Ads (728x90)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၅)အဖြစ် အောင်ဆန်းကွင်းတွင် နေပြည်တော်
အသင်းနှင့် GFA FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နေပြည်တော်အသင်း
သည် အောင်ကျော်နိုင်၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား
အဆင့်(၂)သို့ တက်လှမ်းနိုင်ခဲ့သည်။

နေပြည်တော်အသင်းသည် ယနေ့ပွဲစဉ်တွင် ပွဲပယ်ပြစ်ဒဏ်ကျခံနေသည့်
ခိုင်ထူး၊ ဇော်လင်း၊ တင်ဇော်မိုး၊ Di Piedi တို့မပါဝင်ခဲ့ဘဲ လူငယ်ကစားသမား
ရန်ကျော်ထွေးကို ပွဲထွက်ကစားသမားအဖြစ် ပွဲထွက်အသုံးပြုခဲ့သည်။

နေပြည်တော်အသင်းသည် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-ဗန်လား၊
နောက်တန်း-နေဇော်အောင်၊ လတ်ကိုကိုအေး၊ Obadin ၊ နီမောင်မောင်
အောင်၊ အလယ်တန်း-အေးဆန်း၊ ဂျောင်၊ အောင်ကျော်နိုင်၊ Delgado
ရှေ့တန်း-ရန်ကျော်ထွေး၊ ပြည့်ဖြိုးဦး တို့ကို အသုံးပြုခဲ့သည်။

ပထမပိုင်းတွင် နေပြည်တော်အသင်း ကစားပုံအမှားများနေခဲ့ပြီး GFA FC
အသင်း၏ ဖိအားပေးခြင်းကို ခံနေခဲ့ရသည်။ နေပြည်တော်အသင်းအနေဖြင့်
ပထမပိုင်းပွဲချိန်အတွင်း ပြစ်ဒဏ်ဘောကန်ချက်၊ ထောင့်ကန်ဘောများဖြင့်
သာ GFA FC အသင်းကို ခြိမ်းခြောက်နိုင်ခဲ့သည်။

ပထမပိုင်းတွင် နီမောင်မောင်နှင့် Obadin တို့၏ ကန်ချက်(၂)ကြိမ်သာ GFA
FC အသင်းဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး GFA ဂိုးသမား ဖြိုးကျော်လက်
စွမ်းပြကာကွယ်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် နေပြည်တော်အသင်းသည် ကွင်းလယ်အဖျက်ကစားသမား
အေးဆန်းအစား ချမ်းချမ်းကိုထည့်သွင်းကာ ကစားကွက်ပြောင်းလဲခဲ့သည်။
ချမ်းချမ်းဝင်လာပြီးနောက်ပိုင်း နေပြည်တော်အသင်း ဘောလုံးပိုင်ဆိုင်မှု
အသာစီးရကာ တိုက်စစ်ကစားပုံ ပိုမိုကောင်းမွန်လာခဲ့သည်။ ပွဲချိန်(၄၇)မိနစ်
တွင် နေဇော်အောင်၏ ဖြတ်တင်ပေးပို့မှုကို ရန်ကျော်ထွေး အပိုင်ပိတ်သွင်း
ခဲ့သော်လည်း ဂိုးတိုင်ထိထွက်ခဲ့သည်။

ဆက်တိုက်ဆိုသလို နေပြည်တော်အသင်း ဖိကစားနေရင်း ပွဲချိန်(၅၅)မိနစ်
တွင် ရန်ကျော်ထွေး၏ ဖြတ်တင်ဘောကို အောင်ကျော်နိုင်က အပိုင်ပိတ်
သွင်းကာ နေပြည်တော်အသင်းကို ဦးဆောင်ဂိုးရရှိစေခဲ့သည်။ ဦးဆောင်ဂိုး
ရရှိခဲ့ပြီးနောက် နေပြည်တော်အသင်းအနေဖြင့် GFA FC အသင်းကို တရစပ်
ဖိကစားလာကာ ပွဲချိန်(၆၁)မိနစ်တွင် ဒုတိယဂိုးဆောင်ဂိုး ထပ်မံရရှိခဲ့သည်။
ယင်းသွင်းဂိုးကို အောင်ကျော်နိုင်နှင့် ဂျောင်တို့၏တွဲလုံးမှတစ်ဆင့် အောင်
ကျော်နိုင်ကပင် ဂိုးသမားနှင့်တစ်ဦးချင်းအတွေ့မှာ အကောင်းဆုံးအဆုံးသတ်
နိုင်ခဲ့ခြင်းဖြစ်သည်။

ပွဲချိန်(၆၅)မိနစ်တွင် GFA FC ကစားသမား စည်သူအောင်က ဂိုးဧရိယာအပြင်
ဘက်မှ အမှတ်မထင် အပြင်းကန်သွင်းချက်ကို နေပြည်တော်ဂိုးသမား ဗန်လား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည်။

ယင်းနောက် နေပြည်တော်အသင်းသည် ပြည့်ဖြိုးဦးအစား စိုးသူရိန်ထွန်း၊ Delgado အစား ဘိုဘိုနိုင်ကို ထည့်သွင်းကာ အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်
ရန် ကြိုးစားကစားလာခဲ့သည်။ သို့သော် ပွဲပြီးဆုံးခါနီးအထိ နှစ်သင်းစလုံး
အပြန်အလှန် တိုက်စစ်ဆင်ကစားနိုင်ခဲ့ကြသော်လည်း ဂိုးသွင်းခွင့်များထပ်မံ
ရရှိခဲ့ခြင်းမရှိဘဲ နေပြည်တော်အသင်းက (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ
အမှတ်ပေးဇယားအဆင့်(၂)နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

နေပြည်တော်အသင်းသည် လာမည့် မတ်လ(၈)ရက်နေ့ ၊ အောင်ဆန်းကွင်း
၌ပင် ဧရာဝတီယူနိုက်တက်အသင်းနှင့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၆)အဖြစ်
ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Admin - ZNA
Photo - San Htoo Aung

REf ; #NPTFC
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...