Ads (728x90)




နာမည်ကြီးအမျိုးသမီးအဆိုတော်တစ်ဦးအား အမည်မသိသေနတ်များ၏ ပစ်ခတ်မှုကြောင့် ပါကစ္စတန်မြောက်ပိုင်းမြို့တော် Peshawar တွင် သေဆုံး ခဲ့ပြီး အမျိုးသမီးအနုပညာ ရှင်များကို တိုက်ခိုက်မှုတွင် နောက်ဆုံး အကြိမ်ဖြစ်ကြောင်း အာဏာပိုင်များက ကြာသပတေးနေ့တွင် ပြောဆိုလိုက်သည်။

သေနတ်ဖြင့် အပစ်ခံရသည့် အဆိုတော်မှာ အနုပညာအမည် မူစကန် ဟု ခေါ်သည့် ဂူနာ (၃၈)နှစ်ဖြစ်ပြီး သေနတ်သမားလေးယောက်က သူမအိမ်အတွင်းသို့ ဗုဒ္ဓဟူးနေ့က ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံ အရောက်တွင် ကွယ်လွန်သွားခဲ့သည်။

“ အဆိုတော် ဂူနာက သေနတ်ပစ်ခံရပြီး ကွယ်လွန်သွားပါတယ် ၊ ဂူနာက သုံးကြိမ်လက်ထပ်ခဲ့တယ်၊ ပြီးတော့ ပုဂ္ဂိုလ်ရေး ပြဿနာတွေလည်းရှိတယ်” ဟု ဒေသအပိုင်ရဲစခန်းအကြီးအကဲ Riazul Haq က အေဖက်ပီသို့ ပြောကြားသည်။

အမျိုးသမီးအဆိုတော်များအား တိုက်ခိုက်မှုမှာ ပါကစ္စတန်နိုင်ငံ၏ ရှေးရိုးစွဲ ၀ါဒီများကြီးစိုးရာ အနောက်မြောက်ပိုင်း ဖျော်ဖြေမှုများမှာ အစ္စလာမ်ကို ဆန့်ကျင်သည်ဟု ယူဆထားကြသော  Khyber-Pakhtunkhwa ပြည်နယ်တွင် ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ခုဖြစ်ပြီး ယင်းပြည်နယ်မှာ ဖျော်ဖြော်မှုများမှာ အစ္စလာမ်ဘာသာကို ဆန့်ကျင်သည်ဟု ယူဆကြသော နေရာတစ်ခုဖြစ်သည်။

လွန်ခဲ့သောနှစ် ဇွန်လက ငယ်ရွယ်သည့် အမျိုးသမီး သရုပ်ဆောင်တစ်ဦး အိပ်ပျော်နေစဉ်အတွင်း အက်ဆစ်ဖြင့်အပက်ခံခဲ့ရသည်။ ဘူရှရာ (၁၈)နှစ်သည် ရုပ်ရှင်၊ ရုပ်မြင်သံကြားနှင့် ပြဇာတ်တို့တွင် နာမည် ကျော်ကြားပြီး Islamabad မြောက်ပိုင်း မိုင် ၉၀ ခန့်အကွာ Nowshera မြို့ရှိ နေအိမ်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ပါကစ္စတန် နာမည်ကြီးအဆိုတော် ဂါဇလာဂျာပက် (၂၄)နှစ်သည်လည်း လွန်ခဲ့သော နှစ်နှစ်ခန့်က အလှပြင်ဆိုင်သို့အသွားတွင် သေနတ်သမားများ ၏ ပစ်ခတ်မှုကြောင့် Peshawar တွင် သေဆုံးခဲ့ရသည်။

မျက်ရှင်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...