![](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-xpa1/v/t1.0-9/s720x720/10686594_770034723057580_4201001255758890929_n.jpg?oh=2274ae4749561fd56d437e108b647792&oe=54CFB627&__gda__=1418666433_91944370d88ade32e92644c2b9b4621a)
--
![](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-xap1/v/t1.0-9/s720x720/10645076_770034733057579_2994329214534490229_n.jpg?oh=15ef36a3904513de7ae815af5bb474a1&oe=5485D5C9&__gda__=1422678679_c40aca4f750cd9fc4f62ec427606184e)
--
![](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-xpa1/v/t1.0-9/s720x720/10247246_770034726390913_421638822201751829_n.jpg?oh=be8428c9f27a299309c9d95e430c4357&oe=54CD802C&__gda__=1419041531_3594503e4190efcfaf9ca9dd1148f4e4)
--
![](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-xpf1/v/t1.0-9/s720x720/10391375_770034753057577_3977706231230730473_n.jpg?oh=05ed64e73555fbfc85968d763b6e5273&oe=54C18671&__gda__=1421876684_c989b6d16379f95e4f9f64b58bdd9e37)
--
![](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-xaf1/v/t1.0-9/s720x720/10593192_770034736390912_2811566278590152362_n.jpg?oh=3c04c4a28a2173a4acb7a9eb2a36e17b&oe=54BE6594&__gda__=1418647411_1e7491c73bc66117b3007aa2f4130466)
--------------------------------------------------------------------------------
ဒီနေ့ သဘာဝခေါ်သံဖောင်ဒေးရှင်းသတင်းစာရှင်းလင်းပွဲမှာ
#ဆင်ဟွာ သတင်းဌာနကနေလာရောက်သတင်းလာယူတဲ့မီဒီယာသမားက
မီဒီယာများကိုမေးလိုတဲ့မေးခွန်းများကိုမေးမြန်နိုင်ပါတယ်ဆိုတော့
ဘာမေးသွားလဲဆိုတော့ တရုတ်ပြည်က Blue Sky တောက်တက်
အဖွဲ့ ကိုအဆင့်မမှီလို့ ပြန်လွှတ်ဆိုတဲ့သတင်းနဲ့ ပါတ်သက်ပြီးဖြေရှင်းပေးပါ
ဘယ်လိုကြောင့်ကမ္ဘာ့အဆင့်ရှိတဲ့တောင်တက်အဖွဲ့ ကိုဒီလို
အဆင့်မရှိဘူးပြောရတာလဲစေတနာနဲ့ လာရောက်ပြီး
ကူညီပေးတဲ့အဖွဲ့ ကိုဒီလိုပြောတဲ့အတွက်ဘာဖြစ်တယ်ညာဖြစ်တယ်
