Ads (728x90)

Friday 13 July 2012 12:21 pm
ကျင်းပပြီးစီးခဲ့သည့် အာရှအသက်(၂၂)အောက်ပြိုင်ပွဲ (AFC U-22)တွင် ခြေစစ်ပွဲအောင်မြင်ခဲ့သော မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းအား
ဂုဏ်ပြုပွဲအခမ်းအနားကို လာမည့် ဇူလိုင်(၁၅)ရက်နေ့၊ ညနေ(၆း၃၀)နာရီတွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပသွားမည်ဖြစ်သည်။ မီဒီယာများ
အနေဖြင့်လည်းအဆိုပါ အခမ်းအနားသို့ တက်ရောက်သတင်းရယူပေးပါရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းသည် AFC U-22 ခြေစစ်ပွဲ အုပ်စု(G) ပွဲစဉ်များကို အိမ်ကွင်းပရိသတ်ရှေ့မှောက်တွင် အကောင်းဆုံး
ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဖိလစ်ပိုင်အား(၅-၁)၊ဗီယက်နမ်အား(၃-၁)၊တရုတ်(တိုင်ပေ)အသင်းအား(၆-၂)တို့ဖြင့် အနိုင်ရရှိခဲ့ပြီး အာရှထိပ်သီး
တောင်ကိုရီးယားနှင့်ဂိုးမရှိ သရေကျကာ နောက်ဆုံးပွဲစဉ်တွင် မလေးရှားကို အကြိတ်အနှယ်ကစားပြီး (၂-၁)ဂိုးအနိုင်ရရှိခဲ့သည်။ မြန်မာလူငယ်
အသင်းသည် ခြေစစ်ပွဲစဉ် များတစ်လျှောက် ရှုံးပွဲမရှိခဲ့ဘဲ တောင်ကိုရီးယားအသင်းနှင့်ရမှတ်တူ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် AFC U-22 ခြေစစ်ပွဲကို အောင်မြင်စွာလက်ခံကျင်းပပေးနိုင်ခဲ့ပြီး အခြားအုပ်စုများထက် ကွင်းဝင်ပရိသတ်
အများဆုံးဝင်ရောက်ကြည့်ရှုသည် အုပ်စုအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ ထိုသို့ ခြေစစ်ပွဲအောင်မြင်စွာ လက်ခံကျင်းပနိုင်ခြင်းမှာ အဘက်ဘက်မှ
ဝိုင်းဝန်းကူညီ ပံ့ပိုးပေးသူများ၊အဖွဲ့အစည်းများ၊မီဒီယာများ၊ စေတနာ့ဝန်ထမ်း လုပ်အားပေးသူများ၊ စည်းကမ်းတကျအားပေးသည့် မြန်မာ့ဘောလုံး
ပရိသတ်များ၏ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်ဖြစ်ပြီး ယင်းအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

 



မြန်မာနေရှင်နယ်လိဂ်ဆိုဒ်မှ .....

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...