Ads (728x90)


တစ်လလျှင် လစာဒေါ် လာ တစ်ထောင်ခန့်ဖြင့် မကာအို က မြန်မာအလုပ်သမား ရာနှင့်ချီခေါ်ယူရန် ကမ်းလှမ်းမှုကြောင့် သဘောတူစာချုပ်ချုပ်ဆိုရန် အ လုပ်သမားဝန်ကြီးဌာနက တိုက် တွန်းထားကြောင်း ပြည်ပအလုပ် အကိုင် အေဂျင်စီ အသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောသည်။
ပြည်တွင်းရှိ မြန်မာအလုပ် သမားများ လာရောက်အလုပ် လုပ်ကိုင်ရန် ပြည်ပနိုင်ငံများကခေါ်ယူကမ်းလှမ်းမှုများ မြင့်တက် လျက်ရှိပြီး မကာအိုကလည်း ဒေါ်လာ တစ်ထောင်နီးပါး လစာ ပေး၍ မြန်မာအလုပ်သမားများကို ကမ်းလှမ်းထားသည်။
ထို့ကြောင့် နှစ်နိုင်ငံသဘော တူညီချက်ဖြင့် စာချွန်လွှာလက် မှတ်ရေးထိုးပြီး လုပ်သားစေလွှတ် နိုင်ရန်  ယခုလ ၂၃ ရက်တွင် မကာအိုနိုင်ငံသို့ အသင်းချုပ် ဥက္ကဋ္ဌသွားရောက်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။
‘‘ဟိုဘက်က အသင်းချုပ်နဲ့ လက်မှတ်ထိုးမယ်။ သူ့လစာက လုံခြုံရေးဝန်ထမ်းတောင် ဒေါ်လာ ရှစ်ရာကနေ တစ်ထောင်ကြားရ တယ်။ ၀န်ကြီးဌာနဘက်ကလည်း အမြန်ဆုံးထိုးဖို့ တိုက်တွန်းထား တယ်။ အလုပ်သမားအတွက် ရ သင့်ရထိုက်တဲ့ အကာအကွယ် တွေရအောင် ညှိပြီး MOU ထိုးခဲ့ မယ်။ ဟိုဘက်ကလူရာနဲ့ချီကမ်း လှမ်းထားတာပါ’’ဟု ဥက္ကဋ္ဌ ဦးမင်း လှိုင်က ပြောသည်။
မကာအိုသို့ အလုပ်သမားစေလွှတ်မှုတွင် အိမ်အကူ လုပ်သားမပါဘဲ အခြားလုပ်ငန်းဖြစ် သည့် ဖျော်ဖြေရေးမပါ စားသောက် ကုန်လုပ်ငန်းနှင့် ကာစီနိုကစားရုံတို့တွင် အထွေထွေ လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ရန်သာ ခွင့်ပြု ထားခြင်း ဖြစ်သည်။ မကာအိုတွင် သွားရောက်လုပ်ကိုင်လျက်ရှိသည့် တရားဝင် မြန်မာအလုပ် သမား ၆၈၂ ဦးရှိပြီး သွားရောက် လုပ်ကိုင်မည့် လုပ်သားများသည် အင်္ဂလိပ်နှင့် တရုတ်ဘာသာတို့ တတ်ကျွမ်းရမည်ဖြစ်သည်။
ထို့အပြင် တိုင်ပေကလည်း မြန်မာအလုပ်သမားများကို မြန်မာငွေကျပ်ခြောက်သိန်းနှင့်အထက်ပေးပြီး လုပ်သား ကမ်းလှမ်းလျက်ရှိ၍ သွားရောက်လေ့လာခဲ့ပြီး ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။  တိုင်ပေက မြန်မာအလုပ်သမား ငါးသောင်းခန့် ခေါ်ယူကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။  ယခုအစိုးရသစ်လက်ထက်တွင် ပြည်ပသို့ တစ်လလျှင် မြန်မာအလုပ်သမား ခြောက်ထောင်ခန့် ပုံမှန်သွားရောက် လုပ်ကိုင်လျက်ရှိသည်။
ကိုရီးယား၊ ထိုင်းနှင့် မလေးရှားနိုင်ငံသို့ အများဆုံးသွားရောက် လျက်ရှိသည်။ ပြည်ပသို့ မြန်မာ အလုပ်သမား စေလွှတ်ရာတွင် အစိုးရက တရားဝင် ခွင့်ပြုခဲ့သော လုပ်သားငါးသန်းကျော်ရှိသည်။
7day daily

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...