ဆိုပြီးတော့အနည်းငယ်စိတ်ဆိုးနေတဲ့ပုံစံမျိုးနဲ့ မေးခွန်းတွေမေးမြန်းသွားတာကို
တွေ့ လိုက်ရတယ်
ဒီနေရာမှာဒီလိုဖြစ်အောင် (ဒီလိုဖြစ်လာနိုင်မှန်းသိရက်နဲ့ တောင်) လုပ်ခဲ့တဲ့
Print Media အထက်ကိုတင်ခဲ့တဲ့ Online Web Media ထက်ကိုတင်ခဲ့တဲ့
Eleven Media Group အနေနဲ့ ဘယ်လိုများဖြေရှင်းပေးသွားမလည်းဆိုတာ
စိတ်ဝင်စားစရာပါပဲ #Eleven အနေနဲ့ တကယ်တမ်းမှာ"ထူးဖောင်ဒေးရှင်း" နဲ့  "သဘာဝခေါ်သံဖောင်ဒေးရှင်း" တို့ ကနေ အဲ့ဒီလို အဆင့်မမှီလို့ ပြန်လွှတ်ဆိုတဲ့
စကားမျိုးပြောထွက်ခဲ့သည်ဟုဆိုလျှင်တောင် မြန်မာနိုင်ငံရဲ့ မီဒီယာတစ်ခုအနေနဲ့ 
နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားစေနိုင်တဲ့ အသုံးအနှုန်းမျိုးနဲ့ ခေါင်းစဉ်တပ်ပြီး
သတင်းတစ်ပုဒ်အဖြစ်မရေးသားသင့်ပါဘူး မြန်မာပြည်ရဲ့ သန်း ၆၀ သော
ပြည်သူတွေဖတ်တဲ့နေ့ စဉ်သတင်းစာမှာ အဲဒီလိုသုံးနှုန်းခဲ့တဲ့အတွက်
တရုတ်သံရုံးအပါအ၀င်တရုတ်လူမျိုးစစ်စစ်များအနေနဲ့ 
စေတနာနဲ့ လဲလာပြီးကူညီပေးရသေးတယ်ဒီလိုစကားမျိုး
ပြောထွက်တယ်ဆိုပြီး "ထူးဖောင်ဒေးရှင်း" နဲ့ "သဘာဝခေါ်သံဖောင်ဒေးရှင်း"တို့ 
အပေါ်မှာအထင်အမြင်လွှဲမှားသွားစေနိုင်ပါတယ်
တည့်တည့်ပြောရမယ်ဆိုရင် ကြားထဲကနေမြန်မာ နဲ့ တရုတ်ကို
ချစ်ကြည်ရင်းနှီးမှုပျက်ပျားစေနိုင်လောက်တဲ့ သွေးထိုးလှုံ့ ဆော်
ရန်တိုက်ပေးတဲ့ အသုံးအနှုန်းမျိုးဖြစ်သွားစေခဲ့တာအမှန်ပါပဲ။
ကလောင်သွားထက်ရင် ဓားသွားထက်ပင်ကြောက်ဖို့ ကောင်းတယ်ဆိုတာ
မီဒီယာသမားတိုင်းသိရှိနားလည်ထားကြပါတယ် မိမိရဲ့ အရေးအသား
တစ်ခုကြောင့်မလိုလားအပ်တဲ့ပြဿနာမျိုးဖြစ်လာနိုင်တယ်ဆိုတာ
သတင်းရေးသားတဲ့သူအနေနဲ့ ခန့် မှန်းမိပြီးသားပါ မီးဆိုတာ
မလောင်ခင်ကတားသင့်ပါတယ်လောင်ပြီးမှတားရင် မမှီတော့ပါဘူး
မလိုလားအပ်တဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်လာစေနိုင်ပါတယ်
ဒီတော့ ဒီလိုအဆင့်မမှီလို့ ပြန်လွှတ်ဆိုတဲ့ ပြဿနာ
တက်စေနိုင်တဲ့အသုံးအနှုန်းထက် ကြည့်လို့ မြင်လို့ လှမယ့်နားဝင်ချိုစေမယ့်
အသုံးအနှုန်းမျိုးနဲ့ ခေါင်းစဉ်တစ်ခုတပ်ခဲ့မယ်ဆိုရင်
ဒီလိုအနေအထားမျိုးဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး
ဒီကိစ္စကို ဖြစ်မယ်မှန်းသိရက်နဲ့ တမင်သက်သက်ပဲပြုလုပ်ခဲ့လေသလားဆိုတာတော့
ကာယကံရှင် သတင်းရေးသားသူအနေနဲ့ ပဲသိမယ်ထင်ပါတယ်။
မီဒီယာဆိုတာ မီဒီယာကျင့်ဝတ်နဲ့ ညီညွတ်ပါမှ မီဒီယာလို့ သတ်မှတ်လို့ 
ရမှာပါ လက်ရှိမှာ#Eleven အနေနဲ့ သူတို့ ရဲ့ အရေးအသား
(စာသားအသုံးအနှုန်း)မှားယွင်းမှုကြောင့်နှစ်ဦးနှစ်ဖက်( မြန်မာနဲ့ တရုတ်)ကို
မျက်နှာပျက်စေခဲ့တာကို သတင်းစာဂျာနယ်တိုင်းရဲ့ အမှားပြင်ဆင်ချက်
ဆိုတဲ့လုပ်ရိုးလုပ်စဉ်အတိုင်းသာ နောက်တစ်ရက်ထွက်သတင်းစာမှာ
ရေးသားထည့်သွင်းပေးခဲ့မယ်ဆိုရင်ဒီလောက်ထိဖြစ်လာနိုင်စရာ
အကြောင်းရှိမယ်မထင်ပါဘူး
ပထမက တရုတ်တောင်တက်အဖွဲ့ ကိုအဆင့်မမှီသောကြောင့်ပြန်လွှတ်
ဆိုတဲ့သတင်းကို"ထူးဖောင်ဒေးရှင်း" မှစုံစမ်းသိရှိရဆိုပြီးရေးသားသွားတာကို
ဖတ်ရှုရပါတယ်အဲ့ဒီသတင်းထွက်ပေါ်လာချိန်မှာ "ထူးဖောင်ဒေးရှင်း" က
သတင်းထုတ်ပြန်ရေးတာဝန်ရှိသူများထဲကကို Phyo Ko ကနေ
#Eleven အနေနဲ့ သူ့ ဆီမှာတရားဝင်ဆက်သွယ်မေးမြန်းလာခြင်း
မရှိပါပဲနဲ့ ဘာလို့ ဒီလိုရေးသားရတာပါလဲဆိုပြီး ပြန်လည်ချေပ
ရေးသားလိုက်တဲ့အချိန်မှာနောက်တစ်မျိုးပြောင်းပြီး "သဘာဝခေါ်သံဖောင်ဒေးရှင်း" မှ
တာဝန်ရှိသူတစ်ဦးကိုမေးမြန်းပြီး ရေးသားထားပါတယ်ဆိုပြီးလုပ်ပြန်ပါတယ်
ဒီနေ့ သဘာဝခေါ်သံဖောင်ဒေးရှင်းကတာဝန်ရှိသူတစ်ဦးနဲ့ စကားပြောဖြစ်တော့
သူလဲမပြောခဲ့ပါပဲနဲ့ ဒီလိုရေးသားသွားတာပါသူ့ အနေနဲ့ လဲအဲ့လိုအသုံးအနှုန်းမျိုးနဲ့ 
ပြန်လည်ဖြေကြားပေးခဲ့ခြင်းမရှိပါဘူးသူတို့ ပြောတဲ့အသံဖိုင်ဆိုတဲ့ထဲမှာလဲ
ကျွန်တော်ပြောခဲ့တယ်ဆိုတာကိုသက်သေပြဖို့ ဘာမှမပါဝင်ခဲ့ပါဘူး
လို့ ပြောသွားခဲ့ပါတယ်။
(20.9.2014 )ထုတ် #Daily_Eleven သတင်းစာထဲမှာ
အသိပေးကြေငြာခြင်းဆိုပြီး ထူးဖောင်ဒေးရှင်းနဲ့ ကိုဖြိုးကို ကို
တရားစွဲဆိုသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်
ဆိုပြီးထပ်မံပြီးထည့်သွင်းလာပြန်ပါတယ် ဒီနေရာမှာ
လွယ်နေတဲ့အလုပ်ကိုခက်အောင်လုပ်နေတာက
#Eleven ပဲဆိုတာမြင်တွေ့ လာရပါတယ် မှားမှားမှန်မှန်
