Ads (728x90)

မာဒေးကား ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ အသင်း လူစာရင်း ထုတ်ပြန်
မလေးရှား အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် ကျင်းပသည့် ၂၀၁၃ မာဒေးကား ဖလား ဘောလုံးပြိုင်ပွဲကို မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်း ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ရာ မြန်မာ အသင်း လူစာရင်းကို ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။
အဆိုပါ လက်ရွေးစင် အသင်း လူစာရင်းတွင် ကစားသမား ၂၂ ဦးပါဝင်ပြီး ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် စုစည်းထားသည့် ယူ၂၃ အသင်းမှ ရွေးချယ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ လူစာရင်းအား မာဒေးကား ပြိုင်ပွဲအတွက်သာ ရွေးချယ်ခြင်း ဖြစ်ပြီး ဆီးဂိမ်းစ် ပဏာမ ကစားသမား စာရင်းမှာ မူလအတိုင်း ရှိနေမည် ဖြစ်သည်။

အုပ်ချုပ်/နည်းပြ အဖွဲ့
အသင်းမန်နေဂျာ- ဦးတင်မြင့်အောင်
နည်းပြချုပ်- ပတ်ဆောင်ဟွာ
လက်ထောက်နည်းပြ- ဦးဇော်ဝင်းထွန်း
ကြံ့ခိုင်ရေး နည်းပြ- ဟဟေဂျွန်
ဂိုးနည်းပြ- ဦးမျိုးချစ်
အသင်း ဆရာဝန်- ဒေါက်တာ အောင်ကျော်ဦး
သူနာပြု- ဦးပြည့်ဖြိုးအောင်
မီဒီယာ အရာရှိ- ဦးစိုးမိုးကျော်
ကင်မရာ- ဦးကြည်စိုးဟိန်း
စကားပြန်- ဦးနိုင်ဝင်း
မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်း ကစားသမား စာရင်း

ဂိုး - ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)၊ ကျော်ဇင်ဖြိုး (မကွေး)
နောက်တန်း - သိန်းသန်းဝင်း (ကမ္ဘောဇ)၊ ဇော်မင်းထွန်း၊ ရန်အောင်ဝင်း၊ သက်နိုင် (ရတနာပုံ)၊ အောင်ဟိန်းကျော် (ဇေယျာရွှေမြေ)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ အောင်ဇော် (ဟံသာဝတီ)၊ ဇာနည်ထက် (ရန်ကုန်)

အလယ်တန်း - ဆက်ဖြိုးဝေ (ရန်ကုန်)၊ ရဲလင်းအောင် (ဇေယျာရွှေမြေ)၊ ထူးထူးအောင် (မကွေး)၊ ဟိန်းဇာအောင် (မကွေး)၊ နန္ဒလင်းကျော်ချစ် (ဧရာဝတီ)၊ ကြည်လင်း (ရန်ကုန်)၊ ဒေးဗစ်ထန်း (ရန်ကုန်)၊ နေလင်းထွန်း (ဧရာဝတီ)

ရှေ့တန်း - ကောင်းစည်သူ(ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်)၊ ကျော်ဇေယျာဝင်း (ကမ္ဘောဇ)၊ စိုးကျော်ကျော် (ဧရာဝတီ)

၂၀၁၃ မာဒေးကား ဖလား ပွဲစဉ်များ
စက်တင်ဘာ (၇)ရက်နေ့
ညနေ(၅း၃၀) နာရီ၊    မလေးရှား - စင်ကာပူ (Darul Makmur Stadium)
ည(၈း၄၅)နာရီ၊          ထိုင်း    - မြန်မာ (Darul Makmur Stadium)

စက်တင်ဘာ (၉) ရက်နေ့
ညနေ(၅း၃၀) နာရီ၊    ထိုင်း     - စင်ကာပူ (Darul Makmur Stadium)
ည(၈း၄၅)နာရီ၊    မလေးရှား    - မြန်မာ (Darul Makmur Stadium)

စက်တင်ဘာ (၁၁) ရက်နေ့
ည(၈း၄၅) နာရီ၊    မလေးရှား   - ထိုင်း (Darul Makmur Stadium)
ည(၈း၄၅)နာရီ၊    စင်ကာပူ     - မြန်မာ (Temerolh Stadium)

စက်တင်ဘာ (၁၄) ရက်နေ့
ညနေ(၅း၃၀) နာရီ၊    တတိယ နေရာလုပွဲ
ည(၈း၄၅)နာရီ၊    ဗိုလ်လုပွဲ



  • Created on Monday, 02 September 2013 17:35
  • Written by Okocha

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...