
၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်အမှတ်(၃၀) အဖြစ် ဆောက်သမ်းမြန်မာအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ မတ်လ(၃) ရက်နေ့၊ ညနေ(၄)နာရီ
တွင် ရန်ကုန်မြို့၊ Y.T.C ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်တစ်ဂိုးစီသွင်းယူပြီး သရေတစ်မှတ်စီခွဲယူခဲ့ကြသည်။
အဆိုပါပွဲပထမပိုင်းတွင် နှစ်သင်းလုံးသူတစ်ပြန် ကိုယ်တစ်ပြန် ယှဉ်ကစားခဲ့ကြသော်လည်း ဂိုးသွင်းခွင့်များကို အပိုင်အသုံးအချနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ဒုတိယပိုင်းတွင် ဧရာဝ
တီယူနိုက်တက်အသင်းမှ လူစားလဲမှုတွေပြုလုပ်ပြီး တိုက်စစ်မြှင့်တင်ကစားခဲ့ရာ (၅၉) မိနစ်တွင် တိုက်စစ်မှူးဆာဆာက ဆောက်သမ်းအသင်းဘက်ခြမ်းဘီးကုတ်ထိပ်မှ
အပြင်းကန်သွင်းယူပြီး အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။ ယင်းနောက် ဧရာဝတီယူနိုက်တက်အသင်းမှ အနည်းငယ်ပိုမိုဖိကစားခဲ့သော်လည်း ကစားသမား
များ၏ ဂိုးပေါက်လွဲချော်မှုများကြောင့် နောက်ထပ်ဦးဆောင်ဂိုးများ မရရှိခဲ့ပေ။ ဆောက်သမ်းမြန်မာအသင်းဘက်ကလည်း လူစားလဲမှုတွေပြုလုပ်ခဲ့ပြီး တန်ပြန်တိုက်စစ်ဆင်
ကစားခဲ့ရာ (၈၂) မိနစ်တွင် နံပါတ်(၂၀) ရန်နိုင်ထွေးက အသင်းအတွက် အဖိုးတန်ချေပဂိုးသွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းလက်ကျန်ချိန်များတွင် ဧရာဝတီယူနိုက်အသင်း
ဘက်မှ ပိုမိုဖိအားပေးကစားခဲ့သော်လည်း ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိတော့သည့်အတွက် ဆောက်သမ်းမြန်မာ ၁-၁ ဧရာဝတီယူနိုက်တက် ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။
GFA ကိုခက်ခက်ခဲခဲကစားပြီး နေပြည်တော် သုံးမှတ်ရယူ
----------------------------------------------------------
ပွဲစဉ်အမှတ်(၂၉) အဖြစ် ယနေ့ညနေ (၄) နာရီတွင် အောင်ဆန်းကွင်း၌ နေပြည်တော်အသင်းနှင့် GFA အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ နေ
ပြည်တော်အသင်းက GFA အသင်းကို ၂-၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။ နေပြည်တော်အသင်းအတွက် ဂိုးများကို (၅၅) မိနစ်နှင့် (၆၁)မိနစ်တို့တွင် အောင်ကျော်နိုင်တစ်
ဦးတည်းက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။၂၀၁၄ AFC Cup ပြိုင်ပွဲအတွက် အိန္ဒိယကလပ် Pune FC အသင်းကို အဝေးကွင်းသွားရောက်ယှဉ်ပြိုင်ပြီး ပွဲပန်းမှုဒဏ်ရရှိခဲ့သည့်
နေပြည်တော်အသင်းအနေဖြင့် GFA အသင်းကို ခက်ခက်ခဲခဲကစားပြီး ယခုကဲ့သို့ အနိုင်ရလဒ်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ နေပြည်တော်အသင်းအနေဖြင့် ယခုပွဲအနိုင်ရ
လဒ်ကြောင့် ဇေယျာရွှေမြေအသင်းနှင့် ရမှတ်တူ၊ ဂိုးကွာခြားချက်အသာဖြင့် လက်ရှိမြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဇယား အဆင့် (၂) နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီလည်းဖြစ်သည်။
Ref ; #MFF

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။