"ဘူး"ပဲခံမယ်ဆိုပြီးကိုယ့်အမှားကို ကိုယ်
ဝန်မခံပါပဲရှေ့ ဆက်ပြီးအတိုက်အခံဆက်လုပ်နေတာကိုကမှားယွင်း
နေပါတယ်အမှန်ဆိုယခုလိုရေးသားဖော်ပြမှု အတွက်
Blue Sky တောင်တက်အဖွဲ့ ကိုအထူးပင်တောင်းပန်အပ်ပါသည်ဆိုလျှင်
ပြီးသွားရမည့်ကိစ္စပါ အပ်နဲ့ ထွင်းရမှာကိုပုဆိန်နဲ့ 
ပေါက်လိုက်တာပါပဲ မြန်မာပြည်က အကြီးဆုံးမီဒီယာကြီးတစ်ခုပဲဆိုပြီး
ဝိတ်နဲ့ ပဲဖိချင်တာပဲလားဆိုတာတော့မပြောတတ်တော့ပါဘူး။
ဒီနေ့ (21.9.2014) မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ဆင်ဟွာသတင်းဌာကတစ်ယောက်ကို
"ထူးဖောင်ဒေးရှင်း" နဲ့  "သဘာဝခေါ်သံဖောင်ဒေးရှင်း" က
Blue Sky တောင်တက်အဖွဲ့ ကိုအဲ့ဒီလို
အဆင့်မရှိဘူး အဆင့်မမှီဘူးလို့ သဘောမထားသလို
ပြောလဲမပြောဆိုခဲ့ သတ်လဲမသတ်မှတ်ခဲ့ ပါဘူး
ဆိုတာဖြေရှင်းပေးလိုက်လို့ ကျေနပ်သွားပါတယ်
နောက်ပြီးတော့လည်းBlue Sky တောင်တက်အဖွဲ့ အနေနဲ့ 
ယခုလိုစေတနာနဲ့ လာရောက်ကူညီပေးမှုကိုလဲအထူး
ကျေးဇူးတင်ရှိပါတယ်ဆိုပြီးပြောလိုက်တဲ့အတွက်
ဆင်ဟွာသတင်းဌာနကတစ်ယောက်လည်း
အနည်းငယ်ကျေနပ်သွားတဲ့ပုံပါပဲ သို့ ပေမယ့်လည်း #Eleven သတင်းစာကဒီလိုရေးသားလိုက်လို့  ဒီလိုဖြစ်သွားတာပါဆိုတာကို
သိရှိသွားတဲ့အတွက် နောက်ရက်မှာ ဆင်ဟွာသတင်းဌာနရဲ့ 
သတင်းထုတ်ပြန်မှုမှာ မြန်မာပြည်ရဲ့ အကြီးဆုံးမီဒီယာဖြစ်တဲ့ #Eleven ကိုဘယ်ပြောဆိုရေးသားလာမလဲ Eleven Media Group ကရော
ဘယ်လိုအနေအထားမျိုးတွေနဲ့ တုန့် ပြန်သွားမှာလဲ
ဆိုတာကတော့ မကြာမည်ပိတ်ကားထက်မှာမျှော်လို့ ပဲပြောချင်ပါတော့တယ်။
Ps. ကျွန်တော့်အနေနဲ့ တော့ #Eleven ရဲ့  “တရုတ်တောင်တက်အဖွဲ့ အဆင့်မမီသောကြောင့် ပြန်လွှတ်” ဆိုတဲ့အသုံးအနှုန်းနဲ့ အရေးအသား
သတင်းထုတ်ပြန်ဖော်ပြမှုကိုတော့ ရှုံ့ ချပါကြောင်း
မြန်မာပြည်ရဲ့ အကြီးဆုံးမီဒီယာကြီးတစ်ခုအနေနဲ့  ကိုယ့်ရဲ့ 
ဒီလို သုံးနှုန်းရေးသားခဲ့မှုအတွက်ကိုယ်ရေးခဲ့တာကို
ကိုယ်ပြန်ပြီးတာဝန်ယူသင့်သည်ဟုတင်မိပါကြောင်းထပ်လောင်းပြီး
ပြောခဲ့ချင်ပါသေးတယ်။
Aung Kyaw Soe ( 21.9.2014 - 8:00 PM )
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။