အဆင့်မြင့် နည်းပညာများ အသုံးပြု၍ ထုတ်လုပ်ထားပြီး မြန်မာစာစနစ် ပထမဆုံး ထည့်သွင်း အသုံးပြုထားသော LG စမတ်ဖုန်း LG Optimus G Pro ကို မြန်မာနိုင်ငံတွင် သြဂုတ်လ ၁၀ ရက်နေ့၌ စတင်ရောင်းချမည် ဖြစ်ကြောင်း LG Electronics ထံမှသိရသည်။
အဆိုပါဖုန်းသည် ၂၀၁၃ ခုနှစ်၏ အကောင်းဆုံး 4G LTE ဆု ရရှိထားပြီး ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကိုရီးယားနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ကာ ယခုအခါ မြန်မာနိုင်ငံတွင် အလုံးရေ ၅၀၀ ကျော် စတင် ရောင်းချမည်ဖြစ်ပြီး ရောင်းအားပေါ်မူတည်၍ ထပ်မံတင်သွင်းမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
“LG ရဲ့ Optimus G Pro ကို အာရှဈေးကွက်အတွင်းမှာ အောင်မြင်နိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်” ဟု LG Electronics Mobile Communication ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Dr.Jong-seok Park က ပြောကြားသည်။
၁၃ မဂ္ဂါပစ်စယ် ကင်မရာ ပါဝင်သော အဆိုပါဖုန်းကို ၆၂၉,၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး လူကြီးမင်း၊ Technoland၊ Unique, Phone Corner၊ E-City, Best One, Mr.Fone, ICE, Hello Mobile, Do Co Mo, Touch Mobile ဖုန်းဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
LG Electronic ကုမ္ပဏီက အောက်တိုဘာလအတွင်း နောက်ဆုံးထုတ် LG G2 အမျိုးအစား ဖုန်းများကိုလည်း မြန်မာနိုင်ငံသို့ တင်သွင်းရန် စီစဉ်နေကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
“မြန်မာစာစနစ်ပါတယ် ဆိုပေမယ့်လည်း မြန်မာစာစနစ်ပါတဲ့ ဖုန်းတွေက ဈေးတော်တော်မြင့်တယ်။ မပါရင်လည်း ဒီအတိုင်းအပြင်မှာ ထည့်လို့ရနေတာပဲ။ မြန်မာစာစနစ်ပါတာ မပါတာထက် ဈေးနှုန်းက ပိုအရေးကြီးတယ်” ဟု Star မိုဘိုင်းလ်ဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။
လက်ရှိအချိန်တွင် မြန်မာစာစနစ် ထည့်သွင်းပေးထားသော HTC Butterfly ခြောက်သိန်းနီးပါး၊ HTC One ခြောက်သိန်းခွဲခန့်၊ JAS 6 တစ်သိန်းကျော်သည့် စမတ်ဖုန်းများ ဈေးကွက်အတွင်း ရောင်းအား အသင့်အတင့် ရှိကြောင်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များထံမှ သိရသည်။The Voice | 9-8-2013 |
Advertiser
Related Posts
- Aung Kyaw Soe28 Oct 2016Telenor SIM Card Online Registration Tutorial - Telenor ဆင်းကတ်မှတ်ပုံတင်ရန်(တင်နည်း)
ဒါကတော့ Telenor SIM Card ကို Online ကနေ မှတ်ပုံတင်နည်း လေးပဲဖြစ်ပါတယ် ပထမဦးဆုံးအနေနဲ့  မှတ်ပုံတ...
- Aung Kyaw Soe15 Sep 2017မိမိနေအိမ်ကို မီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် အမျိုးသားကို ဖမ်းမိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၂) ရပ်ကွက်တွင် စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိ...
- Aung Kyaw Soe15 Sep 2017ဂျပန်ကျွန်းကို မြှုပ်ပစ်ပြီး အမေရိကန်ပြည်ထောင်စုကို ပြာကျအောင် လုပ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်ပြန်
မြောက်ကိုရီးယားနိုင်ငံအပေါ် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့် ဒဏ်ခတ်အရေးယူမှုများ ထွက်ပေါ်လာအောင...
- Aung Kyaw Soe15 Sep 2017ကိုဖီအာနန် ကော်မရှင် အကောင်အထည်ဖော်ရေးအဖွဲ့ ရခိုင်မြောက်ပိုင်းသို့ ကွင်းဆင်းမည်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်...
- Aung Kyaw Soe15 Sep 2017ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အဖွဲ့တခုသည် လာမည့် အပတ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ဒေသသို့ ကွင်းဆင်း လေ့လာမှုများ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့အတွင်း YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ အားလုံး စက်တင်ဘာလ ၃၀...
- Aung Kyaw Soe15 Sep 2017မူးယစ်ဆေးဝါး ဝင်ဖမ်းသည့်ရဲ ဓားဖြင့် ဝိုင်းခုတ်ခံရ
သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၊ ရထားလမ်းဘေး ကျူးကျော်တဲတွင် စက်တင်ဘာလ ၁၂ ရက် ည ၁၂...
- Aung Kyaw Soe15 Sep 2017ရန်ကုန်မြို့လယ်က ရတနာဆိုင် လုယက်ခံရ
ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းအနီး မဟာဗန္ဓုလလမ်းတွင် ဖွင့်လှစ်ထားသည့် Diamond 54 ရတနာဆိုင်တွင် ယနေ့ ...
- Aung Kyaw Soe09 Jun 2017ဇွန်လ ၃၀ ရက်(30.6.2017)နေ့ အထိ မှတ်ပုံမတင်ရသေးတဲ့ SIM Card များကို အပြီးပိတ်သိမ်းမည်
ဒီနေ့ Telonor ( တယ်လီနောလ် ) ကတော့ ဆင်းကတ်တွေကို ဘယ်နေ့ မှာ နောက်ဆုံးထားပြီး မှတ်ပုံတင်ရမှာဖြစ်ပြ...
Subscribe to:
Post Comments (Atom)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။