Ads (728x90)


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)၏ (၆)ကြိမ်မြောက် ကောင်စီအစည်းအဝေးကို
အိမ်ရှင်အဖြစ်လက်ခံကျင်းပ သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ကျင်းပခဲ့သည့် (၅)ကြိမ်မြောက်အစည်းအဝေး
ဆုံးဖြတ်ချက်အရ သိရှိရသည်။

ပြီးခဲ့သည့် ကောင်စီအစည်းအဝေးသို့ MFF ဥက္ကဋ္ဌဦးဇော်ဇော်နှင့် အထွေထွေအတွင်းရေးမှူး ဦးတင်အောင်တို့ တက်ရောက် ဆွေးနွေး
ခဲ့ကြသည့်အပြင် ၂၀၁၂ ဆူဇူကီးဖလား အုပ်စုနှင့်ခြေစစ်ပွဲစဉ်များကိုလည်း မဲနှိုက်ရွေးချယ်ပေးခဲ့ကြသည်။ ယင်းနောက် (၆)ကြိမ်မြောက်
အစည်းအဝေးအတွက် မြန်မာနိုင်ငံအား အဖွဲ့ဝင်နိုင်ငံများမှ အိမ်ရှင်အဖြစ်ရွေးချယ်ခဲ့ကြရာ လာမည့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၄
ရက်နေ့တွင် AFF 6th Council Meeting ကို အောင်မြင်စွာကျင်းပရေးအတွက်  MFF အနေဖြင့်  ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။


MFF ဥက္ကဋ္ဌဦးဇော်ဇော် ဆူဇူကီးဖလားပွဲစဉ်များ မဲနှိုက်ရွေးချယ်ပေးစဉ်(photo-AFF)

(၅)ကြိမ်မြောက်အစည်းအဝေး

အာဆီယံဘောလုံးအဖွဲ့ချုပ် ၅ ကြိမ်မြောက် ကောင်စီအစည်းအဝေးတွင် MFF ဥက္ကဋ္ဌနှင့်အထွေအထွေအတွင်းအရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး
ဒေသတွင်း ဘောလုံးလောက ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဖြစ်သည့် လူငယ်ပြိုင်ပွဲများကျင်းပရေး၊ ဒိုင်သင်တန်းများ နှင့် နည်းစနစ်ဆိုင်ရာ
သင်တန်းများ ဖွင့်လှစ်ပို့ချရေး၊ အမျိုးသမီးဘောလုံးပြိုင်ပွဲများနှင့် သက်တမ်းအလိုက် ချန်ပီယံရှစ်ပြိုင်ပွဲများကျင်းပရေး၊ အာဆီယံနိုင်ငံများမှ ကလပ်
အသင်းများ ပါဝင်ယှဉ်ပြိုင်မည့် အာဆီယံချန်ပီယံလိဂ်ပြိုင်ပွဲ အနာဂတ်တွင် အောင်မြင်စွာကျင်းပနိုင်ရေး တို့ကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ
ဖြင့် ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

သြစတြေးလျဘောလုံးအဖွဲ့ချုပ်(FFA) အား အာဆီယံဘောလုံးအဖွဲ့ချုပ်အတွင်းတင်းပြည့်အဖွဲ့ဝင် အဖြစ်ထည့်သွင်းရေးနှင့်ပက်သက်၍ ဆွေးနွေး
ရန်ရှိသော်လည်း FFA မှကိုယ်စားလှယ်များ အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်းမရှိသဖြင့် ယင်းကိစ္စကို ချန်လှပ်ခဲ့ရကြောင်း လည်းသိရသည်။

Branding of Youth and Women's Competitions ဆပ်ကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ရာ ကော်မတီဥက္ကဋ္ဌအဖြစ်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်မှ တာဝန်ယူဆောင်ရွက်ရန် ရွေးချယ်ခံခဲ့ရကြောင်း...


Branding of Youth and Women's Competitions

ပြီးခဲ့သည့် AFF ကောင်စီအစည်းအဝေးတွင် ဒေသတွင်း လူငယ်နှင့်အမျိုးသမီးဘောလုံးပြိုင်ပွဲများ ကျယ်ပြန့်စွာအောင်မြင်မှုရရှိရေးအတွက်
Branding of Youth and Women's Competitions ဆပ်ကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ရာ ကော်မတီဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဦးဇော်ဇော်မှ တာဝန်ယူဆောင်ရွက်ရန် ရွေးချယ်ခံခဲ့ရကြောင်းလည်းသိရသည်။ ယင်းကော်မတီ၏ အဖွဲ့ဝင်များကိုမူ ဥက္ကဋ္ဌဖြစ်သူမှ ဆက်လက်
တာဝန်ပေးခန့်အပ်သွားမည်ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်တွင် MFF ဥက္ကဋ္ဌဦးဇော်ဇော်သည် Emergency Committee နှင့် Finance and Marketing Committee တို့တွင်
အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ Media Committee ဥက္ကဋ္ဌအဖြစ်လည်းကောင်း ပူးတွဲတာဝန်ယူထားသည်။ ထို့အပြင် အာရှဘောလုံးအဖွဲ့ချုပ်(AFC)
တွင်အမှုဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)တွင် သဲသောင်ပြင်ဘောလုံး ကော်မတီအဖွဲ့ဝင်အဖြစ် လည်းကောင်း
တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

  



မြန်မာနေရှင်နယ်လိဂ်ဆိုဒ်မှ .....

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...