Ads (728x90)


မြန်မာ့ လက်ရွေးစင် အသင်းနှင့် ဟောင်ကောင် လက်ရွေးစင် အသင်းတို့ ခြေစမ်းပွဲကို လာမည့် စက်တင်ဘာ ၆ ရက်နေ့ ညနေ ၅း၀၀ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးမှာ အထူးတန်း ၁၀၀၀ ကျပ်နှင့် ရိုးရိုးတန်း ၅၀၀ ကျပ် သက်မှတ် ထားသည်။
မြန်မာနှင့် ဟောင်ကောင် ခြေစမ်းပွဲအား ထိုင်းနိုင်ငံမှ ဒိုင်လူကြီးများက တာဝန်ယူ ကြီးကြပ်သွားမည် ဖြစ်သည်။ ဟောင်ကောင် လက်ရွေးစင် အသင်းကို နည်းပြချုပ် အဖြစ် အသက် ၄၄ နှစ်အရွယ် တောင်ကိုရီးယား နည်းပြ ကင်ပန်ဂွန်း ကတာဝန်ယူ ကိုင်တွယ် လျက်ရှိပြီး တရုတ် စူပါလိဂ် ကလပ်များနှင့် ဟောင်ကောင် ကလပ်များတွင် ဆုကြေးစား ကစားနေသည့် ကစားသမား များဖြင့် စုဖွဲ့ထားသည်။ ဟောင်ကောင် အသင်းသည် ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ ဖိလစ်ပိုင်နှင့် ခြေစမ်းပွဲတွင် (၀-၁)ဂိုးဖြင့် အရေးနိမ့် ထားပြီး မြန်မာနှင့် ခြေစမ်းပြီးပါက လာမည့် စက်တင်ဘာ ၁၀ ရက်နေ့တွင် စင်ကာပူ အသင်းနှင့် ထပ်မံ ခြေစမ်းပွဲ ကစားရန် စီစဉ်ထားကြောင်း သိရသည်။

နည်းပြချုပ် ဦးဆန်းဝင်း တာဝန်ယူ ကိုင်တွယ်လျက် ရှိသည့် မြန်မာ့ လက်ရွေးစင် အသင်းမှာ ပြီးခဲ့သည့် သြဂုတ်လ တတိယ ပတ်က စတင်လေ့ကျင့်မှု များပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့ မြန်မာ ယူ ၂၃ အသင်းနှင့် ခြေစမ်းပွဲတွင် (၃)ဂိုးပြတ် အရေးနိမ့် ထားသည်။ မြန်မာ့ လက်ရွေးစင် အသင်း အနေဖြင့် ဇော်မင်းထွန်း၊ ကြည်လင်း၊ ကျော်ကိုကို၊ ဒေးဗစ်ထန်း၊ ကောင်းစည်သူ စသည့် ကစားသမား များအား မြန်မာ ယူ၂၃ အသင်းသို့ ပေးထားရ သဖြင့် ရာဇာဝင်းသိန်း၊ ရန်ပိုင်၊ ပိုင်စိုး၊ ခင်မောင်လွင်၊ ရန်အောင်ကျော်၊ မိုးဝင်း စသည့် ၀ါရင့် ကစားသမား များဖြင့်သာ စုဖွဲ့ထားရသည်။


  • Created on Wednesday, 04 September 2013 16:36
  • Written by Okocha

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...