Ads (728x90)


ပခုက္ကူမြို့နယ် အနောက်ဖက် မိုင် ၂၀ အကွာက မြစ်ခြေမြို့ငယ်လေးမှာ နေအိမ်တလုံး၊ ဆိုင်တဆိုင်၊ ဗလီတလုံးတို့ကို ဖျက် စီးမှု ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုဖြစ်ပွားအပြီး လုံခြုံရေးထူထပ်စွာ ချထားလိုက်ပါတယ်။ 
မျက်မြင်သက်သေတွေရဲ့အဆိုအရ ဗုဒ္ဓဘာသာ အိမ်ဖော်အမျိုးသမီးတဦးက လစာတောင်းဆိုတဲ့ကိစ္စကို မွတ်စလင်အမျိုးသား မိုးဝင်းဆိုသူက ရိုက်နှက်ခဲ့တယ်ဆိုတဲ့ သတင်းပြန့်နှံ့ခဲ့ပြီး စနေနေ့က မြစ်ခြေ ပလီကို စုဝေး ရောက်လာကြတဲ့ ဒေါသ ဖြစ်နေတဲ့ လူအုပ်စုကြီးက တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုတယ်။ 
“ဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦး အရိုက်ခံရပြီး မွတ်စလင်အမျိုးသားရဲ့ ခွေးက ဆွဲလို့ ဆေးရုံတင်ခဲ့ရတယ် ဆို တဲ့ သတင်းက စနေနေ့ ညနေပိုင်းက မြစ်ခြေမှာပြန့်နှံ့သွားတာ။ လူအုပ်ကြီးက စုဝေးရောက်လာပြီး အဲဒီ မွတ်စလင်ရဲ့ အိမ်နဲ့ ဆိုင်တွေကို ခဲတွေနဲ့ ထုကြတာပဲ” လို့ အမည်မဖော်လိုသူ မျက်မြင်တဦးက ဧရာဝတီ ကို ပြောပါတယ်။
 မြစ်ခြေဒေသခံတွေပြောပြတာကလည်း မြစ်ခြေက ဗလီတလုံးကို လူအုပ်ကြီးက ခဲတွေနဲ့ ဝိုင်းပေါက်နေချိန် မှာပဲ မိုးဝင်းရဲ့ အိမ်တလုံးနဲ့ သူ့အကိုပိုင်တဲ့ ဆောက်လုပ်ရေး ပစ္စည်းအရောင်းဆိုင်တွေလည်း ပျက်စီးသွားခဲ့ တယ် လို့ ဆိုတယ်။ 
 “မြို့မိ၊ မြိဖတွေက လူတွေကိုအိမ်ပြန်ကြဖို့ တိုက်တွန်းပြေကြပါတယ်။ အခြေအနေက ထိန်းသိမ်းနေဆဲပါ။ ပဋိပက္ခ ပြဿနာတွေ မပြန့်ပွားအောင် ကာကွယ်မှုတွေ လုပ်နေကြတယ်” လို့ ဒေသခံ တဦးက ဧရာဝတီ ကို ပြောပါတယ်။ 
သူက ဆက်ပြောတာက “ယောက်ျားသားတချို့ကလည်း မြို့ကို ဆိုင်ကယ်တွေနဲ့ ပတ်နေဆဲပဲ၊ ရဲအင်အား ၁ဝဝ ကျော် လည်း လှည့်ကင်းတော့ လုပ်နေတယ်” လို့ ဆိုပါတယ်။ 
 ရဲတပ်ဖွဲ့အဆိုအရ မိုးဝင်းနဲ့ သူ့မိသားစု ဟာ မြို့ကနေထွက်ပြေးသွားခဲ့ပြီဖြစ်ပြီး ပခုက္ကူက ရဲတွေရောက် လာပြီး လက်ရှိအခြေ အနေကို ထိန်းသိမ်းထားနိုင်ပြီ လို့ ဆိုပါတယ်။ 
 “တကယ်တော့ မိန်းကလေးကလည်း ဆေးရုံမှာ မရှိပါဘူး။ ဒါပေမယ့် သူ့ကို ရိုက်တယ်။ လက်မောင်းနဲ့ ရင်ဘတ်တွေမှာ နည်းနည်းနာတယ်လို့တော့ ပြောတယ်။ ကျနော်တို့လည်း ကျူးလွန်တဲ့သူ၊ ဒီလို ပြဿနာ 
ဖြစ်အောင်လုပ်တဲ့သူတွေကို အရေးယူဖို့ လုပ်နေပါတယ်” လို့ မြစ်ခြေ ရဲတပ်ဖွဲ့ တာဝန်ကျ ရဲအရာရှိတဦးက ဧရာဝတီကို ရှင်းပြပါတယ်။ 
 တိုင်းရဲတပ်ဖွဲ့အဆိုအရ ယခုအခါ ပခုက္ကူနဲ့ မြစ်ခြေအရပ်တို့မှာ လုံခြုံရေးထူထပ်စွာချထားကြောင်းနဲ့ 
နောက်ထပ် ပဋိပက္ခ တွေ ထပ်မပြန့်ပွားအောင် ကာကွယ်ထိန်းသိမ်းနေကြောင်း သိရပါတယ်။ 
ကိုမိုးဝင်းနှင့် ဇနီး မသင်းသင်းအေးတို့ကို ယနေ့ညနေတွင် ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ကြောင်း သတင်းရပါတယ်။ 
 ဇာနည်မန် ~
.
Go to Source

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...