Ads (728x90)

Photo: ရတနာပုံအသင်း ပရိတ်သတ်အားပေးပုံနှင့် ပတ်သက်၍ 
ရန်ကုန်အသင်းနည်းပြ အဲရစ်ဝီလျံ ဝေဖန်ခဲ့
===============================

ရန်ကုန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်ဝီလျံသည် 
ရတနာပုံအား (၁-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲတွင် 
အိမ်ရှင်ပရိတ်သတ်များ၏ အားပေးပုံနှင့် ပတ်သက်၍ 
ဝေဖန်မှုပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါပွဲတွင် ပွဲကစားနေစဉ် ရတနာပုံအသင်းပရိသတ်များ
မှ ကွင်းအတွင်းသို့ အရာဝတ္တူများဖြင့် ပစ်ပေါက်ခဲ့ခြင်းအ 
ပေါ် အဲရစ်ဝီလျံက " AFC Cup ပြိုင်ပွဲကြောင့် အသင်းသားတွေ
ပွဲပန်းနေမှာ အသေအချာပါပဲ၊ ရတနာပုံ ပရိတ်သတ်တွေ ကွင်းထဲ
ကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့်လည်း 
အာရုံစိုက်ကစားလို့ မရတာပါ၊ဒီလိုဖြစ်ရပ်တွေက ၂၀၀၉ခုနှစ်ကတည်းက
ရှိခဲ့ပြီး အဖွဲ့ချုပ်က ထိရောက်တဲ့ အရေးယူမှုတွေ မရှိခဲ့လို့ အခုလိုဖြစ်နေရတာပါ" ဟု ဆိုခဲ့သည်။

ref:Channel weekly Sports Journal

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...