Ads (728x90)


မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် အာဆီယံ ယူ၁၆ ချန်ပီယံရှစ် AFF U16 AYA Bank Championship 2013 ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲကို ယမန်နေ့ ညနေက ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ စတင် ကျင်းပခဲ့ရာ မလေးရှား အသင်းက အင်ဒိုနီးရှား အသင်းကို ပင်နယ်တီ အဆုံးအဖြတ် (၂-၃)ဂိုးဖြင့် အနိုင် ရရှိကာ ချန်ပီယံ ဆုဖလား ဆွတ်ခူး ရရှိခဲ့သည်။ တတိယ နေရာ လုပွဲတွင် လည်း သြစတြေးလျ အသင်းက ဗီယက်နမ် အသင်းကို (၇-၆)ဂိုး ဖြင့် အနိုင်ရရှိ ခဲ့သည်။
ဗိုလ်လုပွဲ ပြီးဆုံးပြီးနောက် ဆုပေးပွဲ အခမ်းအနား ဆက်လက် ကျင်းပရာတွင် အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် တာဝန် ရှိသူများက  AFF U16 AYA Bank Championship 2013 ဆုဖလားနှင့် ဆုတံဆိပ်များ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ယခုနှစ်အတွင်း နိုင်ငံတကာ ပြိုင်ပွဲများ လက်ခံကျင်းပ ခဲ့ရာ Challenge Cup ခြေစစ်ပွဲ၊ အာဆီယံ ယူ၁၄ ချန်ပီယံရှစ် ပြိုင်ပွဲ၊ အာဆီယံ ယူ၁၆ ချန်ပီယံရှစ် ပြိုင်ပွဲတို့ကို ကျင်းပခဲ့ပြီး စက်တင်ဘာ ၉ ရက်နေ့တွင် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲကို ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။


  • Created on Tuesday, 03 September 2013 14:20
  • Written by Okocha

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...