Ads (728x90)




ရန်ကုန်ယူနိုက်တက်အ သင်းမှ လက်ရွေးစင် ဘောလုံး သမားကြည်လင်းကို တိုင်ကြား ထားသည့်အမှုမှာ တရားရုံးတွင် သာ အမှုကျေအေးရုပ်သိမ်းနိုင် ကြောင်း ကမာရွတ်မြို့နယ်ရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
မြန်မာ့လက်ရွေးစင် ဘောလုံးသမားကြည်လင်းကို ၎င်း၏ ဇနီး၏အုပ်ထိန်းသူများက နားလည် မှုလွဲကာ လက်ထပ်ပွဲမတိုင်မီ သုံး ရက်အလို  ဇွန်လ ၁၆ ရက်က ကမာရွတ်မြို့နယ် ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၆၆ အရ  အရွယ်မရောက်သေးသူအား ခိုး ယူလက်ထပ်ခြင်းဖြင့် အမှုဖွင့်တိုင် ကြားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဇွန်လ ၁၉ ရက် ညနေ ၄ နာရီခွဲ ၌ ဘောလုံးသမား ကြည်လင်းမှာ ၎င်း၏ချစ်သူအဆိုပါ မိန်းကလေးနှင့် နှစ်ဖက်မိဘရှေ့တွင် တရားဝင်  ထိမ်းမြားလက်ထပ်ယူခဲ့သည်။

‘‘ကိုကြည်လင်း ဖွင့်ခံရတဲ့အ မှုက စခန်းမှာ အမှုပိတ်လို့ မရ ဘူး။ တရားရုံးရောက်မှ နှစ်ဖက် ကျေအေးလို့ရမှာ ကျွန်တော်တို့ ကတော့ တရားရုံးတင်ရမှာ’’ ဟု ကမာရွတ်မြို့နယ်ရဲစခန်းမှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။

‘‘ရဲစခန်းမှာ ဖွင့်တဲ့ အမှုအား လုံး စခန်းမှာ ပိတ်လို့မရဘူး။ တရားရုံးမှာပဲ ကျေအေးရင် ကျေ အေး၊ ပိတ်ချင်ရင် ပိတ်သိမ်းလို့ ရမယ်’’ ဟု အထက်တန်းရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က ပြော ကြားသည်။

ဇွန်လ ၇ ရက်တွင် ကမာရွတ် မြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခု သို့ ၎င်း၏ချစ်သူ မိန်းကလေးကို ခေါ်ဆောင်သွားခဲ့ရာမှ အုပ်ထိန်း သူများက နားလည်မှု လွဲမှားပြီး အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

7day

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...