နိုင်ငံ့အရေးကိုတော့စိတ်ဝင်
အိမ်မှာနေရင်း လွှတ်တော်ချန်နယ်ကိုကြည့်မိေ
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ နဲ့ အတူ အဲ့ဒီထဲမှာပါတဲ့ ၅၉(စ) , ၅၉(ဃ) နဲ့ 
၄၃၆ တို့ ကို မဖြစ်မနေပြင်ဖို့ နဲ့ မပြင်ဖို့ ကို အဆိုတင်သွင်းနေတာတွေကို
တွေ့ ရတယ် အဲ့ဒါကြောင့် အဲ့ဒါတွေအကြောင်း သေချာမသိသေးသူများ
==========================
ပုဒ်မ ၅၉(စ) နဲ့  ၅၉(ဃ) ဆိုတာ
--------------------------
ပုဒ်မ ၅၉ (စ) ကတော့ မိဘ၊ ဇနီး၊ ခင်ပွန်း၊ တရားဝင် သားသမီးတစ်ဦးဦး၊ ယင်းသားသမီးများရဲ့ ဇနီး၊ ခင်ပွန်းတွေဟာ တိုင်းတစ်ပါး နိုင်ငံသား မဖြစ်စေရဆိုပြီး ပြဌာန်းထားတာဖြစ်သလို ပုဒ်မ ၅၉ (ဃ) ကတော့ နိုင်ငံတော်သမ္မတလုပ်မယ့်သူဟ
ပုဒ်မ ၄၃၆ ဆိုတာ
--------------------------
ပုဒ်မ ၄၃၆ တွင် “(က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀ ၊အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊အခန်း (၁၂) ပုဒ်မ ၄၃၆တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု
လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ
ပေးပိုင်ခွင့်ရှိသူအားလုံး၏
==========================
တစ်ချို့ တွေကတော့ပြောတယ် ပြင်ဖို့ ဇွတ်အတင်းတောင်းဆိုနေသူတွေ
က တစ်ဦးတစ်ယောက်အတွက်တောင်းဆ
ဒီလူမျိုးတွေအားလုံးအတွက်ရေ
ပြင်ကိုပြင်ပေးမှရမယ်ဆိုတာက
အမှန်က ခြေဥကိုပြင်ချင်တယ်ဆိုပေမယ်
ပုဒ်မ ၅၉(စ) နဲ့  ၅၉(ဃ) ပဲ အဲ့ဒီပုဒ်မကိုပြင်ချင်တဲ့အတ
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ တစ်ခုလုံးကိုပြင်သင့်တယ်ဆို
ဒါက မဖြစ်သင့်တဲ့ ကိစ္စပဲ အဲ့ဒီ ဥပဒေက ဒေါ်စု သမ္မတမဖြစ်ဖို့ ဆွဲထားတာ
ဆိုတဲ့စကားကိုက မဟုတ်တာ ပုဒ်မ ၅၉(စ) နဲ့  ၅၉(ဃ) တို့ ဆိုရင်ရေးဆွဲသတ်မှတ်တုန်းက
ဒေါ်စုအဖေ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တု
သူ့ သမီး သမ္မတမဖြစ်အောင် တမင်ရေးဆွဲထားခဲ့တာဆိုတာ ဖြစ်နိုင်ပါ့မလား
ဗိုလ်ချုပ်က သူ့ နိုင်ငံသားတွေကို တိုင်းတစ်ပါးသားက အုပ်ချုပ်တာမျိုးမမြင်ချင်လ
အုပ်ချုပ်လို့ မရအောင်လို့  တမင်ရေးဆွဲပေးထားခဲ့တဲ့ဥပဒေ
ရေးဆွဲထားတဲ့ အခြေခံဥပဒေမို့ လုံးဝကိုမပြင်သင့်ဘူး သူ့ အဖေကိုယ်တိုင်ရေးခဲ့လို့ 
သူ့ သမီးအနေနဲ့  ဒါကိုလိုက်နာသင့်တယ် မဟုတ်ရင် မိဘက လက်နဲ့ ရေးတာကို
ခြေနဲ့ ဖျက်တဲ့ သားသမီးဖြစ်သွားမှာပေါ့။
ပြင်ဖို့ ဇွတ်အတင်းတောင်းဆိုနေသူတွေ
လုံးစေ့ပတ်စေ့မသိ မဖတ်ဖူး မမြင်ဖူးပဲ ဇွတ်အတင်း တောင်းဆိုနေကြတာများပါတယ်။
ပြင်ဖို့ တောင်းဆိုနေသူများအတွက် လူတွေအတွက်
