Ads (728x90)

Photo: ရီးရဲလ် မက်ထရစ် အသင်းမှ အေစီမီလန် သို့ ပြောင်းရွေ့ သွားသော ဘရာ ဇီး
ကွင်း လယ် ကစားသမား ရီကာ ဒို ကာကာ သည် အသင်း ဟောင်း ရီးရဲလ် မက် ထရစ် သို့ ကျေးဇူး တင် စကား တစောင် ကို အောက် ပါ အတိုင်း ရေး သား ခဲ့ သည်။ 
_____________________×_______________________________

သို့ / ရီးရဲလ် မက်ထရစ် ပရိတ်သတ်များ ခင်ဗျာ

ရီးရဲလ် မက်ထရစ် အသင်းမှာ လေးနှစ်တာ ကာလ ကို ကျွန်တော် ဖြတ်သန်း
ခဲ့ ပါတယ်။ ဒီအတော အတွင်းမှာ အသင်း အတွက် ကျွန်တော် တတ်နိုင် သ
လောက် အကောင်းဆုံး ကြိုးစားခဲ့ တယ်။ စိန်ခေါ်မှု အခက် အခဲ တွေကို ရင် 
ဆိုင် ကျော်လွှား ခဲ့ ရတယ်။ ဒီလေး နှစ် အတွင်း ဖလား သုံးလုံး ရယူနိုင် ခဲ့ ပါတယ်။ ရီးရဲလ် မက်ထရစ် အင်္ကျီကို ဆင်မြန်းပြီးတော့ ပေါ့ဗျာ။ ရီးရဲလ်မက်
ထရစ် လို ခမ်းနား ကြီးကျယ် တဲ့ အသင်းမှာ ကစား ခဲ့ ရတဲ့ အချိန်တွေ ကို ကျွန်တော် နှလုံးသား ထဲမှာ အစဉ်အမြဲ သိမ်းထားပြီး အမှတ် ရနေမှာပါ။

အခု ချိန်မှာ ကျွန်တော့ရဲ့ အသင်း ဟောင်း မီလန် နဲ့ အတူ ပရော်ဖက် ရှင်နယ်
ကစား သမား ဘ၀ကို ဆက်ပြီး လျှောက် လှမ်းရတော့မယ်။ ဒါပေမဲ့  ကျွန်
တော် စပိန် မြေ ကို နှစ်သက်ပါတယ်။ ပြီး တော့ စပိန် မြေက ပျော်ရွှင် စရာ
အချိန်တွေ ကိုလဲ ကျွန်တော် သတိရ နေပါတယ်။ ရီးရဲလ် မက်ထရစ် အသင်း
အနေ နဲ့ အသင်းကို အခုလို အပြောင်း အလဲ လုပ်နေတာ ကလဲ အသင်း 
အောင် မြင် ဖို့ ရှေးရှူ နေတာ ကိုလဲ ကျွန်တော် သိပါတယ်။ ရီးရဲလ် မက်ထ
ရစ် အသင်း ကစား သမား အနေနဲ့ ကျွန်တော့ အတွက် ခက်ခဲ တဲ့ အချိန် 
တွေ အများ ကြီး ရှိခဲ့ ဖူးပါတယ်။ ဒါပေမဲ့ ရီးရဲလ် မက်ထရစ် ဆိုတဲ့ ခမ်းနား
ကြီး ကျယ်တဲ့ ကလပ် တခု ရဲ့ အစိတ် အပိုင်း တခုအနေ နဲ့ ပါဝင် ခဲ့ တာက
ဘဲ ကျွန်တော် ဘ၀ တခု လုံးမှာ ကောင်း မွန် တဲ့ အမှတ် ရစရာ တခု အဖြစ် 
ရှိ နေမှာပါ။

နောက်ဆုံး အနေ နဲ့ ကျွတော့ ရဲ့ အသင်း ဖော် တွေ ၊ နည်း ပြ တွေ ၊ ၀န်ထမ်း
တွေ နဲ့ ဥက္ကဌ ကြီး ဖလော်ရင် တီနို ပီရက်စ် ၊ နောက်ပြီး ကျွန်တော့ ကို လေး
နှစ် တာ အားပေး ခဲ့ ကြတဲ့ ရီး ရဲလ် မက်ထရစ် ပရိတ် သတ် တွေကို ကျွန်
တော် ကျေးဇူး အထူး တင်ရှိ ကြောင်း ပြောလိုက် ပါရစေ ခင်ဗျာ။

ဟာ လား မက်ဒ ရစ် 

ကာကာ။
_______________________×____________________________

#DR17[www.football-cafe.com]

Football Café
 
Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...