Ads (728x90)



အားလုံးကတော့ သူရဲကောင်းတွေကို လိုအပ်ကြတာပါပဲ။ အယူအဆခိုင်မာသူတွေ၊ သတ္တိရှိသူတွေဟာ အလေးအနက် ယုံကြည်ကိုးစားမှုမျိုးနဲ့ ထိုက်တန်ပါ တယ်။ အဲဒီလိုလူတွေက အရာရာပိုကောင်းလာနိုင်ခြေရှိတယ်ဆို တဲ့ ခံစားမှုမျိုး ကျွန်မတို့ကို ပေးစွမ်းလိမ့်မယ်။ အဲဒီလို လူတွေရဲ့ အသိ ပညာကြွယ်ဝမှုဟာ ကျွန်မတို့ရဲ့နုန့်နဲ့သေးငယ်တဲ့ ဘဝလေးတွေ ကို ပိုတိုးတက်လာအောင် ဆောင်ကြဉ်းပေးမယ်ဆိုတဲ့ အိပ်မက်မျိုး ကျွန်မတို့ မက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီတောင်းဆိုမှုတွေ ကို တစ်ယောက်ယောက်ရဲ့ ပခုံးပေါ်တင်ပေးထားဖို့ ဆိုတာက ဖိအားတွေ မတန်တဆ များလွန်းပါတယ်။ နိုင်ငံတကာက လေးစား ရတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက် အတွက်တောင် မလွယ်တဲ့ ကိစ္စပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အတိုက်အခံ ခေါင်းဆောင်ဖြစ်ပါတယ်။ ပြီးတော့သူဟာ အနောက်နိုင်ငံတွေမှာ လူပေါင်း များစွာရဲ့ သူရဲကောင်းတစ် ယောက်လည်း ဖြစ်ခဲ့တယ်။ သူဟာ လွတ်လပ်မှုရဲ့ သင်္ကေတ မီးရှူးတန်ဆောင်အဖြစ် ချီးကျူးခံရဖူးသလို အပြင်းအထန် ဖိနှိပ်ချုပ် ချယ်ခဲ့တဲ့ စစ်အာဏာပိုင်တွေရဲ့ နှစ်ပေါင်းများစွာ နေအိမ်အကျယ် ချုပ်ချထားမှုကို အကြမ်းမဖက်မှု နည်းလမ်းနဲ့ အန်တုတုံ့ပြန်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ လောက် တုန်းက ဘီဘီစီသတင်းဌာနမှာ ကျွန်မတွေ့ကြုံခဲ့တာ တချို့ကို အမှတ်ရမိပါတယ်။ အဲဒီတုန်းက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် တွေဟာ သူ့ကို ဆက်သွယ်နိုင်ဖို့ နေ့တိုင်းလိုလို ကြိုးစားကြတယ်။ ပုံမှန်အားဖြင့်တော့ Faxပို့ပြီးတော့ပေါ့။

အဲဒီတုန်းက ဒေါ်အောင် ဆန်းစုကြည်ဟာ သူ့ရဲ့ ရေကန်နံဘေးအိမ်လေးထဲမှာ တကယ့်ကို တသီးတခြား အထီးကျန် ဘဝနဲ့ဘယ်လိုများ နေထိုင် ဖြတ်သန်းခဲ့ရ မလဲ ဆိုတာကို ငယ်ငယ်ရွယ် ရွယ် သတင်းထောက်လေး တစ်ယောက်အနေနဲ့ ကျွန်မ စိတ်ဝင်တ စား တွေးတောခဲ့မိပါတယ်။

နောက်တော့ လူတွေရှေ့ မှောက် သူထွက်ပေါ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တည်ငြိမ်ဆဲ၊ ဂုဏ်ကျက်သရေ ပြည့်ဝဆဲပါ။ ရိုးရာဝတ်စုံကို ဆင်မြန်းပြီးဆံပင်မှာ ပန်းတစ်ပွင့် ပန်ထား တယ်။ သူ့ရဲ့ သတ္တိရှိမှုဟာလည်း လုံးဝနောက်တွန့် ပျောက်ကွယ်မသွားပါဘူး။ ဒေါ်အောင်ဆန်းစု ကြည်ဟာ သူ့ရဲ့ တောင်းဆိုမှုတွေအတွက် အခိုင်အမာ ရပ်တည်ခဲ့ တယ်။ သူ့ခင်ပွန်းနဲ့ သားတွေကို ဗြိတိန်မှာ သွားတွေ့ဆုံဖို့နဲ့ ခင်ပွန်းသည် ကွယ်လွန်ခါနီး ကာလတွေမှာတောင် မြန်မာနိုင်ငံက ထွက်ခွာသွားဖို့ အာဏာပိုင်တွေရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်။ အဲဒီ ကာလတွေတုန်းကတော့ သူဟာ စစ်မှန်တဲ့ The Ladyပေါ့။

နောက်တော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာလည်း သာမန်လူသားတစ် ယောက်ပြန်ဖြစ်လာပါပြီ။