ကို မျိုးမင်းသန့်  ရေးထားတာလေးကို ဖတ်ရှုစေချင်ပါတယ်
ဖတ်ရှုရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ် ( အောက်မှာဖတ်ရန် )
==========================
၅၉ (စ)ကို မပြင်/မဖျက် သင့်သော အကြောင်းရင်းများ
--------------------------
၅၉ (စ) ကို မပြင်သင့်ဘူးလို့ ကျွန်တော်ပြောတဲ့ အခါတိုင်း ဒီလိုပြောတာဟာ ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတ မဖြစ်စေချင်လိုသော မကောင်း သော စေတနာနှင့် ပြောတယ်လို့ ထင်ကြတယ်။ တကယ်တော့ ကျွန်တော်ပြောတာက ဒေါ်အောင် ဆန်းစုကြည် သမ္မတမဖြစ်ရအောင် ၅၉ (စ) ကို မပြင်သင့်တာ မဟုတ်ပဲ နောင်အနာဂတ် မြန်မာ နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွား နှင့် အမျိုးသား လုံခြုံရေးကို ထိခိုက်နိုင်တဲ့အတွက် ၅၉ (စ) ကို မပြင် ဖို့ ပြောတာ ဖြစ်ပါတယ်။
၅၉ (စ) ကို ဖျက်သိမ်းလိုက်လို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပြီးပြီပဲ ထားတော့။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သားချွေးမတွေက ပြည်ပသြဇာခံ ဖြစ်နေတဲ့အတွက် သားချွေးမတွေရဲ့ အင်္ဂလန်နိုင်ငံမှာ ဖြစ်ပျက် တဲ့ အဆိုးအကောင်းဟာ ဒေါ်စုအပေါ်မှာ ရိုက်ခတ်မှုရှိတယ်။ တနည်းအားဖြင့် မြန်မာနိုင်ငံရဲ့ self-determination ကို ထိခိုက်နိုင်ဖွယ် ရှိတယ်။ တစ်ဆက်တည်းမှာပဲ ပြည်တွင်းရေးကို ဝင်စွက်ဖက်နိုင်ဖွယ် ရှိတယ်။ စွက်ဖက်လို့ ရတယ်။ state-sovereignty ကို ထိပါးနိုင်တယ်။ ဆိုပါစို့ဗျာ....ကမ် အဲရစ်က ဗြိတိန်အစိုးရရဲ့ အာဘော်နှင့် ဘင်္ဂါလီအောင်ထွန်းကို လွှတ်ပေးဖို့ ဒေါ်စုကို ပြောတယ်ဆိုခဲ့လျှင်.....ဒါမ
ဒီနေရာမှာ မင်းက ဒေါ်စုသိက္ခာကို မယုံလို့လား၊ ကမ် အဲရစ်ကို မယုံလို့လားလို့ မေးလာခဲ့လျှင် ဒေါ်စုကို မယုံစရာ အကြောင်းမရှိဘူး။ ယုံတယ်။ ဒါပေမယ့် ဒါက ဥပဒေလေ။ ဒေါ်စုတစ်ယောက်တည်း နှင့် ဆိုင်တာ မဟုတ်ဖူး။ ဖွဲ့စည်းပုံမှာ ဒေါ်အောင်ဆန်းစုကြည်လို့ ရေးထားတာ မဟုတ်ဖူး။ နာမ်စား "မိမိ" ဆိုတာနှင့် ရေးထားတာ။ ဥပဒေသာ ဖျက်/ပြင်လိုက်လျှင် ဒီပြသနာမျိုးက ဒေါ်စုသမ္မတလက်ထက် မပေါ်ခဲ့လျှင်တောင် ၂၀၂၀ နောက်ပိုင်း သမ္မတမျိုးမှာ ပေါ်နိုင်တယ်။ အဲဒီအချိန်မှာ တက်လာတဲ့ သမ္မတရဲ့ သားသမီး တစ်ယောက်က နိုင်ငံခြားမှာ အယ်လ်ကိုင်ဒါနှင့် ဆက်စပ်မူဆလင် တစ်ယောက်ကို ယူထားတယ် ဆိုလျှင်...... မြန်မာနိုင်ငံ ဘယ်လိုဖြစ်သွားနိုင်လဲ။ အဲဒီအချိန် သမ္မတအပေါ် ဘယ်လို ဖိအားတွေ ရှိလာနိုင်လဲ။ မဖြစ်ပါဘူးကွာ လို့ မပြောနဲ့။ ဖြစ်လာနိုင်တာတွေအတွက် ကြိုတင်တွေးဆပြီး ကာကွယ် ထားတာက ဥပဒေပဲ။
