Ads (728x90)


=====================
ဧရာ ၀တီ မြစ် အလယ်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ မြစ်ရေတွေ တိုးလာနေတယ်လို့ ဆရာ ဒေါက်တာထွန်းလွင်က သတိပေးလာပါတယ်။
အားလုံးသတိရှိဖို့ ဖြစ်ပါတယ်။ ခုလို ပြောပြပေးတဲ့ ဆရာ ဒေါက်တာထွန်းလွင် ကို အထူးကျေးဇူးတင်ရှိပါတယ်။
မြန်မာနိုင်ငံ ဧရာဝတီမြစ်ရိုးတလျှောက် မိုးသည်းထန်ခဲ့တဲ့အတွက်
ဧရာဝတီမြစ်ရေတွေ တိုးလာနေပါတယ်။
Weather News Update
10-8-2013
9:44 am

(၁) (၉-၈-၂၀၁၃)ရက် ညန်းကောင်ယံအချိန် နာဆာဂြိုဟ်တုများမှ တိုင်းတာချက် အရ ရေဖုံးလွှမ်းမှုအန္တရာယ် ကြုံတွေ့ နေရတဲ့ ဒေသတွေ တိုးလာနေတာကိုတွေ့ လာရပါတယ်။ ထူးခြားတာကတော့ အဲဒီတိုးလာတဲ့နေရာ ဒေသတွေ အားလုံးဟာ ဧရာဝတီမြစ်ကြောင်းတလျှောက် ဖြစ်နေပါတယ်။ ဧရာဝတီမြစ်အထက်ပိုင်း၊ အလယ်ပိုင်း နဲ့အောက်ပိုင်း အားလုံးပါနေပါတယ်။

(၂) (၉-၈-၂၀၁၃)ရက် ညန်းကောင်ယံအချိန် နာဆာဂြိုဟ်တုများမှတိုင်းတာချက်အရ ဧရာဝတီမြစ်အထက်ပိုင်း၊ အလယ်ပိုင်း နဲ့အောက်ပိုင်း အားလုံး ရေဖုံးလွှမ်းမှုအန္တရာယ် ကြုံတွေ့နေရတဲ့ ဒေသတွေ တိုးလာနေတာကိုတွေ့လာရပါတယ်။ ထူးခြားတာ ကတော့ အဲဒီတိုးလာတဲ့နေရာဒေသတွေအားလုံးဟာ ဧရာဝတီမြစ်ကြောင်း တလျှောက် ဖြစ်နေပါတယ်။

(၃) ရေဖုံးလွှမ်းခံရမှုအန္တရာယ်တွေကြုံတွေကလာရတဲ့ဒေသတွေကတော့
ဗန်းမော်၊ ကသာ၊ စစ်ကိုင်း(မုံရွာ) ၊ မင်းဘူး၊ ပြည်၊ ဟင်္သာတ၊ (ပဲခူး၊ ရန်ကုန်) မြို့နယ်တွေ ဖြစ်ကြပါတယ်။ ပဲခူး နဲ့ရန်ကုန်(မင်္ဂလာဒုံ)
ဒေသတွေဟာ ရေဘေးအန္တရာယ် ကြုံတွေ့နှိုင်မှု အမြင့်မားဆုံး ဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင်
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...