Ads (728x90)


ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် လာမည့် စက်တင်ဘာ ၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည့် ၂၀၁၃ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် AFF Women's AYA Bank Championship 2013 ပြိုင်ပွဲအတွက် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း လူစာရင်း ကို နည်းပြ အဖွဲ့က ထုတ်ပြန် ကြေညာ လိုက်ပြီ ဖြစ်သည်။ မြန်မာ အသင်းတွင် ပြီးခဲ့သည့် အာရှ ခြေစစ်ပွဲအောင် အသင်းမှ အမာခံ ကစားသမား များကို အခြေခံ ထားပြီး ကစားသမား စုစုပေါင်း ၂၀ ဦး ပါဝင်သည်။
မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် အဖွင့် ပွဲစဉ်အဖြစ် စက်တင်ဘာ ၁၀ ရက်နေ့တွင် လာအို အသင်းနှင့် စတင် ယှဉ်ပြိုင် ရမည် ဖြစ်သည်။ မြန်မာ အမျိုးသမီး အသင်း အနေဖြင့် ပြီးခဲ့သည့် ၂၀၁၁ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲ၊ ၂၀၁၂ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲတို့တွင် ၂ နှစ်ဆက် ဒုတိယ ငွေတံဆိပ်ဆု သာရရှိခဲ့ပြီး ယခုနှစ် ပြိုင်ပွဲတွင် မိမိ ပရိသတ် ရှေ့မှောက်တွင် ၂၀၀၇ ခုနှစ်ပြိုင်ပွဲ ကဲ့သို့ အနိုင်ရ ဗိုလ်စွဲရေး အတွက် ကြိုးပမ်း ပြင်ဆင် လျက်ရှိသည်။
မြန်မာ အသင်း ပွဲစဉ်များအား Channel 7 နှင့် For Sports ရုပ်သံလိုင်း တို့တွင် တိုက်ရိုက် ပြသသွားမည် ဖြစ်ပြီး ဗိုလ်လုပွဲကို For Sports နှင့် Channel 7  တတိယ နေရာ လုပွဲကို For Sport နှင့် MRTV 4 ၊ မြန်မာ အသင်း ပွဲစဉ်မဟုတ်သည့် အခြား ပွဲစဉ်များ အားလုံးကို For Sports ရုပ်သံလိုင်း တို့တွင် တိုက်ရိုက် ပြသသွားမည် ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း
အသင်းအုပ်ချုပ်သူ- ဒေါ်မြတ်မြတ်ဦး
နည်းပြချုပ်- ကုမာဒါ
လက်ထောက်နည်းပြ- သက်သက်ဝင်း
ဂိုးနည်းပြ- ကိုကိုအောင်
စကားပြန်-ဦးဝင်းထွန်း
အသင်းဆရာဝန် -ဒေါက်တာ ခင်စောဦး
အကြောပြင် - ချောစုစုလှိုင်

ဂိုး- မေခင်ယမင်း၊ မြဖူးငုံ
နောက်တန်း- မိုးမိုးဝါ၊ စန်းစန်းမော်၊ မြင့်မြင့်အေး၊ ခင်သန်းဝေ၊ ဖူးပွင့်ခိုင်၊ ဇင်မာဝင်း၊ ရွှေစင်အောင်၊ သီတာဦး၊ ဇာခြည်ဦး၊ ဝေေ၀အောင်
အလယ်တန်း- နီလာမြင့်၊ ခင်မိုးဝေ၊ သန်းသန်းထွေး၊ နန်းကြေးငုံ
ရှေ့တန်း- ခင်မာလာထွန်း၊ မာဂရက်မေရီ၊ ရီရီဦး၊ နော်အားလို ၀ါးဖော

မြန်မာအသင်း ပွဲစဉ်များ
စက်တင်ဘာ ၁၀ ရက်နေ့ (၃း၃၀)နာရီ    မြန်မာ-လာအို
စက်တင်ဘာ ၁၄ ရက်နေ့ (၇း၃၀)နာရီ    မြန်မာ-ဖိလစ်ပိုင်
စက်တင်ဘာ ၁၆ ရက်နေ့ (၃း၃၀)နာရီ    မြန်မာ-အင်ဒိုနီးရှား
စက်တင်ဘာ ၁၈ ရက်နေ့ (၇း၃၀)နာရီ    မြန်မာ-ဂျပန် ယူ-၂၃

မှတ်ချက်။ ပွဲစဉ်များ အားလုံး သုဝဏ္ဏကွင်းတွင် ကျင်းပမည် ဖြစ်ပြီး ပထမပွဲ ညနေ ၃း၃၀ နာရီနှင့် ဒုတိယပွဲ ည(၇း၃၀)နာရီ
မှတ်ချက်။ ပွဲစဉ်များ အားလုံး သုဝဏ္ဏကွင်းတွင် ကျင်းပမည် ဖြစ်ပြီး ပထမပွဲ ညနေ ၃း၃၀ နာရီနှင့် ဒုတိယပွဲ ည(၇း၃၀)နာရီ


  • Created on Monday, 02 September 2013 16:36
  • Written by Okocha

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...