
“ထူး” အပြည်ပြည်ဆိုင်ရာစက်မှုလုပ်ငန်းစုကုမ္ပဏီ၏ ဖားကန့် မြို့နယ်၊ တောင်းကော့၊ ကောင်ဆန်ကျေးရွာ အနီးတွင် တည်ရှိသော ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မှ ဝန်ထမ်းများ နေထိုင်ရာ ဆိုဒ်အားလည်း ကေအိုင်အေ(KIA) များ မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်သည် ဟုသော သတင်းများကို ဖတ်ရှုရပါသည်။
ထို့အတူကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၁)ရှိ လုံးခင်းရဲစခန်းအား ဇန်န၀ါရီ ၁၅ ရက် ညနေ ၆ နာရီ ၃၅ မိနစ်ချိန်ခန့်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ မိုင်းခွဲ တိုက်ခိုက်မှု ကြောင့် ရဲတပ်ဖွဲ့ဝင်မိသားစု ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အွန်လိုင်းသတင်းများဖတ်ပြီး သိရသည်။
မိုင်းက နှစ်လုံးတောင် ပစ်ထည့်တာ၊ လူကို မမှန်လို့ တော်သေးတာပေါ့၊ ဂိတ်အဆောင်နဲ့ အဆောင် ဘေးမှာ ကျရောက် ပေမယ့် မိုင်းတွေက မကွဲဘူး၊ KIA အဖွဲ့ရဲ့ လုပ်ရပ်က တော်တော်လေး အောက်တန်းကျလွန်းတယ်ဗျာ” ဟု ယင်းကုမ္ပဏီမှ လုပ်သားတစ်ဦးက ပြောသည်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ငြိမ်းချမ်းသာယာရပ်ကွက်၊ လမ်းဆုံနေရာ၌ ဇန်န၀ါရီ ၁၅ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့် တွင် မိုင်းတစ်လုံးအား လည်းကောင်း၊ အောင်ရာရပ်ကွက် လမ်းဘေးနေရာ၌ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်းတစ်လုံး အားလည်းကောင်း KIA အဖွဲ့မှ ဖောက်ခွဲခဲ့ရာ မြို့ခံများလည်း အထိတ်တလန့်ဖြစ်နေကြကြောင်း မြို့ခံရပ်မိရပ်ဖတစ်ဦး ၏ ပြောပြချက်အရ သိရသည်။
Ref: ထွန်းနေအောင် (ဖားကန့်) Kachin Daily News
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။