ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး လွှတ်တော်တွင်း ယနေ့ မဲခွဲခဲ့သော်လည်း ထောက်ခံ ၇၅ ရာခိုင်နှုန်းမရရှိဘဲ ရှုံးနိမ့်သွား၍ မူလအတိုင်းသာ ဆက်လက်ထားရှိရတော့မည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ မဲပေးသူ ၅၈၃ ယောက်ရှိပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ထောက်ခံမဲ ၃၈၈ သာရရှိသဖြင့် ၇၅ ရာခိုင်နှုန်းမကျော်သဖြင့် ပြင်ဆင်နိုင်ခြင်း မရှိတော့ပေ။
ပုဒ်မ ၅၉ (စ) အတွက် မဲခွဲရာတွင်မူ မဲပေးခွင့်ရှိသူ ၅၈၃ တွင် ပြင်ဆင်ရေး ထောက်ခံသူ ၃၇၁ သာရှိပြီး လိုအပ်သည့် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမရ၍ ယင်းအဆိုလည်း ရှုံးနိမ့်သွားခဲ့ရသည်။
mizzima


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။