Ads (728x90)



ကာရန်တွေနဲ့  ငါ့ ဘ၀ကို
ကဗျာစပ်ကြည့် မိတယ်
အဆီအငေါ်တွေကလဲမတည့် ဘူး
ဟူး.... ရင်မောစရာတွေချည်းပဲ...

အနာဂတ်ဆိုတာ မရေရာဘူး
ပစ္စုပ္ပါန် အချိန်ကအကောင်းဆုံးပဲတဲ့ 
စဉ်းစားဆင်ခြင်နိုင်ဖို့ ခေါင်းထဲမှာဘာမှမရှိ
အတိတ်ကိုခနမျှော်ကြည့် တယ်
ငါလျှောက်ခဲ့ တဲ့ လမ်းအထင်းသားပဲ...

တချိန်တုန်း .. ...
စိတ်ကူးယဉ်အိမ်မက်တွေမက်
အနာဂတ်ကိုမျှော်ကြည့် 
ပစ္စုပ္ပါန်မှာအကောင်းဆုံးအဖြစ်
ငါကြိုးစားလုပ်ခဲ့ ဘူးတယ်
အဲ့ ဒီအချိန်တုန်းက ရှေ့ တလှမ်းတို့ ဖို့ 
နောက်ကိုနှစ်လှမ်းဆုတ်တယ်
အတိတ်ကအမှားတွေကိုပြန်ကြည့် 
မနက်ဖြန်အတွက် ဒါတွေကလှေကားထစ်လို့ 
ငါသတ်မှတ်ခဲ့ ဘူးတယ်
ငါ့ ဘ၀နဲ့ ငါပျော်စရာတွေအတိနဲ့ ....

တစ်နေ့ ....
မထင်မှတ်ပဲ ချောက်ကမ်းပါထဲ
ငါ့ ဘ၀ ထိုးကျသွားခဲ့ ရတယ်
အမှောင်တခနဖုံးသွားခဲ့ တာပဲ
အလင်းရောင်ပြန်တွေ့ ပေမယ့် 
အတိတ်ဆိုးတွေနဲ့ အရိပ်မဲတွေ
ငါ့ နောက်မှာတကောက်ကောက်
လိုက်နှောက်ယှက်နေတုန်းပဲ
အဲ့ ဒါငါ့ အမှားတွေကြောင့် မဟုတ်ဘူး
ကံကြမ္မာ ၀ဋ်ကြွေးကြောင့် 
ငါပေးဆပ်ခဲ့ ရတယ်ထင်ပါတယ်...
ငါဟာ...
အမြဲတမ်းခေါင်းမော့ မနေပေမယ့် 
ခေါင်းလဲငုံ့ မနေခဲ့ ပါဘူး
ဒါပေမယ့် ...
ခုချိန်မှာငါ့ ခေါင်းကငိုက်စိုက်ပဲ
ပြန်မတ်ပြီးခေါင်းမော့ ဖို့ 
အားအင်ခန်းခြောက်နေတယ်...

ဘ၀ဆိုတာ တိုက်ပွဲတဲ့ ....
ငါမသိတာမှမဟုတ်တာ
သိပါတယ် ဘယ်တော့ မှ
ငါအရှုံးမပေးဘူး
ရှိရှိသမျှအားအင်တွေနဲ့ 
ခေါင်းမော့ ရင်ကော့ ပြီးနေနိုင်အောင်
ကြိုးစားမှာပါ ဘယ်တော့ မှ
ငါ....အပြုံးမပျက်ပါဘူး....။

10.8.2013
11:45 AM 


http://for-poem.blogspot.com/2013/08/108.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...