Ads (728x90)



ရန်ကုန်၊ သြဂုတ် ၉

၅.၈.၂၀၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊
(၂၄) ရပ်ကွက်နေ ဦးသက်ကိုကို၊ (ဘ)ဦးရဲမြင့်သည် ဇနီးဖြစ်သူနှင့်အတူနေအိမ်မှ သူငယ်ချင်းဖြစ်သူဦးသန်းရွှေ၏အငှားယာဉ် ၄က/----စူပါဆလွန်းဖြင့် အလုပ်သို့သွားခဲ့ရာ ပုဇွန်တောင်မြို့နယ်၊ အနော်ရထာလမ်းအရောက် ယာဉ်အားခေတ္တရပ်၍ (၃)ဦးအတူ လပ်ကီးဆဲဗင်းလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် ၀င်သောက်ခဲ့
ကြပြီးနောက် ရပ်ထားသည့်ယာဉ်ရှိရာသို့ပြန်လာရောက်ရှိစဉ် ယာဉ်၏နောက်ခန်း တံခါးမှာပွင့်နေပြီး ၎င်းထားခဲ့သော အနက်ရောင်
လက်ကိုင်အိတ်မှာပျောက်ဆုံးနေကြောင်း၊ အိတ်အတွင်းတွင်
ခေါက်ပိုက်ဆံအိတ်တစ်လုံးနှင့်ငွေ(၁)သိန်းကျော်ခန့်၊ နိုင်ငံသား
စိစစ်ရေးကဒ်မူရင်း၊ နိုင်ငံကူးလက်မှတ်စာအုပ်မူရင်း ၊ မြန်မာနိုင်ငံ
အင်ဂျင်နီယာအသင်းဝင်ကဒ်ပြား၊ ကမ္ဘောဇဘဏ်ချက်လက်မှတ်စာအုပ်
တစ်အုပ်၊ မြေချပါမစ်မူရင်းနှင့်စာချုပ်စာတမ်းများ၊ GSM ဆင်းကဒ်ပါ SAMSUNG ဖုန်းတစ်လုံး၊ CDMA ဆင်းကဒ်ပါ HUAWEI ဖုန်းတစ်လုံး၊ အခြားစာရွက်စာတမ်းများနှင့်သော့တွဲများ ပါရှိသွားကြောင်းကို စုံစမ်းအရေးယူပေးရန်တိုင်ကြားခဲ့သဖြင့် ပုဇွန်တောင်မြို့မရဲစခန်း (ပ)၁၇၁/၂၀၁၃၊ ပုဒ်မ၃၇၉ ဖြင့် ၅.၈.၂၀၁၃ ရက်နေ့တွင်အမှုဖွင့်စုံစမ်း
ဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍စုံစမ်းဆောင်ရွက်နေစဉ်အတွင်း ၆.၈.၂၀၁၃ရက်နေ့ ၁၇၀၀ အချိန်တွင် ၎င်းအမှုအားတိုင်ကြားခဲ့သူ ဦးသက်ကိုကိုမှ
ပျောက်ဆုံးသွားသော အိတ်နှင့်ပါသောပစ္စည်းများအား ၎င်း၏နေအိမ်၌
ပြန်လည်တွေ့ရှိကြောင်းကို ပုဇွန်တောင်မြို့မရဲစခန်းသို့ စာဖြင့်အကြောင်းကြားလာခဲ့၍ ပုဇွန်တောင်ရဲစခန်းတပ်ဖွဲ့ဝင်များမှ ၎င်း၏နေအိမ်သို့ သွားရောက်စစ်ဆေးအတည်ပြုခဲ့ရာ
နေအိမ်အပေါ်ထပ်ဘီဒိုအတွင်းမှ ပြန်လည်တွေ့ရှိခဲ့ကြောင်းအတည်ပြ
ရရှိခဲ့ပါသည်။

ပစ္စည်းပျောက်ဆုံးသည်ဟု တိုင်ကြားခဲ့သူ ဦးသက်ကိုကိုအားမေးမြန်ရာ ၎င်းသည် ယခင်က အဆိုပါအိတ်အား နေအိမ်အောက်ထပ်
စားပွဲပေါ်တွင်သာထားလေ့ရှိကြောင်း၊ မပျောက်မီညက နေအိမ် အပေါ်ထပ်သို့ယူဆောင်အလုပ်လုပ်ကိုင်ပြီးဘီဒိုအတွင်းထားမိခဲ့ကြောင်း၊ ထိုသို့ထားရှိခဲ့သည်ကို နံနက်အလုပ်သို့သွားချိန်တွင် ယူဆောင်ရန်
မေ့လျော့ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ဖက်ရည်သောက်ပြီး ပြန်လာစဉ်
နေအိမ်ကတည်းက အိတ်ပါမလာသည်ကို သတိမထားမိဘဲ
ပျောက်ဆုံးသည်အထင်နှင့် တိုင်ကြားခဲ့ခြင်းသာဖြစ်ကြောင်း
သိရှိရပါသည်။


By :

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...