Ads (728x90)


-----------------------------------------------------------------

မြန်မာနေရှင်နယ်လိဂ် ၂ ပွဲစဉ် ( ၅ ) အဖြစ် ဟံသာဝတီယူနိုက်တက် အသင်း နှင့် Horizon အသင်း တို့ ယနေ့ ညနေ ၃း ၃၀ နာရီ အချိန်က ပဒုမ္မာကွင်း တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဟံသာဝတီအသင်း မှ ချီကာ၊ လွင်ကိုနိုင် တို့ သွင်းဂိုး များဖြင့် Horizon အသင်း အား အနိုင်ရရှိခဲ့ပါသည်။
ဟံသာဝတီ အသင်း အနေဖြင့် ယနေ့ ပွဲစဉ် အား တိုက်စစ်ဖွင့် ကစားပြီး ဇယား အဆင့် နဝမ မြောက်နေရာမှ Horizon အသင်း အား ဂိုးရသလောက်သွင်းယူရန် ပြင်ဆင်ခဲ့ပါသည်။ သို့သော်လည်း Horizon အသင်း ၏ မမျှော်လင့်သော မာမာထန်ထန် တုန်ပြန် ကစားလာမှုကြောင့် ပွဲအစပိုင်း မီနစ်များတွင် ခက်ခဲစွာ ရုန်းကန်ခဲ့ရပါသည်။
ဟံသာဝတီ အသင်း နှင့် Horizon အသင်း တို့သည် နေရှင်နယ်လိဂ် သမိုင်းတစ်လျှောက်တွင် ပထမ ဆုံး အကြီမ်တွေ့ဆုံ ခဲ့မှု ဖြစ်ပြီး ယခုလို ၂ ဂိုးပြတ် အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့သောကစားသမားများအား အသိအမှတ်ပြုရမည် ဖြစ်ပါသည်။
ယနေ့ပွဲတွင် ဂိုး သမားနေရာအတွက် ရန်အောင်လင်း ပါဝင်ကစားခဲ့ပြီးနောက်တန်းတွင် အောင်ရာဇာဦး၊ အောင်မင်းညွန့်၊ ကျော်မင်းထိုက်၊ အောင်ဖြိုးမြင့် တို့ ကစားခဲ့ကာ အလယ် တွင် ဗညားဦး ၊ ဝေဖြိုးသူ၊ ချစ်ကိုကို ၊ သက်နောင်ထွေး၊ တို့ဖြင့် အထိုင်ချ ခဲ့ပြီး တိုက်စစ်နေရာတွင် ဘမ်ဘာ နှင့် ချီကာ တို့မှ ဦးဆောင်ကစားခဲ့ပါသည်။ ပထမ ပိုင်း ပွဲချိန်များတွင် Horizon အသင်း ၏ ကစားအားကြောင့် အသင်း အနေဖြင့် ဂိုးရရန် ရုန်းကန်ခဲ့ရပါသည်။ ပွဲချိန် မီနစ် ၂၀ တွင် ဗညားဦး ၏ ပေးပို့မှု မှတစ်ဆင့် ဘမ်ဘာ အပိုင်ကန်သွင်းခွင့်ရသော်လည်း ဂိုးဘေးမှာ ထွက်သွားခဲ့ပါသည်။ ထို့နောက် ဆက်လက် တိုက်စစ် ဆင် ဖိအားပေး ကစားခဲ့ရာ ပွဲချိန် ၂၈ မိနစ်တွင် ညာခြမ်းမှ သက်နောင်ထွေး မတင်ပေးလိုက်သော ဘောလုံး အား ၁၈ ကိုက် စည်းအတွင်း ချီကာ အပိုင် ပိတ်သွင်း နိုင်လိုက်သဖြင့် အသင်းအတွက် ဦးဆောင်ဂိုး ရရှိခဲ့ပါသည်။ အဆိုပါ ဂိုး သည် တိုက်စစ်မှုး ချီကာ ၏ တစ်ကိုယ်တော် စွမ်းရည် နှင့် အဆုံးသတ်ပိုင်း ကောင်းမွန်မှု ကို သက်သေပြနိုင်ခဲ့သော အဆင့်မြင့် ဂိုးတစ်ဂိုး ဖြစ်ခဲ့ပါသည်။ ပထမ ပိုင်းတွင် ထို တစ်ဂိုး ဖြင့် ပြီးဆုံးခဲ့ပြီး ဒုတိယ ပိုင်း အစတွင် သက်နောင်ထွေး နေရာ တွင် လွင်ကိုနိုင် အား အစားထိုး ကစားစေခဲ့ပါသည်။ နည်းပြ ဦးငွေထွန်း ၏ မှန်ကန်သော လူစားလဲမှုကြောင့် ဒုတိယ ပိုင်း အစ ပွဲချိန် ၅၈ မိနစ်တွင် လွင်ကိုနိုင်မှာ ညာတောင်ပံတစ်လျှောက် ဘောလုံးနှင့် တစ်ပါတည်း ဆွဲဝင် ကာ Horizon နောက်တန်း ကစားသမား သုံးယောက် အား လှည့်စား ကာ အပိုင်ကန်သွင်း ယူခဲ့သဖြင့် အသင်းအတွက် ဒုတိယ ဂိုး ကို သွင်းယူနိုင်ခဲ့ပါသည်။ ထို့နောက် ဆက်လက် ဖိအားပေး တိုက်စစ်ဆင် ကစားခဲ့ရာ အသင်းအတွက် ဂိုးရနိုင်သော အခြေအနေများ ကို စည်းကြပ်ဒိုင်မှာ လူကျွံ ဖမ်း ဆုံးဖြတ်ခဲ့မှုကြောင့် ဂိုးရသင့်သလောက် မရဘဲ ဖြစ်ခဲ့ရပါသည်။ ယနေ့ ပွဲစဉ်တွင် ကွင်းလယ်ဒိုင် အဖြစ် တာဝန်ယူသော ဦးတင်မိုးထွန်း အနေဖြင့် အငြင်းပွါးဖွယ် ဆုံးဖြတ်ချက် များ ချမှတ် ခဲ့သဖြင့် ပွဲမှာ မလိုအပ်ဘဲ မကြခဏဆိုသလို အငြင်းပွါးမှု၊ ပွတ်တိုက်မှု များ ဖြစ်ပေါ်ခဲ့ရပါသည်။ ထို့ကြောင့် ဟံသာဝတီ အသင်း ၏ ၅ ပွဲဆက် ပေးဂိုးမရှိ စံချိန် နဲ့အတူအမှတ်ပေးဇယားထိပ်တွင် လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်နေမှု အား အသင်း အားပေးသူ ပရိသတ်များ သိရှိနိုင်ပါစေရန် အသိပေး အပ်ပါသည်။

လူစားလဲ ပါဝင်ကစားခဲ့သူများ
သက်နောင်ထွေး ( လွင်ကိုနိုင် ၄၆ မီနစ် ) ဗညားဦး ( အောင်အောင်ဦး ၆၇ မိနစ် ) ၊ချစ်ကိုကို ( ရှိုင်းထက်ဇော် ၈၄ မိနစ်)

Ref ; #MFF
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...