Ads (728x90)


ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်း မြို့တော်၌ စက်တက်ဘာလ ၁၃ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်ကျင်းပမည့် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်
၂၀၁၂ပြိုင်ပွဲ ကြိုတင်ပြင်ဆင်သည့် အနေဖြင့်  မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ ဂျပန် ကလပ်
အသင်းများနှင့် Joint Training အဖြစ် ပူးတွဲလေ့ကျင့်သွားမည် ဖြစ်သည်။ အဆိုပါ ဂျပန်နိုင်ငံ လေ့ကျင့်ရေး ခရီးစဉ်သို့
မြန်မာ့လက်ရွေးစင် အမျိုးသမီး ကစားသမား ၂၃ဦးနှင့် နည်းပြ အုပ်ချုပ်သူ ၅ဦး ပါဝင်မည် ဖြစ်သည်။

ပူးတွဲလေ့ကျင့်ရေးခရီးစဉ်ကို သြဂုတ်လ ၂၄ရက်နေ့တွင် မြန်မာနိုင်ငံမှ စတင်ထွက်ခွာမည် ဖြစ်ပြီး အိုဆာကာမြို့တွင် ၁၀ရက်ကြာ ဂျပန်ကလပ်
အသင်း ၃သင်းခန့်ဖြင့် ခြေစမ်း ကစားသွားမည် ဖြစ်ပြီး ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၇၀၀၀၀ ခန့်ကုန်ကျ မည်ဖြစ်သည်။ အဆိုပါ
ကုန်ကျစရိတ်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှာ ကျခံသွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး
အသင်း၏ နေထိုင်မှုနှင့် လေ့ကျင့်ရေး ကွင်းရရှိရေး ကိစ္စများကို တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်သည်။



"ဂျပန်ခရီးစဉ်အတွက် သြဂုတ်လ ၂၄ ရက်နေ့မှာ ဂျပန်ကို စထွက်မှာပါ။ ဂျပန်ဘောလုံး အဖွဲ့ချုပ်က သြဂုတ်လ ၂၅ရက်နေ့နောက်ပိုင်းကို
လာခဲ့ဖို့ပြောပါတယ်။ ဒီအစီအစဉ်ကိုတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဇော်ဇော်က ဂျပန်နိုင်ငံဘောလုံး အဖွဲ့ချုပ်ကို အကူအညီ
တောင်းခံခဲ့တာပါ။ ဂျပန်သွားမယ့် ခရီးစဉ်မှာ ကစားသမား ၂၃ ဦးနဲ့ နည်းပြ အဖွဲ့ ၅ဦးပါဝင်မှာပါ။ ပြီးခဲ့တဲ့ လတုန်းက ဂျပန်နိုင်ငံ ဖူကူရှီးမား
အကယ်ဒမီက အမျိုးသမီး လူငယ် ကစားသမား ၅ဦး မြန်မာနိုင်ငံမှာလာပြီး Joint training လုပ်ပေးပါတယ်။ ဒီပူးတွဲ ကစားမှုက အရမ်းကို
ကောင်းပါတယ်။ လောလောဆယ်မှာ MFF Women Cup ရှိတဲ့ အတွက် မြန်မာ့လက်ရွေးစင်အသင်းကို Camp ဖြုတ်ထားပါတယ်။ ဒီပြိုင်ပွဲမှာ
ခြေစွမ်းပြတဲ့ ကစားသမားတွေကို မြန်မာ့လက်ရွေးစင် အသင်း အတွက် ရွေးချယ်သွားမှာပါ" ဟု မြန်မာ့အမျိုးသမီးလက်ရွေးစင်အသင်း
အဖွဲ့ခေါင်းဆောင် ဒေါ်မြတ်မြတ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။



မြန်မာနေရှင်နယ်လိဂ်ဆိုဒ်မှ .....


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...