Ads (728x90)




ပြင်ဦးလွင်မြို့နယ် အမှတ်(၂) အထက်တန်းကျောင်း ရှေ့မှာ ဇွန်လ ၁၉ ရက်နေ့ က ကျောင်းဆင်းချိန် ယာဉ်နှစ်ထပ် ပိတ်ရပ် ထားလို့ တာဝန်ကျရဲက ယာဉ်မောင်းကို နေရာရွှေ့ပေးဖို့ ပြောတဲ့အခါ ယာဉ်မောင်းက ရဲကို ဓားနဲ့ ခုတ်ခဲ့တယ်လို့ ပြင်ဦးလွင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကားပိုင်ရှင်ကောင်လေးက အသက် ၁၉ နှစ်ပဲ ရှိသေးတယ်။ ယာဉ်ထိန်းရဲက ယာဉ်နှစ်ထပ် ရပ်ထားလို့ ကျောင်းဆင်းချိန်လည်း ဖြစ်နေတဲ့အတွက် ယာဉ်ကြောမကျပ်အောင် သွားဖြေရှင်းပေးတာကို ကားမောင်းတဲ့ ကောင်လေးက လမ်းဘေးမရပ်ပေးနိုင်ဘူး ဘာဖြစ်ချင်လဲပြော ဆိုပြီး ဓားနဲ့ထွက်ခုတ်တာ” လို့ ယာဉ်ထိန်းရဲတစ်ဦးက ဆိုပါတယ်။

အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ယာဉ်မောင်းရဲ့ နာမည်က ဂုဏ်ဂျာအောင်ဖြစ်ပြီး သူ့ကို တာဝန်ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၃၃၊ လက်နက် ကိုင်ဆောင်မှု ပုဒ်မ ၁၉ (င) တို့နဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။ ဓားနဲ့ အခုတ်ခံရတဲ့ ယာဉ်ထိန်းရဲတပ်ကြပ် ဦးကျော်ကျော်ဟာ ဓားကို လက်ဝဲလက်နဲ့ တားဆီးခဲ့တာကြောင့် တစ်လက်မခန့် ပြတ်ရှဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာပဲ ဇွန်လ ၁ ရက်နေ့ည ကလည်း ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး စည်းကမ်းချိုးဖောက်တဲ့ ဆိုင်ကယ်မောင်းနှင်သူကို တာဝန်ကျ ယာဉ်ထိန်းရဲက မေးမြန်းနေတုန်းမှာပဲ ယာဉ်ထိန်းရဲကို ဝိုင်းဝန်းထိုးနှက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

The Voice Weekly

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...