Ads (728x90)



ကျနော်တို့ မြန်မာတွေထဲမှာတောင် ပြည်ပခိုးဝင် ရိုဟင်ဂျာ ဘင်္ဂါလီတွေရဲ့ အန္တရာယ်ကို အမျိုးသားရေးရှုထောင့်ကနေ မကြည့်တတ်သေးသူတွေ၊ မကြည့်ချင်သူတွေ ရှိနေတာကို တွေ့ရပါတယ်။

နိုင်ငံမှ မတူဘဲ ဖြစ်နေတာ လူမျိုးရေးကိစ္စကို ဘယ်လို အသားပေး ကာကွယ်ပေးလို့ ရနိုင်မလဲ.. မြန်မာဘက်ကနေ နည်းနည်းလေးလောက်တော့ သစ္စာရှိရှိ စဉ်းစားသင့်တယ်။

တချို့ကလည်း ...
ထင်နေကြတာ ရှိမယ်။ ဒါဟာ ဦးနေဝင်းခေတ်က ရိုက်သွင်းတဲ့ မျက်ကန်း မျ
ိုးချစ်စိတ် ဆိုပြီး ဘာညာ။ ဒါ မဆိုင်တဲ့ကိစ္စကို ရောချနေတဲ့ သစ္စာမဲ့သူတွေရဲ့ မှန်းဆချက်မျိုးပဲ။ မျိုးချစ်စိတ် ထက်သန်တာနဲ့ မျက်ကန်း မျိုးချစ်စိတ်ကို ကောင်းကောင်း မခွဲတတ်သူတွေ ရမ်းတုတ်နေကြတာပဲ ဖြစ်တယ်။

အခုလို ပြည်ပခိုးဝင် အန္တရာယ်ပေးလာတာကို ထိုင်ကြည့်ပေးနေရမလား၊ လက်ခံအားပေးနေရမလား၊ တိုင်းပြည်အပေါ် သစ္စာမဲ့သူတွေကတော့ ကျနော်တို့ကို အဲဒီလို ဖြစ်နေစေချင်မှာပဲ။ ခင်ဗျားတို့ သစ္စာမဲ့ချင်မဲ့ပေမယ့်လည်း ကျနော်တို့ကတော့ တိုင်းပြည်အပေါ် သစ္စာရှိမြဲရှိနေရမှာ ဖြစ်တယ်။

ပြည်ပရန် ဆိုတာ ပြည်ပကနေ တိုင်းတပါးသားတွေက လက်နက်ကိုင် တိုက်ခိုက်လာတာ တခုတည်း မဟုတ်။ လဝက ဥပဒေကို ချိုးဖောက်ဝင်လာသူတွေလည်း ပါတယ်။ အထဲရောက်မှ ပြဿနာ ရှာနေသူတွေလည်း ပါတယ်။ အင်တာနက်ကို အသုံးပြုပြီး အဖျက်အမှောင့်တွေ သွေးထိုး လှုံ့ဆော်ပေးနေတာတွေလည်း ပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံသားဖြစ်ရက်နဲ့ မြန်မာနိုင်ငံအပေါ် သစ္စာမဲ့သူတွေလည်း ပါတယ်။

ဒါတွေရှိနေလို့ အခုအချိန်မှာ မြန်မာနိုင်ငံက ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေဟာ ပိုပြီး ကြီးထွားလာနေရတာ ဖြစ်တယ်။ အစိုးရ လုပ်သင့်တဲ့ကိစ္စ လုပ်နေဖို့ အစိုးရကို တိုက်တွန်း အကြံပေးနေရမှာပဲ ဖြစ်တယ်။ ပြည်သူတွေ လုပ်ပေးနိုင်တဲ့ ကိစ္စမျိုးတွေမှာလည်း အမျိုးသားရေးကိစ္စကို ရှေ့တန်းတင်ပြီး လုပ်နေမှာပဲ ဖြစ်တယ်။

အခုအချိန်မှာတော့ မြန်မာနိုင်ငံသားတွေဟာ ပြည်တွင်းမှာပဲရှိရှိ၊ ပြည်ပကိုပဲရောက်ရောက် အရင်ထက်စာရင် စိတ်ဓါတ်တွေ ပြင်းထန်လာနေတာ၊ အပြုအမူတွေ ပိုပြီး ရဲရင့်လာနေတယ်။ နိုင်ငံရေးမှာ ပိုပြီး နိုးကြားတက်ကြွလာနေတယ်။ အန္တရာယ်တွေကို လက်ရှိလည်း မြင်နေသလို နောင်ဖြစ်လာနိုင်တာတွေကိုလည်း ကြိုမြင်တတ်နေပြီ။ ဘယ်လိုနည်းလမ်းတွေနဲ့ တားဆီးဖယ်ရှားနိုင်မလဲ ဆိုတာကို ပူးပေါင်းအဖြေရှာတတ်လာပါပြီ။

ဒါဟာ မြန်မာနိုင်ငံကို ကာကွယ်ဖို့သာ ဖြစ်တယ်။ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မထိခိုက်ရင် အခြား ဘယ်သူ့ကိုမှ ထိခိုက်နစ်နာအောင် လုပ်နေမှာ မဟုတ်ပါဘူး။
By :

Lwin Aung Soe

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...