
နိုင်ငံတော်နှင့်အကျိုးတူလုပ်ကိုင်လျှက်ရှိသော “ထူး” အပြည်ပြည်ဆိုင်ရာစက်မှုလုပ်ငန်းစုကုမ္ပဏီ၏ ဖားကန့် မြို့နယ်၊ တောင်းကော့၊ ကောင်ဆန်ကျေးရွာ အနီးတွင် တည်ရှိသော ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မှ ဝန်ထမ်းများ နေထိုင်ရာဆိုဒ်အား ဇွန်လ (၁၈)ရက်ညပိုင်းတွင် လက်နက်ကိုင်တစ်စုမှ အဓမ္မ၀င်ရောက်ကာ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်ပွားပုံမှာ ဇွန်လ(၁၈)ရက် ည၂နာရီ၊မိနစ်၄၀ခန့်တွင် လက်နက်ကိုင်လူအင်အား(၁၅)ဦးခန့်မှ ကား(၁)စီး၊ ဆိုင်ကယ်အချို့ဖြင့်ရောက်ရှိလာကာ လုံခြုံရေးတာဝန်ကျဝန်ထမ်း(၂)ဦးအား ကချင်ဘာသာစကားများ ပြော ကြား၍ သေနတ်ဒင်ဖြင့်ရိုက်နှက် ကာ မြေပေါ် မှောက်ခိုင်းထားပြီး၊ အသင့်ယူဆောင်လာသော ဓာတ်ဆီများဖြင့် ၀န်ထမ်းများ၏ဆိုဒ်အတွင်း ရပ်တန့်ထားသော မြေသယ်ယာဉ်၊ အုပ်ချုပ်မှုယာဉ်၊ဆိုင်ကယ်များအား လောင်းပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
“ထူး” အပြည်ပြည်ဆိုင်ရာစက်မှုလုပ်ငန်းစုကုမ္ပဏီသည် ဥပဒေဘောင်အတွင်းမှ စည်းမျှဉ်းစည်းကမ်းများနှင့် အညီ လုပ်ကိုင်ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ရာ ၎င်း လက်နက်ကိုင်များက မည်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ အကြောင်းမဲ့ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ကို မသိရှိရသေးပေ။ လက်နက် ကိုင် လူတစ်စု၏ အဆိုပါ အဓိပ္ပါယ်ကင်းမဲ့လှသောလုပ်ရပ်သည် ၎င်းကုမ္ပဏီအား ထိခိုက်စေရုံသာမက ဒေသခံလူထု၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့် လက်ရှိစားဝတ်နေရေးကိုပါ ခြိမ်းခြောက်သည့် လုပ်ဆောင် မှုတစ်ခုပင် ဖြစ်ပါသည်။
သတင်းနှင့် နည်းပညာ
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။