Ads (728x90)


၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ တောင်ကိုရီးယား နိုင်ငံ အင်ချွန်မြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၁၃ ခုနှစ် အာရှ လူငယ် (အမျိုးသား) ဘောလုံး ပွဲတော်တွင် ပါဝင် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် လူငယ်အသင်း ၂ သင်း အတွက် ကစားသမား ရွေးချယ်မှုများ ပြုလုပ်လျက် ရှိရာ ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့က ကစားသမား စုစုပေါင်း ၁၇၀ လာရောက် အရွေးချယ် ခံခဲ့ကြသည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ အဖွဲ့အနေဖြင့် အနယ်နယ် အရပ်ရပ်မှ လာရောက် အရွေးချယ်ခံ ခဲ့သည့် ကစားသမား များအနက် အသက် (၉ နှစ်မှ ၁၀ နှစ်)ကြား လက်ရွေးစင် အသင်းအတွက် ပဏာမ ကစားသမား (၂၄)ဦးနှင့် အသက် (၁၁ နှစ်မှ ၁၂ နှစ်)ကြား လက်ရွေးစင် အသင်းအတွက် ပဏာမ ကစားသမား (၂၆)ဦး၊ စုစုပေါင်း ကစားသမား (၅၀)ဦးကို ပဏာမ ရွေးချယ်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ ကစားသမား များအနေဖြင့် လာမည့် စက်တင်ဘာ ၈ ရက်နေ့ မနက် (၇း၀၀)နာရီ တွင် သုဝဏ္ဏ လေ့ကျင့်ရေး ကွင်း(၁)၌ တတိယ အဆင့် ရွေးချယ်မှုကို ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အသက် မှန်ကန်မှု အတွက် ကျောင်းထောက်ခံစာ၊ မှတ်ပုံတင်၊ မွေးစာရင်း၊ အိမ်ထောင်စု စာရင်း စသည့် အထောက်အထား များယူဆောင် လာရမည် ဖြစ်သည်။

ထို့အပြင် အမှတ်(၃) အခြေခံ ပညာ ဦးစီးဌာန လက်အောက်ရှိ ကျောင်းပေါင်းစုံမှ ကစားသမား များသည်လည်း ယင်းနေ့တွင် လာရောက် အရွေးချယ် ခံကြမည် ဖြစ်သည်။

" ပထမ အဆင့် ရွေးချယ်ပွဲမှာ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီနဲ့ ရန်ကုန် မှာရှိတဲ့ မြို့နယ် အသီးသီးက ကစားသမား ၁၇၀ ကျော်လာ ရောက် ရွေးချယ်ခံခဲ့ကြပါတယ်။ လာမယ့် ၈ ရက် နေ့မှာတော့ အမှတ်(၃) အခြေခံ ပညာ ဦးစီးဌာန လက်အောက်မှာ ရှိတဲ့ ကျောင်းတွေက ကစားသမား တွေလာရောက် ရွေးချယ်ခံ ကြပါမယ်။ ခန့်မှန်းခြေ ကျောင်းသား အယောက် ၃၀၀၊ ၄၀၀ ၀န်းကျင်လောက် လာပြီး အရွေးချယ် ခံကြမယ်လို့ မျှော်လင့်ထားပါတယ်။" ဟု ကစားသမား ရွေးချယ်ပွဲကို တာဝန်ယူ ဆောင်ရွက် နေသည့် MFF နည်းစနစ် ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ဦးဝင်းသူမိုး က ပြောကြားသည်။

တောင်ကိုရီးယား နိုင်ငံ၊ အင်ချွန်မြို့တွင် ကျင်းပမည့် အာရှ လူငယ် ဘောလုံး ပွဲတော်သို့  မြန်မာ အပါအ၀င် အာရှ နိုင်ငံ ၄၂ နိုင်ငံမှ လူငယ် ဘောလုံးအသင်း များပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ရာ အရည်အချင်းရှိ လူငယ် မျိုးဆက်သစ် ကစားသမားများ အနေဖြင့် မြန်မာ လူငယ် အသင်း ၂ သင်းအတွက် လာရောက် ရွေးချယ် ခံနိုင်ပါကြောင်း  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဌာနမှ ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်နေ့က စ၍ သတင်းထုတ်ပြန် ကြေညာခဲ့ ပြီးဖြစ်သည်။

သက်မှတ်ချက်နှင့် ကိုက်ညီသဖြင့် ခြေစွမ်း စမ်းသပ်ခံခဲ့သူများ
၁။ ဧရာဝတီ ဘောလုံး အကယ်ဒမီ(ပုသိမ်)              -  ၂၅ ဦး
၂။ နေပြည်တော် ဘောလုံး အကယ်ဒမီ                  -  ၄၅ ဦး
၃။ စူပါစတား ဘောလုံး လေ့ကျင့်ရေး စင်တာ            -  ၁၇ ဦး
၎။ ဘိုကလေး ဘောလုံး သင်တန်းကျောင်း              -  ၁၅ ဦး
၅။ နေပြည်တော်၊ ပျဉ်းမနားမြို့                          -    ၃ ဦး
၆။ တာမွေမြို့နယ်                                      -    ၁ ဦး
၇။ မြောက်ဥက္ကလာ                                     -  ၁၂ ဦး
၈။ ဒဂုံမြို့နယ်                                          -    ၂ ဦး
၉။ ဒေးဒရဲ မြို့နယ်                                     -    ၃ ဦး
၁၀။ တောင်ဥက္ကလာ မြို့နယ်                           -    ၁ ဦး
၁၁။ ရန်ကင်း မြို့နယ်                                  -    ၂ ဦး
၁၂။ သင်္ဃန်းကျွန်း မြို့နယ်                             -    ၄ ဦး
၁၃။ အ.မ.က (၂) လှိုင်သာယာ                       -    ၉ ဦး
၁၄။ ဗဟန်း မြို့နယ်                                    -    ၃ ဦး
၁၅။ ဗိုလ်တစ်ထောင် မြို့နယ်                           -    ၁ ဦး
၁၆။ လှိုင်သာယာ မြို့နယ်                              -    ၂ ဦး
၁၇။ သာကေတ မြို့နယ်                                -    ၄ ဦး
၁၈။ တောင်ဒဂုံ မြို့နယ်                                 -    ၆ ဦး
၁၉။ ကြည့်မြင်တိုင် မြို့နယ်                              -    ၁ ဦး

  • Category: U-12 Tournament
  • Published on Tuesday, 03 September 2013 16:39
  • Written by Okocha
  • Hits: 267

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...