Ads (728x90)

 Photo: ခိုးမှုဖြင့်ဖမ်းဆီးထားသူများအားစစ်ဆေးရာမှ ခိုးမှု(၂)မှုထပ်မံ
ဖော်ထုတ်ရရှိ

ရန်ကုန်၊ သြဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ 
လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့မရဲစခန်း
(ပ) ၂၈၀/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်ဖမ်းဆီးစစ်ဆေးလျက်ရှိသည့်  ချမ်းငြိမ်းမောင်(ခ)ငြိမ်းမောင်(ဘ) ဦးကျော်မြင့်၊ (၆)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ချစ်မျိုးဇော်(ခ) အခြောက်မ(ဘ)ဦးလှချစ်၊
ရွှေလင်ဗန်းကျေးရွာ၊ လှိုင်သာယာမြို့နယ်နှင့် ဇေယျာမိ(ခ)
ချမ်းငြိမ်းအောင် (ဘ)ဦးကျော်မြင့်၊ အင်းလျားချောင်ကျေးရွာ
ကော့မှူးမြို့နယ်နေသူတို့အား အခြားခိုးမှုများနှင့် ပတ်သက်၍ ဆက်လက်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ချမ်းငြိမ်းမောင် နှင့် ချမ်းငြိမ်းအောင်တို့(၂)ဦးသည် ၂၁.၇.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ န၀ဒေးအိမ်ယာရှိ နေအိမ်တစ်အိမ်၏ ဧည့်ခန်းစားပွဲပေါ်တွင်
တင်ထားသော အနက်ရောက်လွယ်အိတ်အတွင်းမှ
ငွေကျပ်(၇၀၀၀၀)အားခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့(၂)ဦးအား လှိုင်သာယာမြို့မရဲစခန်း(ပ) ၅၈၉/၂၀၁၃၊ 
ပုဒ်မ ၃၈၀/၅၄ဖြင့်လည်းကောင်း၊ ချမ်းငြိမ်းအောင်နှင့်
ချစ်မျိုးဇော်တို့(၂)ဦးသည် ၂၀၁၃ခုနှစ် (၆)လပိုင်းအတွင်းက လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်၊ ရွှေဘုံသာအိမ်ယာဝင်းအတွင်းရှိ
နေအိမ်တစ်အိမ်မှ အမေရိကန်ဒေါ်လာ (၅၀၀)အား ခိုးယူခဲ့ပြီး
ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့(၂)ဦးအား
လှိုင်သာယာမြို့မရဲစခန်း(ပ)၈၈၁/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့်
လည်းကောင်း အမှုများဖွင့်ကာ သက်သေခံပစ္စည်းများပြန်လည်
သိမ်းဆည်းခဲ့ပြီး အရေးယူဆောင်ရွက်ထားရှိကြောင်း
သတင်းရရှိပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...