Ads (728x90)

ဖုန်း မသမာမှုများမှ တဆင့် ရပ်ကွက်ရုံးတစ်ရုံး တစ်လ သိန်းပေါင်းများစွာ ၀င်ငွေရလျက်ရှိနေ..
==========================

မြန်မာနိုင်ငံ ဆက်သွယ်ရေး ၀န်ကြီးဌါနက တန်ဖိုးနည်းဖုန်းများအဖြစ် CDMA/GSM မိုဘိုင်းဖုန်းများကို ပြည်သူများထံ ကျပ် ၁၅၀၀ ဖြင့်  ရောင်းချပေးလျက် ရှိရာ ရပ်ကွက်အုပ်ချူပ်ရေးရုံးများ အနေဖြင့်  တယ်လီဖုန်း ကော်မတီများ ဖွဲ့လျက် အစိုးရ အစီအစဉ်ဖြင့် ရောင်းချနေုခြင်း ဖြစ်သည်။

ရန်ကုန်မြို့ပေါ်တွင် ပွင့်လင်း မြင်သာစွာ ဆောင်ရွက်မှုများ ရှိသော်လည်းကျေးရွာများတွင်မူ မသမာမှုများ တွင်တွင်ကျယ်ကျယ် ပြုလုပ်နေကြောင်း သိရသည်။ 

"မြို့နယ်က ဘယ်လောက်ချပေးတယ်ဆိုတာ ပြည်သူတွေကို အသိပေးခြင်း မရှိဘူး၊ ကျေးရွာအုပ်စု တစ်ခုမှာ ရွာတွေရှိတယ်။ တစ်ရွာကို ဘယ်လောက်ဆိုတာ ရပ်ကွက်ရုံးက သတ်မှတ်တယ်၊ တစ်လတစ်ကြိမ် မဲနှိုက်ပေးတယ် မဲပေါက်မပေါက်ကို မဲနှိုက်တဲ့အချိန်မှာ လာစောင့်မှ သိနိုင်တယ်။ မလာစောင့်ဖြစ်ပဲ ဖုန်းမဲ ထည့်ထားသူတွေအနေနဲ့ ပေါက်ရင်တောင် မသိတော့ဘူး။ ရာအိမ်မှုးတွေကနေ တဆင့် အကြောင်းကြားတာလဲ မရှိဘူး။ အဲ့ဒီတော့ မဲပေါက်ပေမယ့် လာမထုတ်ဖြစ်လိုက်တာတွေရှိတယ်။ လာမထုတ်တဲ့ ဖုန်းအားလုံးကို ရပ်ကွက်ရုံးက လူတွေစုပြီး သွားရောင်းစားလိုက်ကြတယ်။" အခုလကုန်မဲနှိုက်တုန်းက ပေါက်မှန်း မသိလို့ လာမထုတ်တဲ့သူ အလုံး သုံးဆယ်လောက်ရှိတယ်။ တစ်လုံးကို ရှစ်သောင်း တစ်သိန်းကျပ်လောက်နဲ့ ရောင်းစားလိုက်ကြတယ်။ တစ်လ သိန်း ၂၀ လောက်တော့ ၀င်ငွေရှိကြတယ်။ ဒါ မဲပေါက်ပြီး လာမထုတ်သေးတဲ့ ကိစ္စပဲ ရှိသေးတယ်။ သတ်မှတ်ပမာဏ အတိုင်း ရောင်းမရောင်း ဆိုတာကလည်း မသိနိုင်သေးဘူး။" ဟု သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ နေဦးသိန်းဟန်က ပြောသည်။ 

(ဇော်လွင်ဝင်း )

ဓာတ်ပုံ – ဂျေပိုင်

By :

Zaw Lwin Win added a photo from September 5, 2013 to his timeline.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...