Ads (728x90)


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အမှတ်(၁)၊အမှတ်(၂)၊အမှတ်(၃) အခြေခံပညာဦးစီးဌာနများနှင့်
ပူးပေါင်း၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၂)နှစ်အောက်(Under-12) ဘောလုံးပြိုင်ပွဲကိုလာမည့် အောက်တိုဘာလအတွင်းကျင်းပ
သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။  

MFF နှင့် အခြေခံပညာဦးစီးဌာနများအနေဖြင့် U-12 ပြိုင်ပွဲကို ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်
ဟူ၍ အဆင့်(၄)ဆင့်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အခြေခံပညာဦးစီးဌာနများမှ ကျောင်းအဆင့်ပြိုင်ပွဲများ စတင်ကျင်းပ
နေပြီဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲများတွင် အသက်(၁၂)နှစ်အောက် ကျောင်းသားများအား အသက်မှန်ကန်စွာဖြင့် စနစ်တကျ ရွေးချယ်ကာ
ပြိုင်ပွဲဝင်စေရန် သက်ဆိုင်ရာ ကျောင်းများအလိုက် ဆရာ၊ဆရာမ များကတာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

U-12 ပြိုင်ပွဲအား နိုင်ငံတကာမှကျင့်သုံးလျက်ရှိသည့် သက်တမ်းအလိုက်ပြိုင်ပွဲများနှင့် Gressroot ကျင်းပသည့်ပုံစံအတိုင်း ကွင်းအရွယ်အစား၊
ဘောလုံးအရွယ်အစား၊ ဂိုးတိုင်နှင့်ဂိုးဧရိယာ၊ လူစားလဲမှုနှင့်လူကျွံဘော စနစ်များကို ပြင်ဆင်ထားပြီး တစ်ဘက်လျင်(၈)ဦး ပါဝင်ကစားရသည့်
ပုံစံအတိုင်း ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲအား အခြေခံပညာဦးစီးဌာနများမှ ဆရာ၊ဆရာမများက ဒိုင်များအဖြစ်လည်းကောင်း၊ ပြိုင်ပွဲကျင်းပ
သူများအဖြစ်လည်းကောင်း၊နည်းပြများအဖြစ်လည်းကောင်း အသီးသီးတာဝန်ယူသွားမည်ဖြစ်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ
နှင့် နည်းစနစ်ကော်မတီများမှ ကျွမ်းကျင်သူများက ယင်းတို့အား ရက်တိုသင်တန်းများဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်သည်။ ထို့အပြင် အမှတ်(၁)
(၂)(၃) အခြေခံပညာဦးစီးဌာနများအတွက်လည်း ပြိုင်ပွဲတွင်အသုံးပြုမည့် Size (4) အရွယ်အစား ဘောလုံးများကို ဌာနတစ်ခုလျင် (၂၀၀)စီဖြင့်
စုစုပေါင်း အလုံးရေ(၆၀၀)ကို ပံ့ပိုးကူညီသွားမည်ဖြစ်သည်။



" ယူ-၁၂ ပြိုင်ပွဲကို ကျင်းပရတဲ့အဓိက ရည်ရွယ်ချက်က မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်းကောင်းတစ်သင်းပေါ်ထွက်လာပြီး ကမ္ဘာ့ဖလား
ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲအောင်ဖို့ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပပေးသွားမှာဖြစ်တာကြောင့် တစ်နှစ်ပြီးတစ်နှစ်ထွက်ပေါ်လာတဲ့ကစားသမား
ကောင်းတွေကို FIFA နဲ့ AFC သက်တမ်းအလိုက်ပြိုင်ပွဲတွေအတွက် ရွေးချယ်သွားမှာဖြစ်သလို အကယ်ဒမီကျောင်းတွေနဲ့ လည်းပေါင်းစပ်ဖွဲ့စည်း
သွားမှာပါ။ ဒါကို ကျွန်တော်တို့ စနစ်တကျဆောင်ရွက်သွားပါမယ်။ " ဟု MFF အထွေထွေအတွင်းရေးမှူး ဦးတင်အောင်က ပြောကြားခဲ့ သည်။

MFF Marketing Department အနေဖြင့်လည်း ယင်းပြိုင်ပွဲအတွက် စပွန်ဆာပံ့ပိုးမှုရရှိရန် ကြိုးပမ်းလျက်ရှိပြီး ပံ့ပိုးမှုရရှိသည်နှင့် နောက်ဆုံးအဆင့်
ပြိုင်ပွဲများမှ စတင်ကာ Title Spponsor အမည်ဖြင့်ကျင်းပပေးသွားမည်ဖြစ်သည်။

U-12 ပြိုင်ပွဲဝင်အသင်းတစ်သင်း၏ ဖွဲ့စည်းပုံ
ုံ
ကစားသမား- ၁၆ ဦး
နည်းပြ- ၂ ဦး
အုပ်ချုပ်သူ- ၁ ဦး

ပြိုင်ပွဲအတွက် သက်မှတ်စည်းမျဉ်းအချို့

ကွင်းဧရိယာ - အလျား ၈၀ မီတာ x အနံ ၆၀ မီတာ
ဂိုးတိုင်- အမြင့် ၆ ပေ x အလျား ၁၂ ပေ
လူကျွံဘော- မရှိ
လူစားလဲမှု- အကန့်အသတ်မရှိ
ပွဲကစားချိန်- ပထမပိုင်း(၂၀)မိနစ်၊ နားချိန်(၁၀)မိနစ်၊ ဒုတိယပိုင်း(၂၀)မိနစ်
အ၀ါ- ရှိ
အနီ-ရှိ ( အနီကတ်ပြသခံရပြီး (၃)မိနစ်ပြည့်ပါက (သို့) ၃ မိနစ်မပြည့်မီ မိမိအသင်းဂိုးပေးလိုက်ရပါက  ပြန်လည်ထည့်သွင်းကစားနိုင်)
ဘောလုံးအရွယ်အစား- Size No(4)


အင်္ဂလန်နိုင်ငံမှ U-12 ဘောလုံးပြိုင်ပွဲတစ်ခု (photo-BBC news)


မြန်မာနေရှင်နယ်လိဂ်ဆိုဒ်မှ .....

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...