Ads (728x90)




မြန်မာနိုင်ငံ၌ ယာယီနေထိုင်နေကြသော နိုင်ငံခြားသားများအတွက် ရန်ကုန်တက္ကသိုလ်က ဖွင့်လှစ်ထားသော မြန်မာစာသင်တန်းကို နိုင်ငံခြားသား ၂၄ ဦး တက်ရောက်ကြောင်း ပါမောက္ခ ဒေါက်တာအောင်မြင့်ဦးက ပြောကြားသည်။

လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုဌာန၏ အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်တွင် ဇွန်လ ၁၇ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးနေပြီး သင်တန်းသား ၂၄ ဦးတွင် ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံသားများ အများဆုံး ပါဝင်ပြီး ဗီယက်နမ်နှင့် အစ္စရေး နိုင်ငံသားများလည်း ပါရှိကြောင်း ဒေါက်တာအောင်မြင့်ဦးက ဆိုသည်။

နိုင်ငံခြားသားများအတွက် မြန်မာစာသင်တန်းကို ၂၀၁၃ ဒီဇင်ဘာတွင် ပထမအကြိမ် သင်ကြားခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် သင်ကြားခြင်း ဖြစ်ကြောင်း၊ သင်တန်းကာလ ၁၄ ပတ် ကြာမြင့်မည် ဖြစ်ပြီး နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲအထိ ဖြစ်ပြီး၊ သင်တန်းဝင်ကြေးကို အမေရိကန်ဒေါ်လာ ၁၅၀ သတ်မှတ်ထားကြောင်း ရန်ကုန်တက္ကသိုလ်မှ စုံစမ်းသိရှိရသည်။

“ဆရာတို့က သင်တန်းဖွင့်တာ ငွေကြေးကြောင့် မဟုတ်ပါဘူး။ အဓိက က ကိုယ့်ဘာသာစကား ပြန့်ပွားစေချင်လို့။ ရန်ကုန်တက္ကသိုလ်ရဲ့ activity၊ ကိုယ့်ဌာနရဲ့ activity ဖြစ်စေချင်လို့ လုပ်တာပါ” ဟု သင်တန်းဖွင့်ရခြင်းနှင့် ပတ်သက်၍ ဒေါက်တာအောင်မြင့်ဦးက ပြောကြားခဲ့သည်။

The Voice

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...