ဘင်္ဂါလီအရေးနဲ့ ဝေဖန်မှုတွေ

ဒလိုင်းလားမားလို ပုဂ္ဂိုလ်ကြီးတစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ဝေဖန်လိုက်တယ် ဆိုတာကတော့အံ့ဩစရာပါ။ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တစ်ယောက်က တခြား နိုဗယ်ငြိမ်းချမ်းရေးဆုရှင်တစ် ယောက်ကို အပြစ်တင်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လေသံက တော့ ခပ်ပျော့ပျော့ပါပဲ။

မြန်မာနိုင်ငံကို စွန့်ခွာကြတဲ့ လှေစီးဒုက္ခသည်တွေကြောင့် ဘင်္ဂါလီတွေရဲ့ ပြဿနာဟာ နိုင်ငံ တကာ သတင်းမီဒီယာတွေမှာ တစ်ကျော့ပြန်ပေါ်ထွက်လာပါ တယ်။ ကုလသမဂ္ဂကတော့ အဲဒီဘင်္ဂါလီတွေဟာ ကမ္ဘာပေါ်မှာ အဖိနှိပ်ခံရဆုံး လူသားမျိုးနွယ်စုတွေအဖြစ် သတ်မှတ်ထားပါ တယ်။ တိဗက်ဘာသာရေး ခေါင်းဆောင်ကြီး ဒလိုင်းလားမားက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည်နဲ့ လူချင်းသီးသန့် တွေ့ဆုံမှုမှာ ဆွေးနွေးဖူး ကြောင်း ဆိုပါတယ်။ အဲဒီတုန်းက ဒေါ် အောင်ဆန်းစုကြည်က အဲဒီ ပြဿနာဟာ အရမ်းရှုပ်ထွေးကြောင်း ရှင်းပြခဲ့တယ်လို့လည်း ဒလိုင်း လားမားကိုယ်တော်ကြီးက မိန့်ပါတယ်။

‘‘ဘာပဲဖြစ်ဖြစ်လေ။ ဒီကိစ္စ မှာ သူ(ဒေါ်အောင်ဆန်းစုကြည်) အနေနဲ့ တစ်ခုခုတော့ လုပ်နိုင်သင့်တယ်လို့ ကိုယ်တော် ခံစားမိတယ်’’လို့ ဒလိုင်းလားမားက မှတ်ချက်ပြုပါတယ်။ ဘင်္ဂါလီအရေးကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ ရပ်တည်မှုကို ပြသဖို့ တောင်းဆိုမှုတွေ မြင့်တက်လာတဲ့တိုင် ဒေါ်အောင်ဆန်းစု ကြည်ကတော့ သဘောထားတစ် ရပ်ထုတ်ပြောဖို့ ငြင်းဆိုနေဆဲပါ။ဒီအရေးမှာ သူ့အမြင်က ဘယ်လိုရှိမယ် ဆိုတာလည်း မသဲကွဲလှဘူး။

တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲကြီး မတိုင်ခင် မဲဆန္ဒရှင် ပြည်သူတွေရဲ့စိတ်ငြိုငြင်မှုကို မလိုလားတာကြောင့် ဆိတ်ဆိတ်နေတာ ဖြစ်နိုင်တယ်လို့ ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘင်္ဂါလီတွေအပေါ် စာနာကြောင်း ပြသလိုက်တာဟာ နိုင်ငံရေးမှာ ပျက်ကိန်း ဆိုက်သွားနိုင်တဲ့ အခြေအနေ တစ်ရပ်ပါပဲ။

တရုတ်အလည်အပတ်ခရီးစဉ်

နောက်တစ်ကြိမ် သတင်းတွေရဲ့ ခေါင်းစီးမှာ လှုပ်လှုပ် ခတ်ခတ် ဖြစ်လာစေတာကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်နိုင်ငံကို အလည်အပတ် သွားရောက်ခဲ့တဲ့ အထင်ကရ ခရီး စဉ်ပါပဲ။ ဘေဂျင်းမြို့တော်က တရုတ်အစိုးရဆိုတာဟာ အရင် မြန်မာစစ်အစိုးရရဲ့ အနီးစပ်ဆုံး မဟာမိတ်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖြစ်ထွန်းလာဖို့ The Ladyစောင့်ဆိုင်းနေတဲ့ ကာလတွေမှာ တရုတ်အစိုးရဟာ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆက်နွှယ်ပြီး စီးပွားရေးအရ အထောက်အပံ့တွေ လည်း ပေးခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ The Ladyအနေနဲ့ မြန်မာနိုင်ငံမှာ အင်အား ကောင်းကောင်းရပ်တည်လာပြီ ဆိုတာကို တရုတ်အစိုးရက လက်တွေ့ကျကျအသိအမှတ် ပြုလိုက်မှုတစ်ခုလို့လည်း ယူဆနိုင်ပါ တယ်။ တကယ်လို့ မြန်မာနိုင်ငံမှာရှိနေတဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့နဲ့ မြန်မာနိုင်ငံ အတွင်း သူတို့ရဲ့ အရေးပါ အရာရောက်မှုကို မြှင့်တင်ဖို့ဆိုရင်တရုတ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်တွဲလုပ်ဖို့ လိုပါလိမ့်မယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစု ကြည်ဘက်က ကြည့်ရအောင်။ဒီမိုကရေစီရဲ့ ချန်ပီယံတစ် ယောက်ဟာ တရုတ်နဲ့ လက်တွဲအလုပ်လုပ်မတဲ့လား။ တစ်ပါတီစနစ်ကို ဖျက်သိမ်းဖို့ လှုပ်ရှားမှုတွေကြောင့် တရုတ်မှာ ထောင်ကျနေ တဲ့ တခြားနိုဗယ်ငြိမ်းချမ်းရေးဆုရှင် လျူရှီဘိုကို ဘယ်လိုပြော ကြမလဲ။ လျူအတွက် ဒေါ်အောင်ဆန်းစုကြည်က ရပ်တည်စကားပြောပေးမှာတဲ့လား။ ဒါပေမဲ့ တရုတ်ခရီးစဉ်မှာ ဒီအကြောင်း သူပြောခဲ့တယ်ဆိုတဲ့ ဘာအ ထောက်အထားမှ မတွေ့ရပါဘူး။

