Ads (728x90)

စမတ်အသုံးပြုသူများ လိုက်နာကျင့်သုံးသင့်သော အချက်၅ချက်။
-----------------------------------------------------------------------

မိသားစု၊ဆွေမျိုးနဲ့ သူငယ်ချင်းတွေနဲ့  ရောက်လေရာမှာ အလွယ်တကူ ဆက်သွယ်ဖို့ စမတ်ဖုန်းတွေက အရမ်းအသုံးဝင်လာပါတယ်။ ဒီလိုကောင်းကျိုးတွေရလာနေချိန်မှာ စမတ်ဖုန်းတွေကို အကျိုးဆုတ်ယုတ်စေတဲ့နေရာမှာ အသုံးမပြုသင့်ပါဘူး။

၁) အသိစိတ်နှင့် Silent Mode ထားရှိပေးပါ။

ရုပ်ရှင်ရုံမှာ ရုပ်ရှင်ပြသနေချိန်အတွင်း ရုတ်တရက်ဖုန်းမြည်တဲ့အသံအတွက်ကြောင့် စိတ်ရှုပ်ဖူးပါသလား။ ဒါမှမဟုတ် ဆေးရုံထဲမှာ မသိတတ်သူတချို့ရဲ့  ဆူညံကျယ်လောင်တဲ့ ringtone ကြောင့် စိတ်ပျက်ဖူးပါသလား။ ဒီလို အခြေအနေအချိန်အခါတွေကို နားမလည်တတ်တဲ့သူတို့ကြောင့် စိတ်ရှပ်လာနိုင်ပါတယ်။ အများပြည်သူဆိုင်ရာနေရာများမှာ သင်ရဲ့ ဖုန်းကို ပိတ်ထားခြင်း ဒါမှမဟုတ် silence mode တွေပြုလုပ်ထားသင့်ပါတယ်။ အထူသဖြင့် ရုပ်ရှင်ရုံနဲ့  ဆေးရုံလို နေရာတွေမှာ အလိုက်သသိနဲ့ သင့်ရဲ့ လက်ကိုင်ဖုန်းတွေကို silence mode အဖြစ်ထားရှိပေးသင့်ပါတယ်။

၂) မလိုအပ်လျှင် ဖုန်းကို တစ်ချိန်လုံး မျက်နှာနှင့်မခွာ မသုံးပါနှင့်။

ညစာစားပွဲတွေရဲ့  ထမင်းစားချိန်မှာ ဖုန်းသုံးမိရင် လူကြီးအသိုင်းအဝိုင်းတွေရဲ့  ဆူပူကြီမ်းမောင်းမှုတွေကို ကြုံဖူးကြမယ်ထင်ပါတယ်။ ဒါက ဆူပူကြိမ်းမောင်းသူရဲ့ အပြစ်မဟုတ်ပါဘူး။ လူပုံအလယ်မှာ ဖုန်းတစ်လုံးနဲ့  အလုပ်ရှပ်နေတာက ရိုင်းစိုင်းရာရောက်ပါတယ်။ ဒီ့အပြင်လည်း ဖုန်းတစ်ဖက်နဲ့  အစာစားရင်လည်း သင့်ကို အ၀လွန်စေနိုင်ပါတယ်။

၃) လမ်းလျှောက်ရင်း text မလုပ်ပါနှင့်။

လမ်းလျှောက်ရင်း ဖုန်းမသုံးသင့်ပါဘူး။ ဥပမာ သင့်ချစ်သူနှင့်လမ်းလျှောက်ရင်း text မလုပ်သင့်ပါဘူး။ ဒီလို အကျင့်ရှိနေရင် ဖျောက်သင့်ပါတယ်။ အထူးသဖြင့် ကားလမ်းဖြတ်ကူးနေချိန်တွေမှာ text မလုပ်ပါနဲ့ ။ အန္တရာယ် အရမ်းများပါတယ်။ သင့်လက်ထဲက ဖုန်းကိုသုံးမယ့်အစား ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ရှခင်းတွေးကိုလေ့လာကြည့်ရှုတာက ပိုပြီးအန္တရာယ်ကင်းပါတယ်။

၎) သန့် စင်ခန်းတွေမှာ ဖုန်းမသုံးပါနှင့်။

သန့်စင်ခန်းတွေထဲမှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒီပိုးမွားတွေက ကပ်ပါးပိုးတွေဖြစ်ပြီး သင်ရဲ့  ဖုန်းပေါ်မှာ ကပ်တွယ်ပြီးပါလာနိုင်တာကြောင့်မို့ လို့  အိမ်သာတွေထဲမှာ ဖုန်းပြောခြင်းမပြုလုပ်ကြပါနဲ့ ။

၅) ဖုန်းကို အကြောင်းပြချက်အဖြစ် မထားပါနှင့်။

အကယ်လို့ သင်က ပျင်းစရာကောင်းတဲ့ စကားဝိုင်းတစ်ခုထဲရောက်နေခဲ့ရင်တောင် ဖုန်းသုံးချင်ယောင်ဆောင်ပြီး စိတ်မဝင်စားတော့တဲ့ အမူအရာမျိုးတွေ မပြုလုပ်သင့်ပါဘူး။ ဒီလိုလုပ်မယ့်အစား ဒီစကားဝိုင်းကို ပိုပြီး စိတ်ဝင်စားလာအောင် ဦးဆောင်ပြီး စကားအစပျိုးပေးသင့်ပါတယ်။ မသိတဲ့ နေရာစိမ်းတွေကိုရောက်သွားရင်လည်း ဖုန်းနဲ့ အချိန်ကုန်နေမယ့်အစား ပတ်ဝန်းကျင်မှာရှိတဲ့ နေရာသစ်တွေကို ကောင်းကောင်းလေ့လာရင် သင့်အတွက်ပို အကျိုးရှိမှာပါ။

http://www.mensxp.com/technology/phones/9337-5-smartphone-ethics-you-should-follow.html မှ ဘာသာပြန် တင်ဆက်ထားပါသည်။

“Smartphone as Child Toy” © 3rd October 2012 Intel Free Press, used under a Creative Commons Attribution-ShareAlike license:http://creativecommons.org/licenses/by/2.0/deed.en

Credit to -- mspiral creative media

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...