ရေး စီစဉ်နေသူများဟာ ၂၀၀၁ WTC အကြမ်းဖက်ခံရပြီး စီအိုင်အေက ရိုဟင်ဂျာအကြမ်းဖက်သမားများအကြောင်းဖော်ထုတ်ခဲ့တုန်းကလို ဘရိတ်အုပ်သွားတာ သိသာပါတယ်..။ အမေရိကန်ဟာ တစ်ဖက်က OIC ကို ထောက်ပြလိုက်သလို တူရကီကို ဆီးရီးယားအရေးမှာ တွဲခေါ်လိုက်ခြင်းဖြင့် ဥရောပရဲ့ တစ်ခုတည်းသော အစ္စလာမ်နိုင်ငံဖြစ်တဲ့ တူရကီကို OIC ရဲ့ လွှမ်းမိုးမှုကို ပျက်ပြယ်စေခဲ့ပါတယ်..။ အဲဒါကို လေ့လာခြင်းအားဖြင့် အမေရိကန်ဟာ ..Diplomacy အရ ကစားကွက်တစ်ခုကို ဒီငါးရက်အတွင်းမှာ ကစားပြခဲ့ပါတယ်.....။
http://www.tamilguardian.com/article.asp?articleid=5492
US reject claims of ethnic cleansing in Burma
www.tamilguardian.com
A Tamil political prisoner who had been in a coma for several weeks following an attack on Tamil detainees by prison guards at Vavuniya prison in June, died at 2:30am

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...