Ads (728x90)


အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)က စီစဉ်ကျင်းပမည့် 2012 AFF Suzuki Cup ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များကို ရန်ကုန်မြို့တွင်
လာမည့်အောက်တိုဘာလ(၅)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ပွဲစဉ်ဇယားအား ယနေ့ထုတ်ပြန်ကြေညာလိုက်
သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အဆိုပါခြေစစ်ပွဲစဉ်များကို ယူ-၂၂ ပြိုင်ပွဲများ အောင်မြင်စွာလက်ခံကျင်းပသကဲ့သို့
အကောင်းဆုံးဖြစ်အောင် စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းခြေစစ်ပွဲအောင်ရေးအတွက်လည်း အစွမ်းကုန် ကြိုးပမ်းပြင်ဆင်
သွားမည်ဖြစ်သည်။



AFF ၏တရားဝင်ထုတ်ပြန်ထားချက်အရ မြန်မာအသင်းသည် အဖွင့်ပွဲစဉ်တွင် ဘရူနိုင်းအသင်းနှင့်စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး
တီမော၊ကမ္ဘောဒီးယား၊လာအို အသင်းများနှင့်အစဉ်လိုက် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်သို့
အမှတ်ပေးဇယားထိပ်ဆုံးမှ အသင်းနှစ်သင်းတက်ရောက်ကစားရမည်ဖြစ်ရာ ပထမနေရာရအသင်းမှာ ထိုင်းနိုင်ငံတွင်ကျင်းပမည့် အုပ်စု
(က)တွင်လည်းကောင်း၊ ဒုတိယနေရာရအသင်းမှာ မလေးရှားနိုင်ငံတွင်ကျင်းပမည့် အုပ်စု(ခ)သို့လည်းကောင်း တက်ရောက်ကစားရ
မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းအား နည်းပြချုပ်ပက်ဆောင်ဟွာ စိတ်ကြိုက်ရွေးချယ်လေ့ကျင့်ပေးသွားမည်ဖြစ်ပြီး အာဆီယံချန်ပီယံရှစ်
ပြိုင်ပွဲသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ် အနိုင်ရဗိုလ်စွဲရန် ကြိုးပမ်းသွားမည်ဖြစ်သည်။

ခြေစစ်ပွဲစဉ်များ

၅-၁၀-၂၀၁၂   ကမ္ဘောဒီးယား - အရှေ့တီမော
၅-၁၀-၂၀၁၂   မြန်မာ-ဘရူနိုင်း
၇-၁၀၂၀၁၂ အရှေ့တီမော- မြန်မာ
၇-၁၀၂၀၁၂ လာအို-ကမ္ဘောဒီးယား
၉-၁၀-၂၀၁၂ ကမ္ဘောဒီး-ဘရူနိုင်း
၉-၁၀-၂၀၁၂ အရှေ့တီမော-လာအို
၁၁-၁၀-၂၀၁၂ ဘရူနိုင်း-လာအို
၁၁-၁၀-၂၀၁၂ မြန်မာ-ကမ္ဘောဒီးယား
၁၃-၁၀-၂၀၁၂ လာအို-မြန်မာ
၁၃-၁၀-၂၀၁၂ ဘရူနိုင်း-အရှေ့တီမော

နောက်ဆုံးအဆင့် အုပ်စုခွဲဝေမှု

အုပ်စု(က) ထိုင်း၊ဗီယက်နမ်၊ဖိလစ်ပိုင်၊ ခြေစစ်ပွဲ(ပ)
အုပ်စု(ခ) မလေးရှား၊ အင်ဒိုနီးရှား၊စင်ကာပူ၊ခြေစစ်ပွဲ(ဒု)


မြန်မာနေရှင်နယ်လိဂ်ဆိုဒ်မှ .....

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...