ဒီဥပဒေက စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဖို့ ရည်ရွယ်ရေးဆွဲထားတာလို့ စွပ်စွဲထားတာတွေ ရှိတယ်။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ကျွန်တော်ကတော့ ဥပဒေကို ဥပဒေလို့ပဲ မြင်တယ်။ "မိမိ" ဆိုတဲ့ နာမ်စားနေရာမှာ "တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာ နိုင်ငံသားတစ်ဦး" လို့ပဲ မြင်တယ်။ ဒီလိုမြင်တတ်လျှင် ၅၉ (စ) ဟာ အင်မတန် လိုအပ်ပြီး ထိပါးဖို့ မသင့်တဲ့ ဥပဒေပုဒ်မ တစ်ခုဆိုတာ မြင်လာမယ်။ ဒီနေ့ခေတ် နိုင်ငံကြီးတွေက ပါဝါလွှမ်းမိုးမှုနှင့် နိုင်ငံငယ်တွေရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ထိပါးဖို့၊ ခြယ်လှယ်ဖို့ ကြိုးစားနေချိန်မှာ ၅၉ (စ) က ဒါတွေကို တားဆီးနိုင်မဲ့ ဥပဒေ ကောင်းတစ်ခုပဲ။
၅၉ (စ) ပြင်/
"မိဘနှစ်ပါးနိုင်ငံသားဖြစ်ရ
”၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံမှာ ပါတဲ့အချက်အားလုံးကို ပြင်လို့ရပါတယ်။ ပြင်သင့်တဲ့ဟာတွေလည်း အများကြီး ရှိသော်လည်း အချိန်အခါကြည့်ပြီး ပြင်ရမှာဖြစ်သလို၊ မပြင်ခင်မှာလည်း ကျေကျေညက်ညက် ဖတ်ရှု လေ့လာ ဖို့လိုတယ်။ ပုဒ်မ- ၅၉ (စ)ကိုတော့ မပြင်သင့်ပါဘူး။ ဘာဖြစ်လို့လဲမေးရင် မြန်မာနိုင်ငံကို ချစ်လို့ မပြင်သင့်ဘူးလို့ ယုံကြည်လို့ပါ။ တကယ်လို့များ ပုဒ်မ- ၅၉(စ) ကို ဖြုတ်ပစ်ခဲ့ရင် နိုင်ငံခြားသားသြဇာခံတွေ လွှတ်တော် ထဲ ရောက်လာကြ၊လုပ်ချင်ရာလုပ်ပြ
Myo Min Thant
==========================
အောက်က စာလေးတွေကတော့ ခုတင်ပေးထားတဲ့ပုံလေးတွေနဲ့ အတူ
ကိုနေမင်း တင်ပေးဖူးတာလေးပါ အားလုံး ဗဟုသုတအနေနဲ့ သိရှိကြစေဖို့ 
ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်။
==========================
၅၉(စ) အန္တရာယ် သရုပ်ပြပုံ
--------------------------
နိုင်ငံတော်၏ အမြင့်မားဆုံးရာထူးဖြစ်သော သမ္မတ၏ အရည်အချင်းကို သတ်မှတ်ထားသည့် ၅၉(စ) နှင့် ပက်သက်တဲ့ ပုံလေးတွေပါ... ပုံနှင့် တကွ ရှင်းပြထားခြင်း ဖြစ်သည့် အတွက် လွယ်ကူစွာ သိရှိ သဘောပေါက် နိုင်ပါသည့် အပြင်... ၅၉ စ က ရှိသင့် မရှိသင့် ဆိုတာကိုပါ နှိုင်းဆ ဆင်ခြင် သုံးသပ်လို့ ရနိုင်သွားပါလိမ့်မည်.
စာဖတ်ပျင်းတဲ့သူတွေလည်းပုံလေးနဲ့ဆိုတော့ ကြည့်ကြမယ်ထင်တယ်
သရုပ်ဖော် ရှင်းပြထားတော့ သဘောပေါက်ကျမယ်ထင်ပါတယ်
From:Nay Min
==========================
အထက်ပါ အားလုံးကို ဖတ်ရှုပြီးသွားပြီဆိုရင်တော့
ပုဒ်မ ၅၉(စ) နဲ့  ၅၉(ဃ)
ပုဒ်မ ၄၃၆ တို့ ကို ပြင်သင့် မပြင်သင့် စဉ်းစားဆင်ခြင်ဆုံးဖြတ်ကြည်
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။