ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး ဂျနီဖာ လောရင့်စ်၏ အဖော်အချွတ်
ဓာတ်ပုံသစ်များသည် စက်တင် ဘာ ၂၀ ရက်တွင် အွန်လိုင်း၌
ထပ်မံဖော်ပြခြင်းခံခဲ့ရသည်။
စက်တင်ဘာ ၂၀ ရက်တွင် အွန်လိုင်း၌ အဖော်အချွတ်ရုပ်ပုံ များဖြင့် ထပ်မံဖွင့်ချခံရသော ကျော်ကြားသူများထဲတွင် ကင် ကာဒက်ရှီယန်၊ ကိတ်အပ်တန်၊ ဗစ်တိုးရီးယားဂျက်စတစ်၊ ဟွတ် ဆိုလို၊ လီလီဆိုဘိုင်းစကီး၊ ဟေ ဒင်ပန်နက်တီးယားတို့လည်း ပါဝင်သည်။
လွန်ခဲ့သည့် သီတင်းသုံးပတ် ခန့်ကလည်း ကျော်ကြားသူအချို့ ၏ အဖော်အချွတ်ဓာတ်ပုံများ အွန်လိုင်းတွင် ဖော်ပြခံရသည်။ စက်တင်ဘာ ၂၀ ရက်တွင် ဟက် ကာများသည် ကျော်ကြားသူများ ၏ အဖော်အချွတ်ဓာတ်ပုံသစ်များ ကို 4chan နှင့် Reddit ဝက်ဘ် ဆိုက်များ၌ ထပ်မံဖော်ပြကြောင်း နှင့် ယင်းဝက်ဘ်ဆိုက်များသည် ဓာတ်ပုံများကို လျင်မြန်စွာဖယ် ရှားပစ်ခဲ့ကြောင်း TMZ သတင်း က ဖော်ပြသည်။
ပြီးခဲ့သည့် ဩဂုတ်လက အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့ခဲ့သော ကျော်ကြားသူများ၏ အဖော်အချွတ်ပုံများကို ၎င်းတို့၏ ဖုန်းများရှိ iCloud အက်ပလီကေး ရှင်းမှ ဟက်ကာများက ခိုးယူခဲ့ ခြင်းဖြစ်သည်။
—Ref: Hollywood Life
7day daily

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။