နောက်ပြီးတော့ အတိတ် တစ်ချိန်က သူ့ကို ဒီမိုကရေစီ လိုလားမှုရဲ့ သူရဲကောင်း တစ်ယောက်အဖြစ် မှတ်ယူခဲ့သူ အများအပြားဟာ အခုအချိန်မှာတော့ ညှိနှိုင်းအပေးအယူ လုပ်ဆောင်မှု တွေနဲ့ အမျိုးသားရေး ပဓာန နိုင်ငံရေး မူဝါဒအပေါ် ပိုပြီး အသားပေး ချဉ်းကပ်လာသလားဆိုတဲ့အပေါ် အတွေးရခက်လာပါတယ်။

တစ်ခုရှိတာက တက်ကြွလှုပ် ရှားသူ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ အနာအဆာတွေ၊ အစွဲအလမ်းတွေ ပြည့်နှက်နေတဲ့ လောက အစစ်အမှန်ကို ထိတွေ့ဖို့ အတွက် လက်တွေ့ကျကျ ကျင့်သုံးနေရတာလည်း ဖြစ်နိုင်ပါ တယ်။ နိုင်ငံတချို့မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ရုန်းကန်နေရတဲ့ အခြေအနေ မျိုး မြန်မာနိုင်ငံမှာ ကြုံမလာအောင်ပဲ သူ့ရဲ့ စွမ်းအင်အားလုံးကို စူးစိုက်ပုံအော အသုံးချခဲ့တာ ဖြစ်ပါလိမ့်မယ်။

အနေအထားတိုင်းကတော့ ကွဲပြားမှုတွေ ရှိနိုင်တာပါပဲ။ တချို့ ကိစ္စတွေကတော့ အရမ်းကို ရှုပ်ထွေးပါလိမ့်မယ်။ လူအများရဲ့ ထောက်ခံရပ်တည်မှုကို ရယူခြင်းဟာ အမြဲတမ်းတော့ အထောက်အကူမရနိုင်ပါဘူး။ ဒါပေမဲ့တစ်ဖက်မှာလည်း အားကောင်း တဲ့ တန်ပြန်ငြင်းဆိုမှုတွေ ရှိနေ ပါတယ်။

ကမ္ဘာကြီးပေါ်မှာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ရုန်းကန်ရမှုတွေနဲ့သူ့ရဲ့ ဘက်တော်သားတွေကို ထောက်ပံ့ပေးဖို့ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေသူ တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သူတို့ဟာ လက်တွေ့မှာ ဘယ်လောက် ရှုပ်ထွေးမှုတွေ ရှိနေနိုင်

တယ်ဆိုတာကို မသိမြင်နိုင် လောက်အောင် အဝေးကြီးမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးမှာ ကွဲပြားခြားနားမှုတွေ အများကြီးရှိနေဦးတော့၊ အမြဲတမ်း တည်မြဲတဲ့ အမှန်တရားနဲ့ ဘယ်တော့မှ မျက်ကွယ်မပြုနိုင်တဲ့ အခွင့်အရေးတွေဟာ နိုင်ငံရေး အမြင်တွေရဲ့ အထက်မှာဆက်ပြီးတော့ ရပ်တည်နေပါလိမ့် မယ်။ တစ်ခါတလေတော့လည်း ကျွန်မတို့ဟာ ခံယူချက်ကို ထုတ် ပြောတတ်တဲ့၊ ကြားနာလိုတဲ့ သူရဲကောင်းတွေကို လိုအပ်နေကြဦး မှာပါ။

(BBCမှ ဂျီလ်မက်ဂစ်ဗာရင်း၏ Do we expect too much of Aung San Suu Kyi? ဆောင်းပါးကို ဘာသာပြန်ဆိုသည်)
7Day Daily

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...